Project ထည့်သွင်းဖော်ပြပုံနည်းလမ်း
Project စတင်ဖို့အတွက် အောက်ပါအဆင့်ငါးဆင့်ကို လုပ်ဆောင်ပေးလျှင် လျှောက်လွဲတင်ခြင်း ပြီးမြောက်မှာဖြစ်ပါတယ်။ အောက်ပါတို့မှာ
- 1. လက်တွေ့ကျကျ လုပ်ထုံးလုပ်နည်း
- 2. ငွေသွင်းနှုန်းထားနှင့်ပတ်သက်၍(သတ်မှတ်ချိန်အတွင်းဖြစ်ပြီး ဂျပန်မှာဈေးအသက်သာဆုံး နှုန်းထားဖြင့်စီစဉ်ပေးမည်ဖြစ်ပါသည်။)
- 3. စုံစမ်းမေးမြန်းရန် နှင့်ပတ်သက်၍ သေချာစွာရှင်းလင်းတင်ပြပါရစေ။
1. လက်တွေ့ကျကျ လုပ်ထုံးလုပ်နည်း

1. START A CAMPAIGN ကို နှိပ်ပါ

2. Login ပြုလုပ်နည်း
- (1) Login (အရင်က registerလုပ်ထားဖူးတဲ့အခြေအနေမျိုးမှာ)
- (2) အသင်းဝင်အသစ် စာရင်းသွင်းခြင်း

(1) Login
① အရင်က suseeyar မှာ အီးမေးလ်လိပ်စာနဲ့ စာရင်းသွင်းဖူးတဲ့သူသည် ဒီနေရာမှာ email address နဲ့ passwordကိုထည့်သွင်းပြီး အစိမ်းရောင် 「LOGIN NOW」ကိုနိုပ်ပေးပါ။
② နောက်တခုက Facebookနဲ့ စာရင်းသွင်းထားဖူးတဲ့သူက အောက်က အပြာရောင် 「LOGIN WITH FACEBOOK ACCOUNT」ကိုနိုပ်ပါ
(2) အသင်းဝင်အသစ်စာရင်းသွင်းခြင်း
①Mail address နဲ့စာရင်းသွင်းတဲ့အခါမှာတော့
- - နာမည်ကို full name ဖြင့်
- - Mail address
- - Password
- - Password နောက်တကြိမ်ထည့်ပြီး သေချာအောင်စစ်ဆေးပါ
②Facebookဖြင့်စာရင်းသွင်းသည့်အခါ အပြာရောင် 「LOGIN WITH FACEBOOK ACCOUNT」မှစာရင်းပေးသွင်းပါ

