terms_my.php

Terms of Use

အသုံးပြုခြင်းဆိုင်ရာစည်းကမ်းချက်သတ်မှတ်ချက်များ


Aluto Benli Co., Ltd.

စတင်သက်ရောက်သည့်ရက်စွဲ - ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ၊ ၃၀။

မာတိကာ

  1. ၁။ “စုစည်းရာ” ဆိုတာဘာလဲ။
  2. ၂။ လူကြီးမင်း၏အကောင့်နှင့် တာဝန်ရှိမှုများ။
  3. ၃။ ကမ်ပိန်းတစ်ခုပြုလုပ်ခြင်းနှင့် လည်ပတ်ဆောင်ရွက်ခြင်း။
  4. ၄။ ကမ်ပိန်းပြုလုပ်သူများ၏ ဥပဒေအရတာဝန်ရှိမှုများ။
  5. ၅။ ကမ်ပိန်းအား နောက်ခံအထောက်အပံ့ပေးခြင်း။
  6. ၆။ “စုစည်းရာ” ၏ အခန်းကဏ္ဍ။
  7. ၇။ အဖိုးအခများနှင့် အခွန်များ။
  8. ၈။ ဉာဏပစ္စည်း။
  9. ၉။ လူကြီးမင်း၏ဉာဏပစ္စည်း။
  10. ၁၀။ အသုံးပြုသူအကောင့်နှင့်စပ်လျဉ်းသည့် “စုစည်းရာ”၏ အခွင့်အရေးများနှင့် ရပ်စဲခြင်း။
  11. ၁၁။ ငွေပေးချေခြင်းဆိုင်ရာဝန်ဆောင်မှုများ။
  12. ၁၂။ စနစ်ချို့ယွင်းမှုများနှင့် ပြုပြင်ထိန်းသိမ်းခြင်း။
  13. ၁၃။ နစ်နာဆုံးရှုံးမှုလျော်ကြေး။
  14. ၁၄။ အာမခံမှုမရှိခြင်း။
  15. ၁၅။ တာဝန်ရှိမှုအားမသက်ဆိုင်ကြောင်းငြင်းဆိုခြင်း။
  16. ၁၆။ မသက်ဆိုင်ကြောင်းငြင်းဆိုခြင်း။
  17. ၁၇။ အငြင်းပွားမှုဖြေရှင်းခြင်းနှင့် အနုညာတခုံသမာဓိစီရင်ဆုံးဖြတ်ခြင်း။
  18. ၁၈။ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်များ။
  19. ၁၉။ လူကြီးမင်းနှင့် “စုစည်းရာ”အကြားရှိ သဘောတူစာချုပ်အပြည့်အစုံ။
  20. ၂၀။ အထွေထွေ

“စုစည်းရာ”မှ ကြိုဆိုပါတယ်။ ဤဆိုဒ် (ဝက်ဘ်ဆိုဒ်စာမျက်နှာ)နှင့် ဝန်ဆောင်မှုများအား အသုံးပြုခြင်း အားဖြင့် ဤစည်းကမ်းချက်များသည် (အသုံးပြုသူများအပေါ်) စည်းနှောင်မှုရှိမည်ဖြစ်ကြောင်း အသုံးပြုသူ များမှ သဘောတူညီပါသည်။

“စုစည်းရာ” သည် ဤစည်းကမ်းသတ်မှတ်ချက်များ၏ ပြင်ဆင်ချက်ကို (ဆိုဒ်ပေါ်တွင်) လွှင့်တင်ခြင်းဖြင့် မည်သည့်စည်းကမ်းချက်ကိုမဆို ၎င်း၏တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် အချိန်မရွေး ပြင်ဆင်နိုင်သည်။ အခြားနည်းဖြင့် ဖော်ပြထားခြင်း မရှိပါက စည်းကမ်းပြင်ဆင်ချက်များ၏ အာဏာသက်ရောက်သည့် ရက်စွဲပြီးနောက် ဝန်ဆောင်မှုများအား ရယူအသုံးပြုခြင်း သို့မဟုတ် ဆက်လက်အသုံးပြုခြင်းသည် စည်းကမ်း ပြင်ဆင်ချက်များကို လူကြီးမင်းမှ လက်ခံသည်ဟု မှတ်ယူမည်ဖြစ်သည်။

၁။ “စုစည်းရာ” ဆိုတာဘာလဲ။

“စုစည်းရာ” သည် အသုံးပြုသူများ၏ ကိုယ်ပိုင်ကမ်ပိန်းများအတွက် ရံပုံငွေထူထောင်ရန်နှင့် အခြား သူများ၏ ကမ်ပိန်းများတွင် ထည့်ဝင်လှူဒါန်းနိုင်ရန်အလို့ငှာ အွန်လိုင်းရံပုံငွေစုစည်း ရှာဖွေခြင်း ပြုလုပ်ရာ ပလက်ဖောင်းတစ်ခု ဖြစ်သည်။
ကမ်ပိန်းပြုလုပ်သူများသည် ထည့်ဝင်လှူဒန်းသူများမှ လှူဒါန်းသည့်ရံပုံငွေများအား ကျေးဇူးတုန့်ပြန် သည့်အနေဖြင့် ၎င်းတို့အား အကျိုးခံစားခွင့်များ ကမ်းလှမ်းနိုင်သည်။ ဝန်ဆောင်မှုများတွင် ငွေချေး သက်သေခံလက်မှတ်များအား ကမ်းလှမ်းခြင်း သို့မဟုတ် ရောင်းချခြင်းများ ပါဝင်ခြင်းမရှိပါ။

၂။ လူကြီးမင်း၏အကောင့်နှင့် တာဝန်ရှိမှုများ

“စုစည်းရာ” သည် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများအား အသုံးပြုရန် လူကြီးမင်းအား အကန့်အသတ် ရှိသော၊ သီးသန့်မဟုတ်သော၊ လွှဲပြောင်း၍မရသော၊ ရုပ်သိမ်းနိုင်သော လိုင်စင်အား စည်းကမ်း သတ်မှတ်ချက်များနှင့် အထူးသဖြင့် အောက်ဖော်ပြပါကန့်သတ်ချက်များအရ ခွင့်ပြုထုတ် ပေးခြင်း ဖြစ်သည်။