3. Campaing လျှောက်လွာပုံစံ

① ဘာသာစကား
Project မှာထည့်ချင်တဲ့ ဘာသာစကားကိုအမှန်ခြစ်☑ကိုထည့်ပေးပါ။(ကျွမ်းကျင်မှုပေါ်မူတည်ပြီး ဂျပန်ဘာသာ၊အင်္ဂလိပ်ဘာသာ၊မြန်မာဘာသာကိုရွေးချယ်လို့ရပါတယ်
② ခေါင်းစဉ်
ရှင်းရှင်းလင်းလင်းပြောချင်တဲ့ Pointကို နားလည်ရန်လွယ်ကူစွာထည့်ပေးပါ။ ဥပမာ:လူငယ်များအတွက်ရည်ရွယ်တဲ့ငြိမ်းချမ်းသောပညာရေးအစီအစဉ်မှာပါဝင်လှုဒါန်းစေချင်ပါတယ်။
③ အကြမ်းဖျင်းရှင်းလင်းချက်
Projectရဲ့အကြမ်းဖျင်းရှင်းလင်းချက်ကိုထည့်သွင်းဖော်ပြပေးပါ
ဥပမာ
- ・ Project ထည့်သွင်းသူ၏ရှင်းပြချက်(တရားဝင်လူမှုကွန်ရက် SNSအကောင့်Linkကိုထည့်သွင်းပေးပါ။)
- ・ Project ထည့်သွင်းရခြင်းရည်ရွယ်ချက်
- ・ ရန်ပုံငွေအသုံးပြုမှုစာရင်းဇယားအသေးစိတ်,အသုံးပြုသည့်နေရာ
(လှူဒါန်းသူကိုရန်ပုံငွေလိုအပ်ချက်ကိုသိစေဖို့အတွက် အသေးစိတ်တင်ပြပေးပါ။) - ・ မြင်တွေနိုင်မယ့်သတင်းများ (ဓါတ်ပုံတို့Videoတို့)
④ လွယ်ကူသောရှင်းလင်းချက်
Project နှင့်ပတ်သက်၍ ထည့်သွင်းသူနှင့်projectရဲ့ ရည်ရွယ်ချက်ကိုအကျဉ်းချုပ်ပြီးထည့်သွင်းပါ။ ဥပမာ: IFP(Initiative for Peace) သည်၂၀၀၁ခုနှစ်တွင် UWC(United World College)ကတည်ထောင်ခဲ့တဲ့ ငြိမ်းချမ်းသောပညာရေးအစီအစဉ်ဖြစ်ပြီး၊ငြိမ်းချမ်းရေးဆိုတာကိုလူငယ်တွေသတိပြုမိလာစေရန်လူငယ်တွေကိုဉီးတည်ပြီးတည်ထောင်ခဲ့ပါတယ်။
⑤ အမျိုးအစား
ဒီအမျိုးအစားတွေမှအသင့်လျှော်ဆုံးအရာကိုရွေးချယ်ရအောင်၊ အဲ့လိုရွေးချယ်ခြင်းအားဖြင့်၊ထိုအမျိုးအစားကိုပိုမိုစိတ်ဝင်စားသူများထံရှောက်ရှိဖို့ဖြစ်နိုင်ချေများပါတယ်။
⑥ ဓါတ်ပုံ
မြင်တွေနိုင်မယ့်သတင်း(Visual information)ကိုမဖြစ်မနေထည့်ရအောင်(စာလုံးနဲ့ပဲဆိုရင် သတင်းကမလေးနက်ပါဘူး ဓါတ်ပုံတို့ videoတို့ကို ထည့်သွင်းပါ။

⑦ သတ်မှတ်ငွေပမာဏTarget Fund
စတင်တဲ့ရက် ပြီးဆုံးတဲ့ရက်နဲ့ပတ်သက်၍ စစ်တမ်းတစ်ခုမှာတော့ ၁လက ရန်ပုံငွေကိုရှာဖို့အကောင်းဆုံးအချိန်လို့ပြောထားပါတယ်။ပျှမ်းမျှကတော့၁လနဲ့ ၂လကြာကြာလောက် ချိန်ပြီးထည့်တာများပေမယ့်လဲ စိုးရိမ်သူတွေကတော့အားမနာပဲဆက်သွယ်ဆွေးနွေးနိုင်ပါတယ်။
⑧ အခြေအနေ
လျှောက်လွှာမတင်မီ,အကြမ်းရေးထားတဲ့အတိုင်းသိမ်းထားလို့ရပါတယ်။အကြမ်းအနေနဲ့သိမ်းထားပြီးတော့အကြိမ်ကြိမ်ပြင်ရေးလို့ရပါတယ်၊မိမိကစိတ်တိုင်းကျတဲ့အခြေအနေမှာလျှောက်လွှာတင်လို့ရပါတယ်။(အကြမ်းရေးထားတာကိုprofileကော်လံမှာကြည့်လို့ရပါတယ်)
⑨ အသုံးပြုမှုစည်းမျဉ်းစည်းကမ်းများ
အသုံးဝင်တဲ့Linkတွေရဲ့ စာရင်းထဲမှာပါဝင်တဲ့ အသုံးပြုမှုစည်မျဉ်းစည်းကမ်းများကို စစ်ဆေးပြီးနောက်ပိုင်း၊သဘောတူလက်ခံတဲ့အခါဒီနေရာကနေအမှန်ခြစ်ကိုထည့်ပေးပါ။
⑩ စာရင်းသွင်းခြင်း
ဉီးစွာ အကြမ်းရေးထားတဲ့အတိုင်း စာရင်းသွင်းပါ။
4. Rewardနဲ့ထိပ်ဆုံးစာမျက်နှာရဲ့အပေါ်ပိုင်းမှာထည့်ထားတဲ့ဓါတ်ပုံနဲ့videoကိုချိတ်ဆက်ခြင်း

Reward နဲ့ဓါတ်ပုံ/videoရဲ့ ကွက်လပ်နေရာကိုဖြည့်ပေးပါ။
Rewards
Project ရဲ့ ရန်ပုံငွေပေါ်မူတည်ပြီးလူအများစုက လက်ခံသဘောတူပေးနိုင်မယ် ဆွဲဆောင်မှုရှိမယ့်Rewardကို သတ်မှတ်ပေးပါ။
ဓါတ်ပုံနှင့် Video
Campaignရဲ့ အသေးစိတ် စာမျက်နှာရဲ့ အပေါ်မှာ ထည့်သွင်းမည့် ဓါတ်ပုံနှင့် Video ကိုထည့်သွင်းပါ။
5. လျှောက်လွှာတင်သွင်းခြင်း

Campaign Details, Rewards, ဓါတ်ပုံနှင့် Videoအဲ့ဒီကွက်လပ်သုံးခုကိုဖြည့်ပြီးရင် Campaign Detailsရဲ့ (Status)ဆိုတဲ့ကွက်လပ်သွားပြီး လျှောက်လွှာတင်သွင်းခြင်းမှာ အမှန်ခြစ်ကိုထည့်ပေးပါ။
လျှောက်လွှာတင်သွင်းပြီးနောက်၊ဒီနေရာမှာ အတည်ပြုစစ်ဆေးခြင်းပြီးတဲ့နောက်မှာ အဆင်ပြေစွာနဲ့ထည့်သွင်းလိုက်ပါပြီး။
(အကောင်းဆုံးProjectဖြစ်ဖို့အတွက် စစ်ဆေးမှုမတိုင်ခင် စစ်ဆေးနေစဉ် အားမနာပဲ ဆက်သွယ်ဆွေးနွေးပါ)
2. ငွေသွင်းနှုန်းထားနှင့်ပတ်သက်၍
ကျွန်တော်တို့ကုမ္မဏီမှာ ဝန်ဆောင်ခသာလျှင်ပေးဆောင်ရမှာဖြစ်ပါတယ်။
① All or nothingပုံစံ (သတ်မှတ်ထားတဲ့ ငွေပမာဏမရောက်ရှိခဲ့လျှင် ,ဝန်ဆောင်ခမလိုအပ်ပါ)
② All in ပုံစံ
ပုံစံအမျိုးအစား၂မျိုးနှင့်ပတ်သက်၍ရှင်းလင်းချက်ကိုအောက်မှာကြည့်ရှုပါ။
All or nothingပုံစံ
ဒီCrowdfunding၂မျိုးရှိပေမယ့် All or nothingပုံစံမှာတော့ Target ငွေပမာဏကိုမရောက်ရှိတဲ့အခါ ဒီမှာကတော့ဝန်ဆောင်ခလုံးဝပေးရန်မလိုအပ်ပါဘူး။ Target ငွေပမာဏကိုရောက်ရှိတဲ့အခါမှာတော့ All in ပုံစံလိုပဲ ဝန်ဆောင်ခကိုသာလက်ခံမှာဖြစ်ပါတယ်။
All in ပုံစံ
ဝန်ဆောင်ခကအောက်မှာဖော်ပြထားသကဲ့သို့siteမှာဖော်ပြသောဘာသာစကားပေါ်မူတည်ပါတယ်။ Project မှာစုဆောင်းရရှိတဲ့ရန်ပုံငွေထဲမှ project စုဆောင်းရရှိငွေ၏ အောက်ပါအချိုးအစားများအတိုင်းပေးဆောင်ရမည်ဖြစ်ပါသည်။
ဘာသာစကား၁ခု Plan : ၁၅% (settlement ဝန်ဆောင်ခ ၅%+ထည့်သွင်းဖော်ပြခ ၁၀%)