  1. (က) လူကြီးမင်း၏အကောင့်အတွက် လူကြီးမင်းကိုယ်တိုင်တွင်သာလျှင် တာဝန်ရှိမည်ဖြစ်သည်။ ဝန်ဆောင်မှုအများအပြားအား အသုံးပြုရန် လူကြီးမင်းအနေဖြင့် အသုံးပြုသူအမည်နှင့် စကားဝှက်တစ်ခုတို့ဖြင့် မှတ်တမ်းတင်၍ အကောင့်တစ်ခုဖွင့်ရန်လိုအပ်ပါသည်။ လူကြီးမင်း အနေဖြင့် “စုစည်းရာ” အား တိကျပြည့်စုံသော သတင်းအချက်အလက်များ ပေးအပ်ရန်လိုအပ် ပါသည်။ အဆိုပါသတင်းအချက်အလက်များ တိကျပြည့်စုံရန်အလို့ငှာ လူကြီးမင်း၏အကောင့် အချက်အလက်များကို လိုအပ်သလို ပြင်ဆင်ပေးရန်လိုအပ်သည်။ အခြားလူတစ်ဦး တစ်ယောက် အဖြစ် အယောင်ဆောင်ခြင်း၊ တစ်စုံတစ်ဦးအား စိတ်အနှောင့်အယှက်ဖြစ်စေသည့် အသုံးပြုသူ အမည်အား ရွေးချယ်ခြင်း၊ သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးဦး၏ အခွင့်အရေးတစ်ရပ်ရပ်အား ချိုးဖောက်ခြင်းတို့မပြုလုပ်ရ။ ထိုသို့ ပြုလုပ်ပါက “စုစည်းရာ” သည် လူကြီးမင်း၏ အကောင့် အား ရပ်စဲသွားမည်ဖြစ်သည်။ လူကြီးမင်းအကောင့်၏ အတွင်းရေးနှင့်တကွ ယင်းအကောင့်နှင့် စပ်လျဉ်းသည့် သို့မဟုတ် ယင်းအကောင့်အရ ပေါ်ပေါက်သည့် ဆောင်ရွက်ချက်များအားလုံး အတွက် လူကြီးမင်းသာလျှင် တစ်ဦးတည်း တာဝန်ရှိမည်ဖြစ်သည်။ လူကြီးမင်း၏အကောင့်အား တစ်နည်းနည်းဖြင့် အခွင့်မရှိဘဲ အသုံးပြုထားသည်ဟု သံသယရှိပါက သို့မဟုတ် ထိုသို့အသုံးပြု ထားသည်ကို တွေ့ရှိပါက လူကြီးမင်း အနေဖြင့် (အီးမေးလ်လိပ်စာ - suseeyar@aluto-benli.com) သို့ မေးလ်ပေးပို့၍ “စုစည်းရာ” အား အကြောင်းကြားရမည်ဖြစ်သည်။ အထက်ဖော်ပြပါ သတ်မှတ်ချက်များအား လူကြီးမင်းမှ လိုက်နာရန် ပျက်ကွက်မှုကြောင့်ဖြစ်စေ၊ လူကြီးမင်းမှ သိ၍ဖြစ်စေ၊ မသိဘဲဖြစ်စေ လူကြီးမင်း၏အကောင့်အား အသုံးပြုခြင်းကြောင့် သော်လည်း ကောင်း ပေါ်ပေါက်လာသည့် မည်သို့သော ဆုံးရှုံးမှု သို့မဟုတ် ပျက်စီးမှုအတွက်မဆို “စုစည်းရာ” တွင် တာဝန်ရှိမည်မဟုတ်ပါ။
  2. (ခ) လူကြီးမင်း၏အကောင့်အား ဖျက်သိမ်းခြင်း လူကြီးမင်းအနေဖြင့် “စုစည်းရာ” အားဆက်သွယ်ခြင်းဖြင့် လူကြီးမင်း၏အကောင့်အား ဖျက်သိမ်းပေးရန် တောင်းဆိုနိုင်သည်။ သို့ရာတွင် ဤကဲ့သို့တောင်းဆိုခြင်းဖြင့် အသုံးပြုသူ အချက်အလက်များအား အလိုအလျောက်ဖျက်သိမ်းသွားမည်မဟုတ်ပါ။ “စုစည်းရာ” သည် ဥပဒေအရသော်လည်းကောင်း၊ ကျွန်ုပ်တို့၏ တရားဝင်လုပ်ငန်း ရည်ရွယ်ချက်များ အတွက်သော် လည်းကောင်း လိုအပ်သည့် အချို့သော သတင်းအချက်အလက်များကို ရယူထားနိုင်သည်။ အသုံးပြုသူ၏အချက်အလက်နှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ လုပ်ပိုင်ခွင့်များအပါအဝင် ဤ စည်း ကမ်းသတ်မှတ်ချက်ပါ ပြဌာန်းချက်များအားလုံးသည် အကောင့်အားရပ်စဲပြီးသော်လည်း ဆက်လက်အကျုံးဝင်သက်ရောက်နေမည်ဖြစ်သည်။
  3. (ဂ) အကောင့်တစ်ခုအား လက်မှတ်ထိုးဝင်နိုင်ရန်နှင့် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများအား အသုံးပြုရန် အလို့ငှာ လူကြီးမင်းသည် အသက် (၁၈)နှစ်ပြည့်ပြီး ဖြစ်ရမည်။
  4. (ဃ) ဥပဒေနှင့် ကျွန်ုပ်တို့၏မူဝါဒများကို လိုက်နာခြင်း လူကြီးမင်းသည် ဥပဒေအားကျူးလွန်ဖောက်ဖျက်သည့်၊ တစ်စုံတစ်ဦး၏အခွင့်အရေးများအား ငြိစွန်းဖောက်ဖျက်နေသည့် သို့မဟုတ် လူကြီးမင်းအနေဖြင့် အခြားတစ်စုံတစ်ဦးအပေါ် ထားရှိ သည့် သဘောတူညီချက်တစ်ရပ်ရပ် သို့မဟုတ် ဥပဒေအရတာဝန်ရှိမှုတစ်ရပ်ရပ်ကို ဖောက်ဖျက် နေသည့် မည်သို့သော လုပ်ရပ်ကိုမဆိုမပြုလုပ်ရ။ လူကြီးမင်းအနေဖြင့် တရားမဝင်သော၊ “စုစည်းရာ” ၏ မူဝါဒများ၊ စည်းမျဉ်းများ သို့မဟုတ် လမ်းညွှန်ချက်များအား ကျူးလွန် ဖောက်ဖျက်နေသည့် သို့မဟုတ် သက်ဆိုင်ရာဥပဒေ၊ ပြဌာန်းဥပဒေ၊ ဥပဒေကဲ့သို့အာဏာ တည်သောအမိန့် သို့မဟုတ် စည်းမျဉ်းစည်းကမ်းများအား ကျူးလွန်ဖောက်ဖျက်နေသည့် မည်သည့်အကျိုးခံစားခွင့်တစ်ခုခုကိုမျှ ကမ်းလှမ်းခြင်းမပြုရ။
  5. (င) ရိုးသားဖြောင့်မတ်ပါ။ မှားယွင်းသည့်၊ အမြင်လွဲမှားစေသည့် သို့မဟုတ် တိကျမှုမရှိသော လူကြီးမင်းသိရှိသည့် မည်သည့် အချက်အလက်ကိုမျှ (ဆိုဒ်ပေါ်တွင်)မတင်ပါနှင့်။ လိမ်လည်လှည့်ဖြားသည့် သို့မဟုတ် မမှန်ကန်သည့် မည်သည့်လုပ်ရပ်ကိုမျှ မပြုလုပ်ပါနှင့်။
  6. (စ) တစ်ပါးသူ၏အခွင့်အရေးများကိုလေးစားပါ။ အခြားသူတစ်ဦးတစ်ယောက်အား ခြိမ်းခြောက်ခြင်း၊ အလွဲသုံးစားပြုခြင်း၊ အရှက်ရစေခြင်း၊ အသရေဖျက်ခြင်း သို့မဟုတ် သိက္ခာကျစေသည့်၊ ညစ်ညမ်းသည့်၊ မထီမဲ့မြင်ပြုသည့် အပြု အမူဖြင့် ပြုမူခြင်း၊ သို့မဟုတ် အခြားသူတစ်ဦးတစ်ယောက်၏ ပုဂ္ဂိုလ်ရေးကို ထိပါးခြင်းတို့ မပြု လုပ်ရ။
  7. (ဆ) စပမ်း (သို့မဟုတ်) မလိုလားအပ်သော၊ မလိုချင်သော အဆက်အသွယ်များကို ရှောင်ကြဉ်ပါ။ မလိုချင်သော သို့မဟုတ် အခွင့်မရှိသော ကြော်ငြာခြင်းများ သို့မဟုတ် (အရောင်း) မြှင့်တင်ရေး ကိစ္စရပ်များ သို့မဟုတ် မလိုသည့်ကြော်ငြာများ၊ မလိုချင်သော သို့မဟုတ် အခြားသူထံ ဆက်ပို့ ပေးရသည့်စာများကို မဖြန့်ဝေရ။ မည်သည့် မေးလ်စာရင်းများ သို့မဟုတ် မလိုလားအပ်သည့် မေးလ်း၊ အလိုအလျောက်တုန့်ပြန်သည့်မည်သည့်အရာမဆို သို့မဟုတ် စပမ်းမေးလ် (မလိုအပ် သည့်မေးလ်) များကို ကျွန်ုပ်တို့၏ ဆိုဒ်ပေါ်တွင် သို့မဟုတ် ဆိုဒ်မှတစ်ဆင့် အသုံးမပြုရ။
  8. (ဇ) တစ်ပါးသူပိုင်ပစ္စည်းများကိုလေးစားပါ။ ဆော့ဖ်ဝဲဗိုင်းရပ်စ်များ သို့မဟုတ် (၁) ဆိုဒ်ပေါ်ရှိဆော့ဖ်ဝဲ၊ ဟာ့ဒ်ဝဲ သို့မဟုတ် ကိရိယာ တစ်စုံတစ်ခု၏ ပုံမှန်လုပ်ငန်းဆောင်တာတစ်ရပ်ရပ် (၂) ဆိုဒ်ကို အခြားအသုံးပြုသူတစ်ဦးဦးမှ အသုံးပြုခြင်းအား အနှောင့်အယှက်ပေးရန် ဒီဇိုင်းဆွဲထားသည့် မည်သည့်အရာကိုမဆို ဖြန့်ဝေ ခြင်းမပြုရ။ အကယ်၍ လူကြီးမင်းအား “စုစည်းရာ”မှ ထိုသို့မပြုလုပ်ရန် ပိတ်ပင်တားမြစ် ထားပါက လူကြီးမင်းအနေဖြင့် ကျွန်ုပ်တို့၏ ဆိုဒ် သို့မဟုတ် ဝန်ဆောင်မှုများကို ဝင်ရောက် အသုံးပြုနိုင်မည်မဟုတ်ပါ။
  9. (ဈ) ဆိုဒ်၏ လုပ်ငန်းဆောင်တာများအား ထိခိုက်စေသည့် ကိစ္စရပ်များတွင် ပါဝင်ခြင်း မပြုပါနှင့်။ လူကြီးမင်းသည် ဝန်ဆောင်မှုများအား လုံခြုံစေရန်အလို့ငှာ ထားရှိသည့် ဆောင်ရွက်ချက် တစ်ရပ်ရပ်ကို လျစ်လျူရှုခြင်း သို့မဟုတ် စနစ်၊ အချက်အလက်၊ စကားဝှက်များ သို့မဟုတ် အခြား သော “စုစည်းရာ” သို့မဟုတ် အသုံးပြုသူအချက်အလက်များ သို့မဟုတ် ဝန်ဆောင်မှု များနှင့် reverse engineer တစ်ရပ်ရပ်ကို အခွင့်မရှိဘဲ ဝင်ရောက်အသုံးပြုနိုင်ရန် ဆောင်ရွက် ခြင်း သို့မဟုတ် အခြေခံသတင်းအချက်အလက်များအား ဝင်ရောက်ကြည့်ရှုနိုင်ရန် ဝန်ဆောင်မှု များ၏ ကဏ္ဍတစ်ရပ်ရပ်တွင် ပါဝင်ခြင်း သို့မဟုတ် ဆိုဒ်၏ တစ်စိတ်တစ်ဒေသအား ချဉ်းကပ် ရယူရန် (crawl or spider) မည်သည့် ဆော့ဖ်ဝဲအမျိုးအစားကိုမျှ အသုံးပြုခြင်းမပြုရ။
  10. (ည) ကိုယ်ရေးကိုယ်တာ(ကိုယ်ရေးအချက်အလက်များ)ကိုလေးစားပါ။ ဝန်ဆောင်မှုများကို လူကြီးမင်းမှ အသုံးပြုသောအခါ သို့မဟုတ် ကမ်ပိန်းတစ်ခု ပြုလုပ်သည့်အခါ အမည်၊ အီးမေးလ်လိပ်စာနှင့် နေရပ်လိပ်စာများကဲ့သို့သော ပုဂ္ဂိုလ်ရေးဆိုင်ရာ အထောက် အထားပြနိုင်သည့်သတင်းအချက်အလက် (“PII” Personally identifiable information) များ အပါအဝင် အခြားအသုံးပြုသူများ၏ သတင်းအချက်အလက်များကို လက်ခံရရှိနိုင်သည်။ ဤ သတင်းအချက်အလက်များကို သက်ဆိုင်ရာကမ်ပိန်းနှင့် အခြားသော ဝန်ဆောင်မှုများအတွက် အကျိုးခံစားခွင့်များကို ဖြည်းဆည်းပေးနိုင်ရန် ပေးထားခြင်းသာဖြစ်သည်။ အဆိုပါသတင်း အချက်အလက်များကို ဆက်စပ်ပစ္စည်းများအား ဈေးကွက်မြှင့်တင်ခြင်းအပါအဝင် အသုံးပြုသူမှ အတည်ပြုစစ်ဆေးနိုင်သည့် သီးခြား သဘောဆန္ဒမပါရှိဘဲ အခြားရည်ရွယ်ချက်များ အတွက် အသုံးပြုခြင်းမပြုရ။ ထိုသို့ အတည်ပြုစစ်ဆေးနိုင်သည့်သဘောဆန္ဒများအားလုံးအတွက် လူကြီး မင်းအနေဖြင့် မှတ်တမ်းထိန်းသိမ်းထားရှိမည်ဖြစ်သည်။

၃။ ကမ်ပိန်းတစ်ခုတစ်ခုပြုလုပ်ခြင်းနှင့် လည်ပတ်ဆောင်ရွက်ခြင်း

လူကြီးမင်းသည် ကမ်ပိန်းပြုလုပ်သူတစ်ဦးအနေဖြင့် ကမ်ပိန်းတစ်ခုကို ဆိုဒ်ပေါ်တွင် ပြုလုပ်၍ ထည့်ဝင် လှူဒါန်းမှုများ ကောက်ခံသည့်အခါ လူကြီးမင်းသည် “စုစည်းရာ”နှင့်တကွ ထည့်ဝင်လှူဒါန်းသူများနှင့် တရားဝင် သီးခြားစာချုပ်များချုပ်ဆိုထားခြင်းဖြစ်သည်ဟု နားလည်ရမည် ဖြစ်ပြီး (အခြားသော စည်းကမ်းသတ်မှတ်ချက်အားလုံးအပြင်) အောက်ပါစည်းမျဉ်းများမှ အကျိုးသက်ရောက်မည်ဖြစ်သည်။

  1. (က) ဝန်ဆောင်ခများ “စုစည်းရာ” သည် ကမ်ပိန်းပြုလုပ်သူများကို ၎င်းတို့ထူထောင်ထားသည့် ထည့်ဝင်ငွေများ၏ တစ်စိတ်တစ်ပိုင်းကို ဝန်ဆောင်ခ (“ဝန်ဆောင်ခ”)"အဖြစ် သတ်မှတ်ကောက်ခံနိုင်သည်။ ဝန်ဆောင်ခများသည် ၎င်းအား(ဆိုဒ်ပေါ်တွင်)လွှင့်တင်သည့် ရက်စွဲတွင် စတင်သက်ရောက်မည် ဖြစ်ပြီး အခါအားလျော်စွာ ပြင်ဆင်နိုင်သည်။ ဝန်ဆောင်ခများကို ပြုလုပ်ပေးချေသည့်အချိန်တွင် သတ်မှတ်သည့် နှုန်းထားဖြင့် ကောက်ခံမည်ဖြစ်သည်။ ထည့်ဝင်လှူဒါန်းသူများမှ ထည့်ဝင်ကြေး များကို လက်ခံရရှိခြင်းနှင့် ဆက်စပ်လျက် ကမ်ပိန်းပြုလုပ်သူထံသို့ပေးပို့သည့် ထည့်ဝင်မှုများကို လက်ခံရန်၊ ထိန်းသိမ်းရန်နှင့် စာရင်းရှင်းလင်းရန် ရည်ရွယ်ချက်သီးသန့်ဖြင့်သာ ကမ်ပိန်းပြုလုပ် သူသည် “စုစည်းရာ” အား ကန့်သတ်အေးဂျင့်အဖြစ် ခန့်အပ်နိုင်သည်။ ကမ်ပိန်းပြုလုပ်သူ၏ အေးဂျင့်တစ်ဦးအနေဖြင့် ၎င်းကိုယ်စား “စုစည်းရာ”၏ ထည့်ဝင်ကြေး လက်ခံပြေစာသည် ကမ်ပိန်းပြုလုပ်သူမှ တိုက်ရိုက်ထုတ်ပေးသည့် ထည့်ဝင်ကြေးလက်ခံပြေစာ နှင့် အတူတူပင် ဖြစ်သည်။
  2. (ခ) ရံပုံငွေများအားရုပ်သိမ်းပိုင်ခွင့် ကမ်ပိန်းပြုလုပ်သူများသည် ကမ်ပိန်းသို့ ထည့်ဝင်သည့် ထည့်ဝင်လှူဒါန်းမှုများကို လက်ခံရရှိ မည်ဟု မှတ်ယူခြင်းမပြုရ။ ပြန်အမ်းငွေများ၊ ပြန်လည်ငွေတောင်းခံခြင်းဆိုင်ရာ အငြင်းပွားမှုများ၊ လိမ်လည်မှု၊ စည်းကမ်းချက်များအား ချိုးဖောက်ခြင်း သို့မဟုတ် အခြားသောမူဝါဒတစ်ရပ်ရပ်ကို အသုံးပြုခြင်း သို့မဟုတ် “စုစည်းရာ” မှ အဆိုပါ ထည့်ဝင်လှူဒါန်းမှုများကို ၎င်း၏တစ်ဦးတည်း ဆုံးဖြတ်ချက်ဖြင့် ထုတ်ပေး၍မရဟု ဆုံးဖြတ်သည့် အခြား အခြေအနေတစ်ရပ်ရပ်ရှိခြင်းတို့ အပါအဝင် ၎င်းတို့သာမကသော အခြေအနေများတွင် ထည့်ဝင်လှူဒါန်းမှုများကို ကမ်ပိန်းပြုလုပ် သူအား ပြန်လည်ထုတ်ပေးရာတွင် နှောင့်နှေးကြန့်ကြာနေနိုင်သည် သို့မဟုတ် “စုစည်းရာ” တွင် ထိန်းသိမ်းထားနိုင်သည်။ ထည့်ဝင်လှူဒါန်းမှုများအားလုံးကို ကမ်ပိန်းတစ်ခုအတွက် “စုစည်းရာ” မှ ကျခံထားသည့် ပြန်လည်ကောက်ခံခြင်းများ နှင့် ပြန်အမ်းငွေတစ်ရပ်ရပ်အတွက် “စုစည်းရာ” အား စိုက်ထုတ်ကုန်ကျငွေအားပြန်လည်ထုတ်ပေးရန် အသုံးပြုနိုင်သည်။ တတိယစာချုပ်ဝင် ငွေကောက်ခံသည့်ဝန်ဆောင်မှုများအား အသုံးပြုခြင်းအပါအဝင် အခြားတရားဝင်သည့် နည်းလမ်းတစ်ရပ်ရပ်ဖြင့် ကမ်ပိန်းပြုလုပ်သူထံမှ စိုက်ထုတ်ကုန်ကျငွေအား ပြန်လည်ရယူနိုင် သည်။
  3. (ဂ) ပြန်အမ်းငွေများ “စုစည်းရာ” သည် ထည့်ဝင်သူများအား အကန့်အသတ်ရှိသည့် ပြန်အမ်းငွေကို ကျွန်ုပ်တို့၏ ပြန်အမ်းငွေမူဝါဒနှင့်အညီ ကမ်းလှမ်းနိုင်သည်။ “စုစည်းရာ”၏ ပြန်အမ်းငွေဆိုင်ရာမူဝါဒဘောင် ပြင်ပရှိ ပြန်အမ်းငွေများကို ကမ်ပိန်းပြုလုပ်သူများမှ ထိန်းသိမ်းမည်ဖြစ်ပြီး “စုစည်းရာ” တွင် မည်သည့် ပြန်အမ်းငွေပေးအပ်ရန် သို့မဟုတ် ကမ်ပိန်းပြုလုပ်သူနှင့် ထည့်ဝင်သူအကြားရှိ မည်သည့် အငြင်းပွားမှုတွင်မျှ ပါဝင်ပတ်သက်ရန် တာဝန်မရှိပါ။ ပြန်အမ်းငွေမူဝါဒအား အလွဲသုံးစားလုပ်မှုအတွက် “စုစည်းရာ” သည် အသုံးပြုသူအကောင့်များကို ရပ်ဆိုင်းခွင့်နှင့် ကမ်ပိန်းများကို ဖယ်ရှားခွင့်ရှိသည်။

၄။ ကမ်ပိန်းပြုလုပ်သူများ၏ဥပဒေအရတာဝန်ရှိမှုများ

ထည့်ဝင်သူမှ လူကြီးမင်း၏ကမ်ပိန်းတွင် ထည့်ဝင်မှုတစ်ရပ်ရပ်ပြုလုပ်သည့်အခါ အခြားသော စည်းကမ်း ချက်များအပြင် အောက်ပါတာဝန်ရှိမှုများအပါအဝင် ကမ်ပိန်းပြုလုပ်သူတစ်ဦးအနေဖြင့် လူကြီးမင်းသည် ထည့်ဝင်သူနှင့် သဘောတူထားခြင်းဖြစ်သည်။

  1. (က) ထည့်ဝင်သူများနှင့် ပြောဆိုဆက်သွယ်ထားသည့် အချိန်ကာလသတ်မှတ်ချက်အတွင်း ကမ်ပိန်း နှင့် စပ်လျဉ်းသည့် အကျိုးခံစားခွင့်များအား ဖြည့်ဆည်းရန် သဘောရိုးဖြင့် အားထုတ်ရမည်။
  2. (ခ) အကယ်၍ အခက်အခဲ သို့မဟုတ် ကြန့်ကြာမှုတစ်စုံတစ်ရာရှိပါက ထည့်ဝင်သူများအား မဆိုင်း မတွ အကြောင်းကြားရမည်။
  3. (ဂ) ထည့်ဝင်သူများမှ ကမ်ပိန်းပြုလုပ်သူများအား မေးမြန်းထားသည့် မေးခွန်းများအားလုံးကို မဆိုင်း မတွ မှန်မှန်ကန်ကန်ဖြေကြားရမည်။
  4. (ဃ) မှန်ကန်၍အရည်အသွေးပြည့်မှီသည့် ပြန်လည်ပြင်ဆင်ချက်များကို အနည်းဆုံး တစ်လလျှင် တစ်ကြိမ် ထည့်ဝင်သူများအား ပံ့ပိုးပေးရမည်။
  5. (င) အကယ်၍ လူကြီးမင်းသည် လူကြီးမင်း၏ကမ်ပိန်းအတွက် ထည့်ဝင်လှူဒါန်းမှုများကို လက်ခံ ရရှိပြီး အကျိုးခံစားခွင့်များကို ပေးပို့နိုင်ခြင်းမရှိပါက ထည့်ဝင်သူများအား ပြန်အမ်းငွေများကို ထုတ်ပေးရမည်။
  6. (စ) ထည့်ငွေကြေးများအသုံးပြုခြင်း၊ အကျိုးခံစားခွင့်များကို ပေးပို့ခြင်းတို့ ပြုလုပ်ရာတွင် သက်ဆိုင်ရာ ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများအားလုံးကို လိုက်နာရမည်။
    ကမ်ပိန်းပြုလုပ်သူအနေဖြင့် လူကြီးမင်း၏ကမ်ပိန်းနှင့် အကျိုးခံစားခွင့်များ၏ တာဝန်ဝတ္တရားရှိမှု များအား ဖြည့်ဆည်းရန် လူကြီးမင်းတစ်ဦးတည်းသာလျှင် တာဝန်ရှိကြောင်း ကျေးဇူးပြု၍ မှတ်သားပေးစေလိုပါသည်။ အကယ်၍ ဤတာဝန်ရှိမှု သို့မဟုတ် လူကြီးမင်း၏ အခြားသော ဥပဒေအရ တာဝန်ရှိမှုတစ်ရပ်ရပ်ကို လိုက်နာရန် ပျက်ကွက်ပါက ထည့်ဝင်သူများမှ ပြုလုပ်သည့် ဥပဒေအရ ဆောင်ရွက်ချက်တစ်ရပ်ရပ်အတွက် လူကြီးမင်းတွင်သာလျှင် တာဝန်ရှိမည်ဖြစ်သည်။

၅။ ကမ်ပိန်းတစ်ခုအားနောက်ခံထောက်ပံ့ခြင်း

ထည့်ဝင်သူတစ်ဦးသည် ကမ်ပိန်းတစ်ခု၌ ထည့်ဝင်လှူဒါန်းသည့်အခါ အောက်ပါစည်းမျဉ်းစည်းကမ်းများ ကို လိုက်နာရမည်ဖြစ်ကြောင်း နားလည်သိရှိပါသည်။

  1. (က) မိမိသဘောဆန္ဒအလျောက်ထည့်ဝင်သည့် ထည့်ဝင်ကြေး ထည့်ဝင်လှူဒါန်းမှုများအားလုံးသည် မိမိသဘောဆန္ဒအလျောက်ထည့်ဝင်ခြင်းဖြစ်ပြီး ထည့်ဝင်သူ ၏ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်နှင့် အာမခံချက်အရသာလျှင်ဖြစ်သည်။
  2. (ခ) အာမခံမှုမရှိခြင်း အကျိုးခံစားခွင့်တစ်ရပ်ရပ်ကို ပေးပို့သည့် ရက်စွဲသည် ကမ်ပိန်းပြုလုပ်သူ (“စုစည်းရာ” မဟုတ်ပါ) မှ သည့်အရာသာဖြစ်ပြီး ကမ်ပိန်းပြုလုပ်သူသည် အဆိုပါထည့်ဝင်လှူဒါန်းမှုများကို အဆိုပါ ရက်စွဲတွင် ပို့ပေးမည်ဖြစ်ကြောင်း မည်သို့မျှ အာမခံခြင်းမရှိပါ။ “စုစည်းရာ” သည် အဆိုပါ ထည့်ဝင်လှူဒါန်းမှုများကို ကတိပြုထားသည့်အတိုင်း အသုံးပြုမည်ဖြစ်ကြောင်း၊ ကမ်ပိန်းပြုလုပ် သူများသည် အကျိုးခံစားခွင့်များကို ပေးပို့မည်ဖြစ်ကြောင်း သို့မဟုတ် အဆိုပါကမ်ပိန်းသည် ၎င်း၏ရည်ရွယ်ချက်များ ကို ပြည့်မှီအောင် ဆောင်ရွက်မည်ဖြစ်ကြောင်းတို့ကို အာမခံခြင်းမရှိပါ။ “စုစည်းရာ” သည် ကမ်ပိန်းများ၊ အကျိုးခံစားခွင့်များ သို့မဟုတ် ထည့်ဝင်လှူဒါန်းမှုများသို့မဟုတ် ဝန်ဆောင်မှုများအပေါ် လွှင့်တင်ထားသော အသုံးပြုသူအချက်အလက်တစ်ရပ်ရပ်၏ အရည်အသွေး၊ လုံခြုံမှု၊ အကျင့် သိက္ခာ သို့မဟုတ် တရားဝင်ခြင်း တို့နှင့် စပ်လျဉ်း၍ ထောက်ခံချက်ပေးခြင်း၊ အာမခံချက်ပေးခြင်း၊ ကိုယ်စားပြုခြင်း သို့မဟုတ် အာမခံလက်မှတ်များ ထုတ်ပေးခြင်းတို့ ဆောင်ရွက်ပေးခြင်းမရှိပါ။
  3. (ဂ) ကန့်သတ်ပြန်အမ်းငွေ “စုစည်းရာ” သည် ဖော်ပြပါအခြေအနေတစ်ရပ်ရပ်တွင် ထည့်ဝင်သူများအား ကန့်သတ်ပြန်အမ်းငွေ တစ်ရပ်ရပ်ကို ကမ်းလှမ်းမည်ဖြစ်သည်။ ထိုထည့်ဝင်ကြေးပါဝင်ထားသည့် ကမ်ပိန်းသည် မပြီးဆုံးလိုက်ပါက၊ (“စုစည်းရာ”မှ အတည်ပြုထားသကဲ့သို့) အကျိုးခံစားခွင့်တစ်ရပ်ရပ်ကိုလက်ခံရရှိခြင်းမရှိပါက၊ အဆိုပါထည့်ဝင်ကြေးကို ကမ်ပိန်းပြုလုပ်သူအား ပေးပို့ခြင်းမရှိပါက(ပြန်အမ်းငွေ မူဝါဒဆိုင်ရာ စည်းကမ်းချက်အပြည့်အစုံကို လိုက်နာလျက်)။
    “စုစည်းရာ” သည် ပြန်အမ်းငွေမူဝါဒ၏ ဘောင်အပြင်မှ ပြန်အမ်းငွေများကို ပေးအပ်ခြင်းမပြုရ။ ပြန်အမ်းငွေမူဝါဒအရ ပြန်အမ်းငွေများကို မရရှိသည့်မည်သည့်အခြေအနေတွင်မဆို ထည့်ဝင်သူ တစ်ဦးဦးသည် ပြန်အမ်းငွေတောင်းခံရန် ကမ်ပိန်းပြုလုပ်သူအား တိုက်ရိုက်ဆက်သွယ်ရမည်။ “စုစည်းရာ” သည် ၎င်း၏ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ကမ်ပိန်းပြုလုပ်သူနှင့် ထည့်ဝင်သူအကြား ပြောဆိုဆက်သွယ်မှုများ လွယ်ကူချောမွေ့စေရန် ဆောင်ရွက်နိုင်သည်။ သို့ရာတွင် “စုစည်းရာ” အနေဖြင့် ထိုသို့ဆောင်ရွက်ပေးရန် သို့မဟုတ် အငြင်းပွားမှုတစ်ရပ်ရပ်တွင် တစ်နည်းနည်းဖြင့် ပါဝင်ပတ်သက်ရန် တာဝန်မရှိပါ။
  4. (ဃ) ကြွေးဝယ်ကဒ်အပေါ်ကောက်ခံသည့် အဖိုးအခများ ကမ်ပိန်းအား ထည့်ဝင်လှူဒါန်းသည့်အခါ ထည့်ဝင်လှူဒါန်းမှုသတင်းအချက်အလက်အား လူကြီးမင်းမှ အတည်ပြုတင်သွင်းပြီးပါက ထည့်ဝင်ကြေးပမာဏကို လူကြီးမင်း၏ကဒ်မှ ကောက်ခံ သွားမည်ဖြစ်သည်။
  5. (င) ကမ်ပိန်းပြုလုပ်သူများနှင့် ထည့်ဝင်လှူဒါန်းသူများအကြား ပြောဆိုဆက်သွယ်မှုများ လူကြီးမင်းသည် ကမ်ပိန်းတွင် ပါဝင်ထည့်ဝင်သည်နှင့်တစ်ပြိုင်နက် ကမ်ပိန်းပြုလုပ်သူများသည် ပေးပို့သည့်လိပ်စာ၊ ပေးပို့သော အကျိုးခံစားခွင့်(အနေဖြင့်ပေးအပ်သည့်ပစ္စည်း)၏ အသေးစိတ် အကြောင်းခြင်းရာများ (တီရှပ်၏ အရောင်၊ အရွယ်အစား) စသော သတင်းအချက်အလက်များ ရရှိရန် သို့မဟုတ် ကမ်ပိန်း သို့မဟုတ် အကျိုးခံစားခွင့်တို့အပေါ် လူကြီးမင်း၏တုံ့ပြန်ချက်ကို တောင်းခံရန်အလို့ငှာ လူကြီးမင်းအား ဆက်သွယ်ရန် လိုအပ်နိုင်သည်။ အချို့သော အခြေအနေ များတွင် အကျိုးခံစားခွင့် (အနေဖြင့် ပေးအပ်သည့်ပစ္စည်း)အား လက်ခံရရှိနိုင်ရန် သတ်မှတ်ထား သည့် အချိန်ကာလအတွင်း တောင်းခံထားသည့် သတင်းအချက်အလက်များကို ပေးပို့ရန် လိုအပ် နိုင်သည်။ သို့မဟုတ်ပါက ၎င်းတို့အား ပို့ဆောင်နိုင်မည်မဟုတ်ပါ။ ကမ်ပိန်းပြုလုပ်သူများသည် ပစ္စည်းပို့ဆောင်ရာတွင် မလိုအပ်သည့် သတင်းအချက်အလက်များ၊ အထိအခိုက်မခံနိုင်သော ပုဂ္ဂိုလ်ရေးအချက်အလက်များ သို့မဟုတ် ကြွေးဝယ်ကဒ်/ဘဏ်အချက်အလက်များကို တောင်းခံ ခြင်းပြုမည်မဟုတ်ပါ။ အကယ်၍ လိုအပ်သည်ထက်ပိုသည်ဟု(လွန်ကဲသည်ဟု)ထင်မြင်ရသော အချက်အလက်များကို တောင်းခံခြင်းခံရပါက “စုစည်းရာ” ကို ကျေးဇူးပြု၍ ဆက်သွယ်ပေးပါ။
  6. (စ) အခွန်ပေးဆောင်ရန်မှာ လူကြီးမင်း၏တာဝန်ဖြစ်သည်။ ထည့်ဝင်လှူဒါန်းသူများသည် အခွန်ကိစ္စရပ်များဆောင်ရွက်ရန်အလို့ငှာ ၎င်းတို့၏ ထည့်ဝင်လှူဒါန်း မှုများကို မည်သို့စီမံခန့်ခွဲမည်ကို ဆုံးဖြတ်ရန်နှင့် အကျိုးခံစားခွင့် (အနေဖြင့် ပေးအပ်သည့်ပစ္စည်း) အား လက်ခံရရှိခြင်းတို့အတွက် ၎င်းတို့တွင်သာ တာဝန်ရှိသည်။