ဘာသာစကား၂ခု Plan : ၁၈ % (settlement ဝန်ဆောင်ခ ၅%+ထည့်သွင်းဖော်ပြခ ၁၃%)
ဘာသာစကား၃ခု Plan :၂၀ % (settlement ဝန်ဆောင်ခ ၅%+ထည့်သွင်းဖော်ပြခ ၁၅%)
(ဘာသာစကားသည်ဂျပန် အင်္ဂလိပ် မြန်မာဘာသာစကားထဲမှရွေးချယ်ပါ။)
အနာဂတ်မှာ အထက်ဖော်ပြပါငွေနှုန်းထားဖြစ်ပေမယ့်
ဘာသာစကားအရေအတွက်နှင့်မသက်ဆိုင်ပဲ (ဘာသာစကား၁မျိုး၊၂မျိုး၊၃မျိုးတူညီစွာဖြင့်) စုစုပေါင်း၁၀% (settlement ဝန်ဆောင်ခ ၅%+ထည့်သွင်းဖော်ပြခ ၅%)ဆိုတဲ့ဂျပန်မှာဈေးအသက်သာဆုံးနှုန်းထားဖြင့်စီစဉ်ပေးမည်ဖြစ်ပါသည်။
(ကန့်သတ်ကာလ :၂၀၂၁ခုနှစ်၃လပိုင်းလကုန်အထိ)
※Crowdfundingအမျိုးအစား၂မျိုးမှာ ရန်ပုံငွေအမျိုးအစားနှင့်ပတ်သက်၍ရှင်းလင်းတင်ပြချက်
・All or nothingပုံစံ ဆိုတာဘာလဲ
ထောက်ပံ့မှုငွေပမာဏကသတ်မှတ်ထားတဲ့Targetငွေပမာဏကိုယန်း၁ယန်းပဲဖြစ်ဖြစ် မပြည့်တဲ့အချိန်အားလုံးကိုထောက်ပံ့ပေးသူတွေကိုပြန်တဲ့ပုံစံဖြစ်ပါတယ်။ထောက်ပံ့ငွေကသတ်မှတ်ထားတဲ့Targetငွေပမာဏကိုကျော်သွားတဲ့projectသာလျှင်အောင်မြင်ပြီးတော့ ဝန်ဆောင်ခကိုနှုတ်ပြီးသားငွေပမာဏကို Performer ဆီကို ပေးချေမှာဖြစ်ပါတယ်။
・All inပုံစံဆိုတာဘာလဲ
သတ်မှတ်ထားတဲ့Targetငွေပမာဏပြည့်တာမပြည့်တာနဲ့မဆိုင်ပဲ ၊သတ်မှတ်အချိန်အထိစုထားတဲ့ငွေပမာဏကိုPerformerဆီပေးချေတဲ့နည်းလမ်းဖြစ်ပါတယ်။ထောက်ပံ့ငွေထဲမှ ဝန်ဆောင်ခနှုတ်ထားတဲ့ ငွေကို performerဆီပေးချေပါမယ်။
3. စုံစမ်းမေးမြန်းရန်
မရှင်းလင်းတဲ့အချက်ရှိခဲ့လျှင် အောက်ဖော်ပြပါ Link စုစည်းရာSNSအကောင့်မှတဆင့် စုံစမ်းမေးမြန်းနိုင်ပါတယ်။
စုံစမ်းမေးမြန်းရန် Link: စုံစမ်းမေးမြန်းရန် | Su See Yar
တရားဝင် twitter အကောင့်(ဂျပန်ဘာသာစကား): Twitter | Su See Yar
တရားဝင် facebook အကောင့် (မြန်မာဘာသာစကား): FACEBOOK|Su See Yar