၆။ “စုစည်းရာ” ၏ အခန်းကဏ္ဍ

  1. (က) “စုစည်းရာ” သည် အသုံးပြုသူအချက်အလက်များကို ထောက်ခံချက်ပေးခြင်းမရှိပါ။ ကမ်ပိန်း များပြုလုပ်ခြင်းကို အားပေးသော်လည်း အသုံးပြုသူများ ဆက်သွယ်နိုင်ရန်အလို့ငှာ ဆိုဒ်ကို ပံ့ပိုး ပေးခြင်းမျှသာဖြစ်သည်။ “စုစည်းရာ” သည် မည်သည့်ကမ်ပိန်းကိုမျှ အကြိုစစ်ဆေးခြင်း မရှိ သကဲ့သို့ ဆိုဒ်ပေါ်ရှိ အသုံးပြုသူအချက်အလက်များကိုလည်း မည်သို့မျှ ထောက်ခံချက်ပေးခြင်း မရှိပါ။
  2. (ခ) “စုစည်းရာ” သည် မိမိတစ်ဦးတည်း၏ဆုံးဖြတ်ချက်ဖြင့် အသုံးပြုသူဆိုင်ရာအချက်အလက်များကို ဖယ်ရှားနိုင်သည်။ အကယ်၍ ဤစည်းကမ်းချက်များကို ချိုးဖောက်သည့် အသုံးပြုသူဆိုင်ရာ အချက်အလက်တစ်ခုခုကို တွေ့ရှိပါက “စုစည်းရာ” အား အကြောင်းကြားပြီး အဆိုပါအချက် အလက်ကို “စုစည်းရာ” မှ ဖယ်ရှားနိုင်သည်။ “စုစည်းရာ” သည် အသုံးပြုသူအချက်အလက် ဖယ်ရှားခြင်း သို့မဟုတ် ထားရှိခြင်းတို့၏ အကြောင်းပြချက်များကို ဆိုဒ်ပေါ်တွင် တင်မည် မဟုတ်ပါ။
  3. (ဂ) “စုစည်းရာ” သည် မည်သည့်အကျိုးခံစားခွင့် သို့မဟုတ် ပြန်အမ်းငွေများအတွက်မဆို အာမခံချက် ပေးမည် မဟုတ်ပါ။ အကျိုးခံစားခွင့်များအားပေးပို့ခြင်း၊ ကျွန်ုပ်တို့ ၏ ပြန်အမ်းငွေများအား ကျွန်ုပ်တို့၏ပြန်အမ်းငွေမူဝါဒဘောင်အပြင်မှ ပေးပို့ခြင်းအတွက် ကမ်ပိန်းပြုလုပ်သူများသာလျှင် တစ်ဦးတည်းတာဝန်ရှိသည်။
  4. (ဃ) “စုစည်းရာ” သည် အသုံးပြုသူများအား အခွန်ဆိုင်ရာ သို့မဟုတ် ဥပဒေအကြံဉာဏ်ပေးခြင်း မရှိပါ။ ကမ်ပိန်းတစ်ခုအား လည်ပတ်ဆောင်ရွက်ခြင်း၊ ကမ်ပိန်းတစ်ခုတွင် ထည့်ဝင်လှူဒါန်းခြင်း သို့မဟုတ် ဝန်ဆောင်မှုတစ်ခုခုအား အသုံးပြုခြင်းတို့အပေါ် အခွန်ဥပဒေများ သို့မဟုတ် အခြား ဥပဒေတစ်ရပ်ရပ်မှ မည်သို့သက်ရောက်မှုရှိမည်ကို ဆုံးဖြတ်ရာတွင် အသုံးပြုသူများသာ တစ်ဦး တည်းသီးသန့်တာဝန်ရှိသည်။
  5. (င) “စုစည်းရာ” သည် အသုံးပြုသူများနှင့် တတိယစာချုပ်ဝင်များအကြားဖြစ်ပွားသည့် ဥပဒေ အငြင်း ပွားမှုများတွင် ပါဝင်မည်မဟုတ်ပါ။ “စုစည်းရာ” သည် အချင်းချင်းအငြင်းပွားမှုဖြစ်ပွားသော အသုံးပြုသူများအကြား ဆွေးနွေးမှုများ လွယ်ကူချောမွေ့စေရန် ကူညီဆောင်ရွက်ပေးနိုင်သော် လည်း ကမ်ပိန်းပြုလုပ်သူများနှင့် ထည့်ဝင်လှူဒါန်းသူများအကြားဖြစ်စေ၊ ကမ်ပိန်းပြုလုပ်သူများ နှင့် မည်သည့် တတိယစာချုပ်ဝင်များ (အခြားသူတစ်ဦးတစ်ယောက်) အကြားဖြစ်စေတို့အပါအဝင် ထိုအသုံးပြုသူများအကြားရှိ အငြင်းပွားမှု သို့မဟုတ် သဘောတူညီချက်တစ်ရပ်ရပ်အား ချိုးဖောက် မှုများအတွက် “စုစည်းရာ” မှ မည်သို့မျှ တာဝန်ယူမည်မဟုတ်သကဲ့သို့ ယင်းတို့နှင့် ပတ်သက်သော မည်သည့်ပေးရန်တာဝန်ရှိမည် မဟုတ်ပါ။
  6. (စ) ကျွန်ုပ်တို့ထံမှ အကူအညီရယူလင့်ကစား လူကြီးမင်း၏ကမ်ပိန်းများအတွက် လူကြီးမင်းတွင် သာလျှင် တာဝန်ရှိသည်။ “စုစည်းရာ” သည် အသုံးပြုသူများအား ကမ်ပိန်းအကြောင်းအရာ စီစဉ်ရေးဆွဲခြင်း၊ ကမ်ပိန်းဒီဇိုင်းများနှင့်ပတ်သက်၍ ကူညီပေးခြင်း၊ ကမ်ပိန်းပြုလုပ်သူများအား ဝန်ဆောင်မှုပေးသူများအား မိတ်ဆက်ပေးခြင်းများအပါအဝင် ဝန်ဆောင်မှုများ ထောက်ပံ့ပေး နိုင်သည်။ “စုစည်းရာ” မှ လူကြီးမင်း၏ကမ်ပိန်းအတွက် ကူညီပေးခဲ့လျှင်သော်မှ ကမ်ပိန်းအတွက် ကမ်ပိန်းပြုလုပ်သူများနှင့် “စုစည်းရာ” အကြားရှိ သီးခြားချုပ်ဆိုထားသည့် စာချုပ်အရပေးအပ် မည်ဖြစ်သည်။ “စုစည်းရာ” သည် လူကြီးမင်း၏ကမ်ပိန်းနှင့် ပတ်သက်၍ ကူညီပေးမည်ဖြစ်သော် လည်း ကမ်ပိန်းအတွက် ကမ်ပိန်းစတင်သူသည်သာလျှင် တစ်ဦးတည်းတာဝန်ရှိမည်ဖြစ်ပြီး ဤတွင်ပါရှိသည့် တာဝန်ရှိမှုများအားလုံးကို ကမ်ပိန်းအတွက် တစ်ဦးတည်းတာဝန်ရှိသူတစ်ဦး အနေဖြင့် လိုက်နာရမည်ဖြစ်သည်။

၇။ အခကြေးငွေများနှင့် အခွန်များ

  1. (က) ဝန်ဆောင်ခများ ဆိုဒ်ပေါ်တွင် အကောင့်တစ်ခုဖွင့်ခြင်းအတွက် မည်သည့်ဝန်ဆောင်ခမျှ ကျသင့်ခြင်းမရှိပါ။ ကမ်ပိန်း ပြုလုပ်သူများအား ဝန်ဆောင်ခအဖြစ် ၎င်းတို့ထူထောင်သည့် ထည့်ဝင်လှူဒါန်းမှုများ၏ တစ်စိတ် တစ်ဒေသအဖြစ် ဝန်ဆောင်ခကောက်ခံမည်ဖြစ်သည်။ ဝန်ဆောင်ခများသည် ၎င်းတို့အား (ဆိုဒ်ပေါ် တွင်) တင်သည့် ရက်စွဲတွင်အကျုံးဝင်သက်ရောက်မည်ဖြစ်ပြီး “ဝန်ဆောင်ခ” စာမျက်နှာပေါ်တွင် ကြေညာမည် ဖြစ်သည်။
  2. (ခ) အခွန်များ အခွန်အာဏာပိုင်များသည် ထည့်ဝင်လှူဒါန်းမှုများကို ကမ်ပိန်းစတင်သူနှင့် သက်ဆိုင်ရာ ကမ်ပိန်းမှ ရံပုံငွေတိုက်ရိုက်လက်ခံရရှိမည့် အကျိုးခံစားခွင့်ရှိသူတို့၏ အခွန်ကျသင့်သောဝင်ငွေအဖြစ် သတ် မှတ်နိုင်သည်။ “စုစည်းရာ” သည် သက်ဆိုင်ရာ အခွန်အာဏာပိုင်များအား အခွန်ကျသင့်သော ဝင်ငွေကို တင်ပြနိုင်ရန်အလို့ငှာ ကမ်ပိန်းပြုလုပ်သူများနှင့် အကျိုးခံစားခွင့်ရှိသူတစ်ဦးဦးတို့၏ အခွန်နံပါတ် (TIN No) များကို တောင်းခံနိုင်သည်။ “စုစည်းရာ” သည် ကမ်ပိန်းပြုလုပ်သူများအား သက်ဆိုင်ရာအခွန် အာဏာပိုင်များမှ လိုအပ်ပါက အခွန်စာရွက်စာတမ်းထုတ်ပေးမည်ဖြစ်သည်။ “စုစည်းရာ” သည် မည်သည့်အသုံးပြုသူ သို့မဟုတ် တတိယစာချုပ်ဝင် (အခြားတစ်စုံတစ်ယောက်) ကိုမဆို အခွန်ဆိုင်ရာ အကြံဉာဏ်ပေးနိုင်မည် မဟုတ်ပါ။ သို့ဖြစ်ပါ၍ ထိုအသုံးပြုသူများနှင့် တတိယစာချုပ်ဝင် (အခြားတစ်စုံတစ်ယောက်)ကိုမဆို အခွန်ဆိုင်ရာအကြံပေးများနှင့် မိမိတို့ ဘာသာရွေးချယ်၍ တိုင်ပင်ဆွေးနွေးကြပါ ရန် “စုစည်းရာ” အနေဖြင့် အကြံပြုလိုပါသည်။

၈။ ဉာဏပစ္စည်းမူပိုင်ခွင့်

  1. (က) “စုစည်းရာ” ၏ ဉာဏပစ္စည်းမူပိုင်ခွင့် “စုစည်းရာ” ၏ ဝန်ဆောင်မှုများ၊ အချက်အလက်များနှင့် အမှတ်တံဆိပ်များကို စာပေအနုပညာမူပိုင်ခွင့်၊ ကုန်အမှတ်တံဆိပ်၊ ကုန်သွယ်ရေးလျှို့ဝှက်ချက်နှင့် အခြားသော မြန်မာနိုင်ငံနှင့်နိုင်ငံတကာ ဉာဏပစ္စည်းမူပိုင်ခွင့်ဥပဒေများအပါအဝင် နည်းလမ်းများ စွာဖြင့် ဥပဒေကြောင်းအရ အကာအကွယ်ပေးထားသည်။ ဆိုဒ် သို့မဟုတ် ဝန်ဆောင်မှုများမှ တစ်ဆင့် အသုံးပြုဝင်ရောက်ထားသော “စုစည်းရာ” ၏ မည်သည့် အချက်အလက်၊ ဝန်ဆောင်မှု၊ အမှတ်တံဆိပ်များတွင်မဆို ပါဝင်နေသော စာပေအနုပညာမူပိုင်ခွင့်နှင့် အခြားဥပဒေအရ အကြောင်း ကြားခြင်းများ၊ သတင်းအချက်အလက်များနှင့် ကန့်သတ်ချက်များအားလုံးကို လေးစားလိုက်နာ ပါမည်ဟု လူကြီးမင်းမှ သဘောတူပြီးဖြစ်သည်။ လူကြီးမင်းအနေဖြင့် ထိုဝန်ဆောင်မှုများအား ပြောင်းလဲခြင်း၊ ဘာသာ ပြန်ဆိုခြင်း သို့မဟုတ် ဆင့်ပွားလုပ်ငန်းများ ဖန်တီးပြုလုပ်ခြင်းတို့ မပြုလုပ်ရန်လည်း သဘောတူညီပါသည်။
  2. (ခ) အကန့်အသတ်ရှိသော အသုံးပြုသူ၏ရပိုင်ခွင့်များ၊ “စုစည်းရာ”၏အချက်အလက်ဆိုင်ရာ လိုင်စင် အသုံးပြုသူအချက်အလက်နှင့် “စုစည်းရာ”၏ အချက်အလက်တို့ကို ဝင်ရောက်သုံးစွဲရန်နှင့် ဝန်ဆောင်မှုများအား ကိုယ်ပိုင်အသုံးပြုရန်အတွက် “စုစည်းရာ” မှ လူကြီးမင်းအား ဖော်ပြပါ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကမ္ဘာအနှံ့အသုံးပြုနိုင်သော၊ သီးသန့်မူပိုင်မဟုတ်သော၊ လွှဲပြောင်း၍မရသော၊ လွှဲအပ်၍မရသော ကန့်သတ်လိုင်စင်တစ်ခုကို ခွင့်ပြုထုတ်ပေးလိုက်သည်။ လူကြီးမင်းအနေဖြင့် စာဖြင့်ရေးသားထားသည့် ခွင့်ပြုချက်မရှိဘဲ အဆိုပါလိုင်စင်အား အခြားသူထံ ပေးအပ်ခြင်း၊ ပြန်လည်ဖြန့်ဖြူးခြင်း၊ တစ်ဆင့်ခံလိုင်စင်ပေးခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ပြန်လည်ရောင်းချခြင်း၊ ငှားရမ်းခြင်း၊ မျှဝေခြင်း၊ အငှားချထားခြင်း၊ ပြင်ဆင်ခြင်း၊ မွမ်းမံခြင်း၊ ပြန်လည်တည်းဖြတ်ခြင်း၊ ဆင့်ပွားခြင်း သို့မဟုတ် မည်သည့်အသုံးပြုသူ အချက်အလက်ကိုဖြစ်စေ၊ “စုစည်းရာ” နှင့်သက်ဆိုင်သည့် အချက်အလက်ကိုဖြစ်စေ လွှဲပြောင်းသုံးစွဲခြင်းများ မပြုလုပ်ရပါ။ အသုံးပြုသူအချက်အလက်နှင့် “စုစည်းရာ” အချက်အလက်တို့သည် လိုင်စင်ရှိပြီးဖြစ်၍ လူကြီးမင်းထံ ရောင်းချလိုက်ခြင်းမျိုး မဟုတ်ပါ။ လူကြီးမင်းရရှိထားသော အသုံးပြုသူအချက် အလက်နှင့် “စုစည်းရာ” အချက်အလက်များ ဝင်ရောက်သုံးစွဲခွင့်လိုင်စင်အား “စုစည်းရာ” မှ အချိန်မရွေး ပြန်လည်ရုပ်သိမ်းခွင့်ရှိသည်။
  3. (ဂ) “စုစည်းရာ” ၏ ကုန်အမှတ်တံဆိပ်မူဝါဒ လူကြီးမင်းအနေဖြင့် “စုစည်းရာ” ၏ အမှတ်တံဆိပ် များကို ကမ်ပိန်းအတွက်သာ အသုံးပြုနိုင်မည်ဖြစ်သည်။

၉။ လူကြီးမင်း၏ဉာဏပစ္စည်း

လူကြီးမင်း၏ အသုံးပြုသူအချက်အလက်များသည် မြန်မာနိုင်ငံနှင့် နိုင်ငံခြား စာပေအနုပညာမူပိုင်ခွင့်နှင့် အခြားဉာဏပစ္စည်းမူပိုင်ခွင့်ဥပဒေများအရ လူကြီးမင်းပိုင်အဖြစ်တည်ရှိမည်ဖြစ်ပြီး အကန့်အသတ်မရှိ အကာအကွယ်ရပြီးဖြစ်သည်။ လူကြီးမင်းမှ အသုံးပြုသူအချက်အလက်များကို ဆိုဒ်ပေါ်တွင် သို့မဟုတ် ဝန်ဆောင်မှုများမှတစ်ဆင့် တင်သွင်းပေးပို့သည့်အခါ လူကြီးမင်းအနေဖြင့် အောက်ပါစည်းကမ်းသတ် မှတ်ချက်များကို သဘောတူညီပြီးဖြစ်သည်။

  1. (က) လူကြီးမင်းသည် “စုစည်းရာ”အား အသုံးပြုသူများ၏အချက်အလက်များကို အသုံးပြုခွင့်ပေးရမည်။ အသုံးပြုသူများ၏အချက်အလက်များနှင့် စပ်လျဉ်းသည့် စာပေအနုပညာမူပိုင်ခွင့်၊ နာမည် ကျော်ကြားမှု၊ ကုန်အမှတ်တံဆိပ်နှင့် သတင်းအချက်အလက်အစုအဝေးများအား အသုံးပြုခွင့်၊ ကျင့်သုံးခွင့်၊ စီးပွားဖြစ်ဆောင်ရွက်ခွင့်နှင့် ကမ္ဘာနှင့်အဝှမ်း၊ သီးသန့်မဟုတ်သော၊ အစဉ်တည်တံ့ သော၊ ရုပ်သိမ်း၍မရသော၊ မူပိုင်ခကင်းလွတ်သော၊ လိုင်စင်ခွဲ၍ရသော၊ လွှဲပြောင်းနိုင်သော အခွင့်အရေးကို ခွင့်ပြုပေးသည်။
  2. (ခ) “စုစည်းရာ” သည် အသုံးပြုသူအချက်အလက်များကို ပြောင်းလဲခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းများ ပြုလုပ်နိုင်သည်။ လူကြီးမင်းသည် မည်သည့်အသုံးပြုသူအချက်အလက်ကိုမဆို ပြောင်းလဲခြင်း၊ တည်းဖြတ်ခြင်း၊ ပြင်ဆင်ခြင်း၊ ဘာသာပြန်ဆိုခြင်း၊ ပုံစံချခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် ပြောင်းလဲ ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းတို့ပြုလုပ်ခွင့်ကို “စုစည်းရာ” အား ပေးအပ်ထားသည်။
  3. (ဂ) အသုံးပြုသူအချက်အလက်များနှင့်ပတ်သက်၍ လူကြီးမင်းတွင် ဥပဒေကြောင်းအရ ရပိုင်ခွင့်များ များအား ရထိုက်ခွင့်ရှိသည်။ (၁) လူကြီးမင်းတွင် လူကြီးမင်း၏ အသုံးပြုသူအချက် အလက်နှင့် စပ်လျဉ်း၍ ဤစည်းကမ်းသတ်မှတ်ချက်များတွင် သတ်မှတ်ပါရှိသော “စုစည်းရာ”အား ခွင့်ပြု ပေးရန် လိုအပ်သည့် လိုင်စင်များ၊ အခွင့်အရေးများ၊ သဘောဆန္ဒများနှင့် ခွင့်ပြုချက်များ အားလုံးရှိသည်။ (၂) လူကြီးမင်း၏အသုံးပြုသူအချက်အလက်များသည် မည်သူတစ်ဦးတစ် ယောက်၏ ဉာဏပစ္စည်းမူပိုင်ခွင့်များ၊ ပိုင်ဆိုင်ခွင့်များ၊ ကိုယ်ရေးကိုယ်တာအခွင့်အရေးများ၊ အတွင်းရေး၊ လူသိရှင်ကြား ထုတ်ဖော်ကြေငြာခွင့်တစ်ရပ်ရပ်ကိုမျှ ချိုးဖောက်ထားခြင်း မရှိစေရ၊ ဤစည်းကမ်းချက်များနှင့် သက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်ကို ချိုးဖောက်ထားခြင်းမရှိစေရ။ (၃) “စုစည်းရာ” သည် လူကြီးမင်း၏ အသုံးပြုသူအချက်အလက်များအား တစ်နည်းနည်းဖြင့် အသုံးပြုခြင်းအတွက် သို့မဟုတ် အသုံးပြုသူ သို့မဟုတ် အခြားစာချုပ်ဝင်တစ်ဦးဦးအပေါ် မည်သည့် ပေးရန်တာဝန်ရှိမှုမျှ မရှိကြောင်း မည်သည့်တတိယစာချုပ်ဝင်တစ်ဦးဦးထံမှ မည်သည့် လိုင်စင်၊ အခွင့်အရေး၊ သဘော ဆန္ဒ သို့မဟုတ် ခွင့်ပြုချက်မှ ရယူရန်မလိုအပ်သကဲ့သို့ ၎င်းတို့အား မည်သည့်ငွေပေးချေမှုမျှ ပေးချေရန်မလိုအပ်ပါ။

၁၀။ အသုံးပြုသူအကောင့်ဆိုင်ရာ “စုစည်းရာ” ၏ အခွင့်အရေးများနှင့် ရပ်စဲခြင်း

  1. (က) “စုစည်းရာ” သည် မည်သည့်အသုံးပြုသူအကောင့်ကိုမဆို အကြောင်းပြချက်တစ်ခုခုဖြင့်ဖြစ်စေ၊ အ ကြောင်းပြချက်တစ်ခုမျှ မရှိဘဲဖြစ်စေအချိန်မရွေး စောင့်ကြည့်ခွင့်၊ ရပ်စဲခွင့်၊ ဆိုင်းငံ့ထားခွင့် သို့မဟုတ် ဖျက်သိမ်းခွင့် ရှိသည်။ (အကောင့်အသုံးပြုခွင့်) ရပ်စဲရခြင်းအပေါ် မှတ်ချက်တစ်စုံတစ်ရာ မပေးခြင်းမှာ “စုစည်းရာ” ၏ မူဝါဒဖြစ်ပြီး “စုစည်းရာ” အနေဖြင့် လူကြီးမင်းအား ထိုရပ်စဲရခြင်း အတွက် အကြောင်းပြချက်ပေးရန် တာဝန်ရှိမည်မဟုတ်ပါ။
  2. (ခ) “စုစည်းရာ” သည် လူကြီးမင်း၏အကောင့် သို့မဟုတ် ကမ်ပိန်းနှင့် စပ်လျဉ်း၍ မည်သည့်အသုံးပြု ခြင်း အတွက်မျှ လူကြီးမင်းနှင့် တတိယစာချုပ်ဝင်များအပေါ် တာဝန်ရှိမည်မဟုတ်ပါ။ (အကောင့် အသုံးပြုခွင့်အား) ရပ်စဲသည်နှင့် လူကြီးမင်းအနေဖြင့် ဝန်ဆောင်မှုများနှင့် အသုံးပြုသူ အချက် အလက်များကို (ရယူ)အသုံးပြုခြင်း အားလုံးအားရပ်တန့်ရမည်ဖြစ်သည်။ ကိုယ်စားပြုခြင်းများနှင့် အာမခံ ချက်များအားလုံးသည် ရပ်စဲခြင်းကို ကျော်လွန်၍အကျုံးဝင်သက်ရောက်မှုရှိမည်ဖြစ်သည်။

၁၁။ ငွေပေးချေခြင်းဆိုင်ရာဝန်ဆောင်မှုများ

  1. (က) “စုစည်းရာ” တွင် ကမ်ပိန်းပြုလုပ်သူများအတွက် အကြွေးဝယ်ကဒ်ဖြင့် ပေးချေသည့် ဝန်ဆောင်မှု များကို Stripe, Inc. သို့မဟုတ် CB Bank (“ကြွေးဝယ်ကဒ်ဝန်ဆောင်မှုကုမ္ပဏီ”) နှင့် ၎င်းတို့အကြားချုပ်ဆိုထားသည့် သဘောတူ စာချုပ်အရ ဝန်ဆောင်မှုပေးမည်ဖြစ်သည်။ ကမ်ပိန်းပြုလုပ်သူတစ်ဦးအနေဖြင့် လူကြီးမင်းအား ကြွေးဝယ်ကဒ်ဝန်ဆောင်မှုကုမ္ပဏီသဘောတူစာချုပ် (ကြွေးဝယ်ကဒ် ဝန်ဆောင်မှု ကုမ္ပဏီမှ အခါအားလျော်စွာပြင်ဆင်မည်ဖြစ်သည့်) မှ စည်းနှောင်မှုရှိမည်ကို သဘောတူညီပါသည်။ ကြွေးဝယ်ကဒ်ဝန်ဆောင်မှုကုမ္ပဏီမှတစ်ဆင့် ပြုလုပ်သည့် ကြွေးဝယ်ကဒ်ဖြင့်ပေးချေသည့် ဝန်ဆောင်မှုများကို “စုစည်းရာ” မှ အသုံးပြုခွင့်ရရှိနိုင်စေရန် စည်းကမ်းချက်တစ်ရပ်အနေဖြင့် “စုစည်းရာ” အား လူကြီးမင်းနှင့် လူကြီးမင်း၏လုပ်ငန်းတို့၏ တိကျပြည့်စုံသည့် သတင်းအချက် အလက်များကို ပေးအပ်ရန်နှင့် ထိုအချက်အလက်များနှင့်တကွ ကြွေးဝယ်ကဒ်ဝန်ဆောင်မှု ကုမ္ပဏီမှပေးအပ်သည့် ဝန်ဆောင်မှုများကို အသုံးပြု၍ ငွေပေးချေမှု ပြုလုပ်ရန် လူကြီးမင်းမှ အသုံး ပြုခြင်းနှင့် စပ်လျဉ်းသည့် ငွေလွှဲပြောင်းမှုဆိုင်ရာ သတင်းအချက်အလက်များကို ကြွေးဝယ်ကဒ် ဝန်ဆောင်မှုကုမ္ပဏီနှင့် ဝေမျှရန် “စုစည်းရာ”အား အခွင့်အာဏာပေးအပ်ပြီးဖြစ်သည်။ မည်သည့် ကိစ္စရပ်မျိုးတွင်မဆို ဝန်ဆောင်ခတစ်ရပ်ရပ်တွင် သာမန်ကြွေးဝယ်ကဒ်ဝန်ဆောင်ခ သို့မဟုတ် အခြားသောတတိယစာချုပ်ဝင်များမှကျခံရသည့် အခကြေးငွေများတစ်ရပ်ရပ်တို့ အပါအဝင်ဖြစ် သည်။ “စုစည်းရာ” သည် တတိယစာချုပ်ဝင်တစ်ဦးဦး၏ ကြွေးဝယ်ကဒ်အသုံးပြုခြင်းသို့မဟုတ် တတိယစာချုပ်ဝင်မှ ငွေပေးချေမှုဝန်ဆောင်မှုများ ရယူသုံးစွဲခြင်းတို့အတွက် “စုစည်းရာ” မှ တာဝန် ရှိမည်မဟုတ်ပါ။

၁၂။ စနစ်ချို့ယွင်းမှုများနှင့် ပြုပြင်ထိန်းသိမ်းခြင်း

စီစဉ်ထားသည့် ပြုပြင်ထိန်းသိမ်းမှုများနှင့် အခြားကိစ္စရပ်များအလို့ငှာသော်လည်းကောင်း၊ စီစဉ်မထား သော စနစ်ချို့ယွင်းမှုများ သို့မဟုတ် အခြားသော ချို့ယွင်းမှုများကြောင့်သော်လည်းကောင်း ဝန်ဆောင်မှု များအား အသုံးပြု၍မရပါက သို့မဟုတ် လူကြီးမင်း၏ အချက်အလက်၊ သတင်းအချက်အလက်များ သို့မဟုတ် အသုံးပြုသူအချက်အလက်များကို မည်သည့်အကြောင်းကြောင့်မဆို ပျက်စီးဆုံးရှုံးရပါက “စုစည်းရာ” တွင် တာဝန်မရှိပါ။

၁၃။ နစ်နာဆုံးရှုံးမှုလျော်ကြေး

  1. (က) လူကြီးမင်းအနေဖြင့် “စုစည်းရာ” နှင့်တကွ “စုစည်းရာ”၏ လက်အောက်ခံကုမ္ပဏီများ၊ ပေါင်းစည်းထားသည့် ကုမ္ပဏီများနှင့် ယင်းတို့၏ အရာရှိများ၊ ဒါရိုက်တာများ၊ ဝန်ထမ်းများ၊ စီးပွားဖက်များ၊ ကန်ထရိုက်တာများ (စာချုပ်ချုပ်ဆိုထားသူများ)၊ ကိုယ်စားလှယ်များ၊ အေးဂျင့်များ နှင့် တတိယစာချုပ်ဝင်အဖြစ်ပံ့ပိုးပေးသူများကို တောင်းဆိုမှုများ၊ တရားစွဲဆိုရန် အကြောင်းရင်း များ၊ ပျက်စီးဆုံးရှုံးမှုနစ်နာကြေးများ၊ တာဝန်ရှိမှုများ၊ ဆုံးရှုံးမှုများ၊ ပေးရန်တာဝန်ရှိမှုများ၊ ကုန်ကျ စရိတ် သို့မဟုတ် ကြွေးမြီနှင့် အသုံးစရိတ်များ (ကျိုးကြောင်းဆီလျော်သည့် ရှေ့နေခနှင့် ကုန်ကျ စရိတ်များ အပါအဝင်) နှင့် ဤစည်းကမ်းသတ်မှတ်ချက်များ (အကျိုးခံစားခွင့်များပေးရန် သို့မဟုတ် ထည့်ဝင်လှူဒါန်းမှုအတွက် ပြန်အမ်းရန်ပျက်ကွက်ခြင်းတို့အပါအဝင် ယင်းတို့ချည်းသာ မကသော) ကို ဖောက်ဖျက်ခြင်း သို့မဟုတ် ဥပဒေတစ်ရပ်ရပ်အား ကျူးလွန်ဖောက်ဖျက်ခြင်းတို့မှ ပေါ်ပေါက်လာသော သို့မဟုတ် ယင်းတို့နှင့် စပ်လျဉ်းသော ကိစ္စရပ်များအား ဖြေရှင်းရာတွင် ပေးချေရသည့် ငွေပမာဏတစ်ခုခုနှင့် အားလုံးထံမှ နှင့် ၎င်းတို့ကို ဆန့်ကျင်၍ ကာကွယ်ပေးရန်၊ တာဝန်ခံမှုမှ ကင်းလွတ်စေရန်နှင့် ထိခိုက်နစ်နာမှုမှ ကင်းလွတ်စေရန် သဘောတူပါသည်။

၁၄။ အာမခံမှုမရှိခြင်း

“စုစည်းရာ”အနေဖြင့် အသုံးပြုသူမည်သူတစ်ဦးတစ်ယောက်ကိုမဆို မည်သည့်တာဝန်မျှမရှိပါ။ ရရှိနိုင် အောင်ပြုလုပ်ထားသည့် သို့မဟုတ် ဝန်ဆောင်မှုများအား အသုံးပြုခြင်းမှတစ်ဆင့်ရရှိနိုင်သည့် ဝန်ဆောင်မှုများ၊ “စုစည်းရာ” ၏ အချက်အလက်များ၊ အသုံးပြုသူအချက်အလက်များနှင့် အခြား မည်သည့် အရာများကိုမဆို “အရှိအတိုင်း” နှင့် “ရနိုင်သည့်အတိုင်း” ပံ့ပိုးပေးထားခြင်းဖြစ်သည်။ ထိုသို့ ပံ့ပိုးပေးခြင်းများတွင် ရောင်းချနိုင်စွမ်းရှိမှုနှင့် သီးခြားရည်ရွယ်ချက်တစ်ခုအတွက်သင့်လျော်မှုတို့၏ တိုက်ရိုက်မဟုတ်သော အာမခံချက်များ၊ ဖောက်ဖျက်ခြင်းမပြုဘဲလိုက်နာရမည်ကိစ္စရပ်များ(မူပိုင်ခွင့် စသည်) သို့မဟုတ် ဆောင်ရွက်ရန်သတ်မှတ်ထားသည်တို့အပါအဝင် ယင်းတို့ချည်းသာမဟုတ်သော အတိအလင်း ဖော်ပြထားသည့် သို့မဟုတ် တိုက်ရိုက်မဟုတ်သည့် အာမခံချက်များမှမပါရှိပါ။ သက်ဆိုင်ရာဥပဒေများမှ ခွင့်ပြုနိုင်သည့်အတိုင်းအတာအလျောက် “စုစည်းရာ” နှင့် ၎င်းနှင့် ပေါင်းစည်း ထားသူများ၊ လိုင်စင်အသုံးပြုခွင့်ပေးသူများ၊ ထောက်ပံ့သူများ၊ ကြော်ငြာသူများ၊ စပွန်ဆာပေးသူများနှင့် အေးဂျင့်ကိုယ်စားလှယ်များသည် ရပိုင်ခွင့်လုပ်ပိုင်ခွင့်များ၊ ဖောက်ဖျက်ခြင်းမပြုဘဲ လိုက်နာရမည့် ကိစ္စရပ်များ၊ တိကျသေချာမှု၊ ကုန်သွယ်နိုင်စွမ်းနှင့် သီးခြားရည်ရွယ်ချက်တစ်ခုအတွက် သင့်လျော်မှုတို့၏ တိုက်ရိုက်မဟုတ်သည့် အာမခံချက်များအပါအဝင် ယင်းတို့သာမကသော အတိအလင်းဖော်ပြထားသည့် သို့မဟုတ် တိုက်ရိုက်မဟုတ်သည့် အာမခံချက်များအားလုံးနှင့်တကွ အရောင်းအဝယ်ကိစ္စရပ်များ၊ ဆောင်ရွက်ရန်သတ်မှတ်ထားချက် သို့မဟုတ် ကုန်သွယ်မှုအသုံးအနှုန်းများမှ ပေါ်ပေါက်လာနိုင်သည့် မည်သည့်အာမခံချက်ကိုမဆို မသက်ဆိုင်ကြောင်း ငြင်းဆိုပါသည်။ ဝန်ဆောင်မှုများအား လူကြီးမင်းမှ အသုံးပြုသည့်အခါ ဝန်ဆောင်မှုကြားဖြတ်ခံရခြင်း၊ မှန်ကန်စွာအလုပ်မလုပ်ခြင်း သို့မဟုတ် လုံခြုံစိတ်ချ ရမှုမရှိခြင်းတို့ ဖြစ်ပွားခြင်းမရှိစေရဟု သော်လည်းကောင်း၊ ယင်းကဲ့သို့သော ချို့ယွင်းချက်များအား ပြင်ဆင်ပေးမည်ဟု သော်လည်းကောင်း၊ ဝန်ဆောင်မှုများ သို့မဟုတ် ထိုဝန်ဆောင်မှုများအား လက်ခံ ဆောင်ရွက်ပေးသော ဆာဗာများသည် ဗိုင်းရပ်စ် သို့မဟုတ် အခြားအန္တရာယ်ရှိသည့် အရာများကင်းရှင်း သည်ဟုလည်းကောင်း “စုစည်းရာ”နှင့်တကွ ၎င်းနှင့်ပေါင်းစည်းထားသူများ၊ လိုင်စင်အသုံးပြုခွင့်ပေးသူ များ၊ ပံ့ပိုးပေးသူများ၊ ကြော်ငြာပေးသူများ၊ စပွန်ဆာပေးသူများနှင့် အေးဂျင့်ကိုယ်စားလှယ်များမှ အာမခံခြင်းမရှိပါ။ ဝန်ဆောင်မှုများကိုအသုံးပြုခြင်းမှတစ်ဆင့်ဖြစ်စေ၊ တတိယစာချုပ်ဝင်၏ ပလက် ဖောင်းများမှတစ်ဆင့်ဖြစ်စေ၊ အခြားတစ်နည်းနည်းဖြင့်ဖြစ်စေ “စုစည်းရာ”နှင့်တကွ ၎င်းနှင့် ပေါင်းစည်း ထားသူများ၊ လိုင်စင်အသုံးပြုခွင့်ပေးသူများ၊ ပံ့ပိုးပေးသူများ၊ ကြော်ငြာပေးသူများ၊ စပွန်ဆာ ပေးသူများ၊ အေးဂျင့်ကိုယ်စားလှယ်များနှင့် အဖွဲ့ဝင်များ သို့မဟုတ် ဝင်ရောက်ကြည့်ရှုသူများမှ ပြုလုပ် သည့် ထင်မြင်ချက်၊ အကြံဉာဏ် သို့မဟုတ် ဖော်ပြချက်တစ်စုံတစ်ရာအား အာမခံချက်အဖြစ် သတ်မှတ်မည် မဟုတ်ပါ။ တတိယစာချုပ်ဝင်ပလက်ဖောင်းတွင် ရယူနိုင်သည့် ဝန်ဆောင်မှုများအပါအဝင် ယင်းတို့ သာမကသော ဝန်ဆောင်မှုများအား လူကြီးမင်းမှအသုံးပြုခြင်းမှ ဖြစ်ပေါ်လာနိုင်ခြေရှိသော အန္တရာယ်ကို မိမိဘာသာတာဝန်ယူရမည်ဖြစ်သည်။

၁၅။ တာဝန်ရှိမှုအားမသက်ဆိုင်ကြောင်းငြင်းဆိုခြင်း

  1. (က) ဝန်ဆောင်မှုများ၏ဖြစ်ပေါ်နိုင်ချေရှိသောအန္တရာယ်ကို မိမိဘာသာတာဝန်ယူ၍ အသုံးပြုရမည် ဖြစ်သည်။ ကမ်ပိန်း၊ အကျိုးခံစားခွင့်များ သို့မဟုတ် ထည့်ဝင်လှူဒါန်းမှုများ၏ အရည်အသွေး၊ လုံခြုံ စိတ်ချရမှု၊ ကျင့်ဝတ်သိက္ခာရှိမှု သို့မဟုတ် တရားဝင်မှုတို့နှင့် စပ်လျဉ်း၍ ဖြစ်စေ၊ ဝန်ဆောင်မှု များတွင် မည်သည့် ကိုယ်စားပြုခြင်းကိုမျှ “စုစည်းရာ” မှ ပြုလုပ်ခြင်းမရှိပါ။ အကျိုးခံစားခွင့် တစ်ရပ်ရပ်ပေးမည်ဟုသော်လည်းကောင်း၊ (ပေးရန်)ဆောင်ရွက်ပေးမည်ဟုသော်လည်းကောင်း၊ ထည့်ဝင်လှူဒါန်းမှုများကို ကမ်ပိန်းတွင် ဖော်ပြထားသကဲ့သို့ အသုံးပြုမည်ဟု သော်လည်း ကောင်း “စုစည်းရာ” မှ အာမခံခြင်းမရှိပါ။ ဆိုဒ်ပေါ်တွင် သို့မဟုတ် ဝန်ဆောင်မှုများနှင့် ၎င်းနည်းတူတို့တွင် တင်ပြထားသော အသုံးပြုသူအချက်အလက်များကို “စုစည်းရာ” မှ ထိန်းချုပ်ခြင်း သို့မဟုတ် ထောက်ခံချက်ပေးခြင်းများ မပြုလုပ်ပါ။ ထို့အပြင် အသုံးပြုသူအချက်အလက်များ၏ ယုံကြည် စိတ်ချရမှု၊ အကျုံးဝင်မှု၊ တိကျမှု သို့မဟုတ် မှန်ကန်မှုတို့အတွက် မည်သည့်နည်းနှင့်မျှ “စုစည်းရာ”မှ အာမခံခြင်းမရှိပါ။ ဝန်ဆောင်မှုများအား လူကြီးမင်းမှ အသုံးပြုခြင်းနှင့် စပ်လျဉ်း သော မည်သည့်နစ်နာဆုံးရှုံးမှုအတွက်မဆို “စုစည်းရာ” မှ တာဝန်ရှိမည် မဟုတ်ပါ။ ဝန်ဆောင်မှု များကိုအသုံးပြုခြင်းနှင့် စပ်လျဉ်း၍ အသုံးပြုသူများအကြားဖြစ်ပွားသော သို့မဟုတ် အသုံးပြုသူ များနှင့် တတိယစာချုပ်ဝင်တစ်ရပ်ရပ်အကြား ဖြစ်ပွားသော အငြင်းပွားများတွင် “စုစည်းရာ”မှ ပါဝင်မည်မဟုတ်ပါ။
  2. (ခ) လူကြီးမင်းသည် “စုစည်းရာ”အား တောင်းဆိုမှုများအားလုံးမှ ကင်းလွတ်စေရမည်။ ဝန်ဆောင်မှု များအား အသုံးပြုရာတွင် ထိုအငြင်းပွားမှုများနှင့် ဝန်ဆောင်မှုများမှ ပေါ်ပေါက်လာသော သို့မဟုတ် ယင်းတို့နှင့် တစ်နည်းနည်းဖြင့်စပ်လျဉ်း၍ သိလျက်ဖြစ်စေ မသိဘဲဖြစ်စေ၊ သံသယဖြင့်ဖြစ်စေ၊ သံသယမရှိဘဲဖြစ်စေ၊ ထုတ်ဖော်ပြောကြား၍ ဖြစ်စေ၊ ထုတ်ဖော်ပြောကြားခြင်းမပြုဘဲဖြစ်စေ ပြုလုပ်သည့် တောင်းဆိုမှုများ၊ နစ်နာဆုံးရှုံးမှုလျော်ကြေးများနှင့် တောင်းခံမှုများမှ “စုစည်းရာ” အား လွတ်ကင်းစေရမည်။ ဝန်ဆောင်မှုများမှတစ်ဆင့် ရယူအသုံးပြုသည့် အချက်အလက်များအား လုံး၏ ဖြစ်ပေါ်လာနိုင်ခြေရှိသည့် အန္တရာယ်ကို လူကြီးမင်းမှ မိမိဘာသာတာဝန်ယူရမည်ဖြစ်ပြီး စာချုပ်ဝင်တစ်ဦးဦးအား နစ်နာဆုံးရှုံးမှုတစ်ရပ်ရပ်ဖြစ်ပေါ်စေခဲ့ပါက လူကြီးမင်းတစ်ဦးတည်းသာ လျှင် တာဝန်ရှိမည်ဖြစ်သည်။
  3. (ဂ) ဥပဒေမှခွင့်ပြုသည့် အများဆုံးအတိုင်းအတာအလျောက် ဝန်ဆောင်မှုများနှင့် အသုံးပြုသူအချက်အ လက်များကို လူကြီးမင်းမှ ရယူအသုံးပြုခြင်းမှသော်လည်းကောင်း၊ လူကိုယ် တိုင်ဖြစ်စေ၊ အွန်လိုင်း ပေါ်တွင်ဖြစ်စေ အခြားသောအသုံးပြုသူများနှင့် တတိယစာချုပ်ဝင်များနှင့် လူကြီးမင်းမှ ရယူခဲ့ သည့် အဆက်အသွယ်များမှ ပေါ်ပေါက်လာသည့် အန္တရာယ်အလုံးစုံအတွက် လူကြီးမင်းဘာသာ တာဝန်ယူရမည်ကြောင်းကို လူကြီးမင်းအနေဖြင့် နားလည်သိရှိသဘောတူညီပြီးဖြစ်သည်။ (က) အကျိုးအမြတ်ဆုံးရှုံးမှုများ၊ အချက်အလက် သို့မဟုတ် ဂုဏ်သတင်းဆုံးရှုံးမှုများအပါအဝင် မတော်တဆဖြစ်ပွားသည့်ပျက်စီးဆုံးရှုံးမှုများ၊ အထူးပျက်စီးဆုံးရှုံးမှုများ၊ စံနမူနာ သို့မဟုတ် နောက်ဆက်တွဲပျက်စီးဆုံးရှုံးမှုများ (ခ) ဝန်ဆောင်မှုရပ်တန့်ခြင်း၊ ကွန်ပျူတာ သို့မဟုတ် စနစ်ချို့ယွင်းမှု (ဂ) အစားထိုးထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများ၏ ကုန်ကျစရိတ်များ (ဃ) ဤစည်းကမ်းသတ်မှတ်ချက်များမှပေါ်ပေါက်လာသော သို့မဟုတ် ယင်းတို့ နှင့်စပ်လျဉ်း၍ ပေါ်ပေါက်လာသော ပုဂ္ဂိုလ်ရေးနစ်နာဆုံးရှုံးမှုများ သို့မဟုတ် ခန္ဓာကိုယ်ထိခိုက်မှုများ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာအနှောင့်အယှက်ဖြစ်မှုများ (င) ဝန်ဆောင်မှုများအား အသုံးပြုခြင်း သို့မဟုတ် အသုံးပြု၍မရခြင်း (စ) ဝန်ဆောင်မှုများအား လူကြီးမင်းမှ အသုံးပြုခြင်းကြောင့် လူကြီး မင်းမှ အခြားအသုံးပြုသူများ သို့မဟုတ် အခြားသူများနှင့် ပြုလုပ်ရသည့် အဆက်အသွယ်များ သို့မဟုတ် အပြန်အလှန်ပြောဆိုဆက်သွယ်မှုများ (ဆ) လူကြီးမင်း၏ကမ်ပိန်းများနှင့် ထည့်ဝင်လှူဒါန်းမှုများ အတွက် ဝန်ဆောင်မှုများကိုဖန်တီးရာတွင်၊ ထုတ်လုပ်ရာတွင် သို့မဟုတ် ပို့ဆောင်ပေးအပ်ရာတွင် ပါဝင်ပတ်သက်သည့် “စုစည်းရာ”သည်လည်းကောင်း၊ အခြားစာချုပ်ဝင်တစ်ဦးဦးသည်လည်း ကောင်း တာဝန်ရှိမည်မဟုတ်ပါ (အာမခံ၊ စာချုပ်၊ တရားမနစ်နာမှု (တာဝန်ပျက်ကွက်မှု အပါအဝင်)၊ ထုတ်ကုန်ပစ္စည်းတာဝန်ရှိမှု သို့မဟုတ် အခြားသော ဥပဒေသီအိုရီတစ်ခုခုကို အခြေခံ၍ ဖြစ်စေ၊ ထိုကဲ့သို့သောပျက်စီးဆုံးရှုံးမှု၏ဖြစ်နိုင်ခြေကို “စုစည်းရာ” အားအကြောင်းကြားထား သည်ဖြစ်စေ၊ အကြောင်းမကြားထားသည်ဖြစ်စေ၊ ဤတွင်ဖော်ပြပါရှိသည့် ကန့်သတ်ကုစားမှု တစ်ရပ်ရပ်သည် ယင်း၏အဓိကရည်ရွယ်ချက်ကို ဖြည့်ဆည်းပေးရန် ပျက်ကွက်ကြောင်း တွေ့ရှိလျှင်သော်မှ)။

    (ဃ) စည်းကမ်းသတ်မှတ်ချက်များ၊ ဝန်ဆောင်မှုများ သို့မဟုတ် အသုံးပြုသူအချက်အလက်များနှင့် စပ်လျဉ်း၍ ပေါ်ပေါက်လာသော သို့မဟုတ် ဝန်ဆောင်မှုများအားအသုံးပြုခြင်း သို့မဟုတ် အသုံးပြု၍မရခြင်းတို့မှ ပေါ်ပေါက်လာသော “စုစည်းရာ” နှင့်တကွ ၎င်းနှင့်ပေါင်းစည်းထားသူများ နှင့် လက်အောက်ခံများနှင့် ယင်းတို့၏ သက်ဆိုင်ရာ အရာရှိများ၊ ဒါရိုက်တာများ၊ ဝန်ထမ်းများနှင့် အေးဂျင့်ကိုယ်စားလှယ်များ၏ တာဝန်ရှိမှုစုစုပေါင်းပမာဏသည် ဤစည်းကမ်းသတ်မှတ်ချက်များ အရ “စုစည်းရာ” အား လူကြီးမင်းမှ အမှန်တကယ် ပေးချေပြီးဖြစ်သည့် အဖိုးအခစုစုပေါင်းပမာဏ (အကယ်၍ မည်သည့် သက်ဆိုင်ရာပေးချေမှုမျှ ပြုလုပ်ထားခြင်းမရှိပါက အမေရိကန်ဒေါ်လာ (၅၀)) ကိုမည်သည့်ဖြစ်ရပ်တွင်မျှ ကျော်လွန်ခြင်းမရှိစေရ။

၁၆။ မသက်ဆိုင်ကြောင်းငြင်းဆိုခြင်း

“စုစည်းရာ” မည်သည့် ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ် သို့မဟုတ် ဆန်းစစ်ချက်မျှ ပေးမည်မဟုတ်သကဲ့သို့ ကုမ္ပဏီ တစ်ခုခုတွင် ရင်းနှီးမြှုပ်နှံရန်သော်လည်းကောင်း၊ အခြားရင်းနှီးမြှုပ်နှံသူတစ်ဦးဦးအတွက် ရင်းနှီးမြှုပ်နှံရန်သင့်လျော်ကြောင်းသော်လည်းကောင်း ထောက်ခံချက်ပေးခြင်း သို့မဟုတ် အကြံပြုချက် ပေးခြင်းတို့ ပြုလုပ်ခြင်းမရှိပါ။ “စုစည်းရာ” သည် မည်သည့် ပွဲစား သို့မဟုတ် စီးပွားရေး သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုအကြံပေးအဖြစ် ဝန်ဆောင်မှုပေးခြင်းမျိုးကိုမျှ ပြုလုပ်ခြင်းမရှိပါ။ “စုစည်းရာ”သည် ၎င်း၏ဝက်ဘ်ဆိုဒ်ပေါ်တွင် တွေ့ရှိနိုင်သည့် သတင်းအချက်အလက်များ၏ လုံလောက်မှု၊ တိကျမှုနှင့် ပြည့်စုံမှုတို့အပေါ် မည်သည့် ကိုယ်စားပြုခြင်း သို့မဟုတ် အာမခံချက်ပေးခြင်းမျှ ပြုလုပ်မည်မဟုတ်ပါ။ ဤတွင်ဖော်ပြထားသည့် အတွေးအမြင်များ သို့မဟုတ် ခန့်မှန်းချက်များသည် “စုစည်းရာ” ပိုင်သာဖြစ် ပြီး ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်အဖြစ် ရည်ရွယ်ထားခြင်းမဟုတ်ပါ။ ၎င်းတို့ကိုလည်း မည်သည့် အကြောင်းကြားစာမျှပေးပို့ခြင်းမရှိဘဲ ပြောင်းလဲမည်ဖြစ်သည်။

၁၇။ အငြင်းပွားမှုဖြေရှင်းခြင်းနှင့် အနုညာတခုံသမာဓိစီရင်ဆုံးဖြတ်ခြင်း

ဤပြဌာန်းချက်အပိုဒ်အား သေချာဖတ်ရှုပါရန်။ ဤအပိုဒ်သည် လူကြီးမင်း၏ တရားရုံး၌ တရားစွဲဆိုပိုင်ခွင့် အပါအဝင် လူကြီးမင်း၏ဥပဒေကြောင်းအရ ရပိုင်ခွင့်များအပေါ် သက်ရောက်မှုရှိသည်။

ကိစ္စရပ်အများစုကို ခုံသမာဓိလူကြီးတစ်ဦးဦး၏ အကူအညီမပါဘဲ ဖြေရှင်းနိုင်သည့်အတွက် လူကြီးမင်း အနေဖြင့် အကြောင်းကိစ္စတစ်စုံတစ်ရာရှိပါက “စုစည်းရာ” အား ဆက်သွယ်ပေးပါရန် တိုက်တွန်း လိုပါသည်။ “စုစည်းရာ” အား အသုံးပြုခြင်းနှင့်စပ်လျဉ်းသော သို့မဟုတ် ဤစည်းကမ်းသတ်မှတ်ချက် များနှင့် စပ်လျဉ်း၍ ပေါ်ပေါက်လာသော မည်သည့်အငြင်းပွားမှုကိုမဆို (ဤစည်းကမ်းသတ်မှတ်ချက် များ၏ တည်ရှိမှု၊ အကျုံးဝင်မှု သို့မဟုတ် ရပ်စဲခြင်းတို့နှင့် စပ်လျဉ်း၍ ငြင်းချက်ထုတ်ခြင်းတို့ အပါအဝင်) စင်ကာပူသမ္မတနိုင်ငံ၏ နိုင်ငံတကာအနုညာတစီရင်ဆုံးဖြတ်ရေးစင်တာသို့တင်သွင်း၍ လက်ရှိတွင် အာဏာသက်ရောက်လျက်ရှိသည့် စင်ကာပူနိုင်ငံတကာအနုညာတစီရင်ဆုံးဖြတ်ရေးစင်တာ၏ အနု ညာတစီရင် ဆုံးဖြတ်ရေးနည်းဥပဒေများအရ အပြီးသတ်အဆုံးအဖြတ်ခံယူမည်ဖြစ်သည်။

ခုံသမာဓိစီရင်ဆုံးဖြတ်မှုပြုလုပ်မည့် နေရာသည် စင်ကာပူနိုင်ငံဖြစ်သည်။ ခုံအဖွဲ့တွင် ခုံလူကြီး (၃) ဦးပါ ဝင်မည်ဖြစ်သည်။ ခုံသမာဓိစီရင်ဆုံးဖြတ်မှုပြုလုပ်မည့် ဘာသာစကားသည် အင်္ဂလိပ်ဘာသာစကားဖြစ် သည်။

ဤစည်းကမ်းသတ်မှတ်ချက်များကို မြန်မာနိုင်ငံ၏ဥပဒေများမှ လွှမ်းမိုးမည်ဖြစ်သည်။ အကယ်၍ ဤစည်းကမ်းသတ်မှတ်ချက်များကို အင်္ဂလိပ်ဘာသာစကားမှ လွဲ၍ အခြားဘာသာစကားတစ်ခုခုသို့ ဘာသာပြန်ဆိုသည်ရှိသော် ထိုဘာသာပြန်ဆိုချက်သည် ရည်ညွှန်းရန်သက်သက်သာဖြစ်ပြီး အင်္ဂလိပ်ဘာ သာစကားဖြင့်ရေးသားထားသည်ကသာ အမြဲတမ်းလွှမ်းမိုးမည်ဖြစ်သည်။

ဤ “အငြင်းပွားမှုဖြေရှင်းခြင်းနှင့် အနုညာတစီရင်ဆုံးဖြတ်ခြင်း” အပိုဒ်သည် လူကြီးမင်း၏အကောင့်၊ဤစည်းကမ်း သတ်မှတ်ချက်များ သို့မဟုတ် ဝန်ဆောင်မှုများအား ရပ်စဲခြင်းတို့ကို လွန်မြောက်၍ ဆက်လက်အကျုံးဝင်သက်ရောက်မှုရှိသည်။

၁၈။ အနက်အဓိပ္ပါယ်ဖွင့်ဆိုချက်များ

  1. (က) “ကမ်ပိန်းပြုလုပ်သူများ” ဆိုသည်မှာ ဆိုဒ်နှင့် ဝန်ဆောင်မှုများမှတစ်ဆင့် ရံပုံငွေထူထောင်သည့် အသုံးပြုသူများကို ဆိုလိုသည်။
  2. (ခ) “ကမ်ပိန်းများ” ဆိုသည်မှာ ဝန်ဆောင်မှုများမှတစ်ဆင့် ရံပုံငွေထူထောင်သည့် ကမ်ပိန်းပြုလုပ်သူ များ၏ စည်းရုံးလှုံ့ဆော်မှု (ကမ်ပိန်း)များကိုဆိုလိုသည်။
  3. (ဂ) “ပါဝင်သည့်အကြောင်းအရာ” ဆိုသည်မှာ ဝန်ဆောင်မှုများမှ တစ်ဆင့် ကမ်းလှမ်းပေးသည့် ရွေးချယ်မှုများနှင့် စီစဉ်ဆောင်ရွက်မှုများအပါအဝင် ဆော့ဖ်ဝဲ၊ နည်းပညာ၊ ဒီဇိုင်း၊ ပစ္စည်းများ၊ သတင်းအချက်အလက်၊ ဆက်သွယ်ပြောဆိုမှုများ၊ စာသား၊ ဂရပ်ဖစ်ဒီဇိုင်းရုပ်ပုံစသည်၊ လင့်ခ်၊ အီလက်ထရောနစ်အနုပညာ၊ အန်နီမေးရှင်း၊ ရုပ်ပုံထည့်သွင်းဖော်ပြခြင်းများ၊ သရုပ်ဖော်ပုံ၊ တစ်ပိုင်းတစ်စဖြတ်ပြသောအသံဖိုင်၊ ဗီဒီယိုအတို၊ ဓာတ်ပုံ၊ ရုပ်ပုံ၊ သုံးသပ်ချက်၊ စိတ်ကူး အတွေးအခေါ်များနှင့် အခြား အချက်အလက်များ သို့မဟုတ် စာပေအနုပညာမူပိုင်ခွင့်ရှိနေနိုင် သော ပစ္စည်းများ သို့မဟုတ် အကြောင်းအရာများ ကိုဆိုလိုသည်။
  4. (ဃ) “ထည့်ဝင်လှူဒါန်းသူများ” ဆိုသည့် စကားရပ်သည် ကမ်ပိန်းများသို့ ရံပုံငွေထည့်ဝင်လှူဒါန်းသူ များကို ရည်ညွှန်းပါသည်။
  5. (င) “ထည့်ဝင်လှူဒါန်းမှုများ” ဆိုသည့် စကားရပ်သည် ကမ်ပိန်းများသို့ ထည့်ဝင်လှူဒါန်းသူများမှ လှူဒါန်းသည့် ထည့်ဝင်ကြေးများကို ရည်ညွှန်းပါသည်။
  6. (စ) “စုစည်းရာ” ဆိုသည့် စကားရပ်သည် မြန်မာနိုင်ငံတွင် မိခင်ကုမ္ပဏီ၊ လက်အောက်ခံကုမ္ပဏီများ၊ ပေါင်းစည်းထားသူများ၊ အေးဂျင့်ကိုယ်စားလှယ်များ၊ ကိုယ်စားလှယ်များ၊ အတိုင်ပင်ခံများ၊ အလုပ်သမားများ၊ အရာရှိများနှင့် ဒါရိုက်တာများနှင့်တကွ ကန့်သတ်အစုရှယ်ယာများဖြင့် ဖွဲ့စည်း တည်ထောင်ထားသော Aluto Benli ကုမ္ပဏီလီမိတက်မှ ပေးအပ်သည့် ဝန်ဆောင်မှုကို ဆိုလို သည်။
  7. (ဆ) “စုစည်းရာ၏အကြောင်းအရာ” ဆိုသည့် စကားရပ်သည် ဆော့ဖ်ဝဲ၊ ကုန်ပစ္စည်းများနှင့် ဆိုဒ်တို့ အပါအဝင် ၎င်းတို့သာမကသော ဝန်ဆောင်မှုများနှင့် ဆက်စပ်၍ Aluto Benli ကုမ္ပဏီ လီမိတက်မှ အသုံးပြုသူများသို့ ပေးအပ်သော အကြောင်းအရာများကို ဆိုလိုသည်။
  8. (ဇ) “ချိုးဖောက်မှု” ဆိုသည့်စကားရပ်သည် အခွင့်မရှိသော သို့မဟုတ် စာပေအနုပညာမူပိုင်ခွင့် သို့မဟုတ် အခြားသော ဉာဏပစ္စည်းမူပိုင်ခွင့်များဖြင့်ကာကွယ်ထားသော ပစ္စည်းများအား ခွင့်ပြု ချက်မရှိဘဲ အသုံးပြုခြင်းကို ရည်ညွှန်းသည်။
  9. (ဈ) “အမှတ်တံဆိပ်များ” ဆိုသည့် စကားရပ်သည် ဝန်ဆောင်မှုများမှတစ်ဆင့် သို့မဟုတ် “စုစည်းရာ” ၏ အကြောင်းအရာတစ်ရပ်ရပ်တွင် အသုံးပြုသည့် သို့မဟုတ် ဖော်ပြထားသည့် ကုန်အမှတ် တံဆိပ်များ၊ ဝန်ဆောင်မှုအမှတ်တံဆိပ်များနှင့် ကိုယ်ပိုင်တံဆိပ်များကို ရည်ညွှန်းသည်။
  10. (ည) “အကျိုးခံစားခွင့်များ” ဆိုသည့် စကားရပ်သည် ကမ်ပိန်းပြုလုပ်သူများမှ လှူဒါန်း ထည့်ဝင်သူများ အား ထိတွေ့ကိုင်တွယ်၍ရသောပစ္စည်းအနေဖြင့်ဖြစ်စေ၊ ထိတွေ့ကိုင်တွယ်၍မရသော ဝန်ဆောင် မှုများအနေဖြင့်ဖြစ်စေ ကမ်းလှမ်းသည့် လက်ဆောင်များ သို့မဟုတ် ဆုကြေးများကို ဆိုလိုသည်။
  11. (ဋ) “PII” ဆိုသည့် စကားရပ်သည် ဆိုသည်မှာ ပုဂ္ဂိုလ်ရေးအရသက်သေခံနိုင်သည့်အချက်အလက် များကို ဆိုလိုသည်။
  12. (ဌ) “ဝန်ဆောင်မှုများ” ဆိုသည်မှာ ဆိုဒ်နှင့်တကွ ဆိုဒ်ပေါ်တွင် လွှင့်တင်ထားသော မိုဘိုင်းအက်ပလီ ကေးရှင်းများ သို့မဟုတ် ချိတ်ဆက်ထားသော အက်ပလီကေးရှင်းများ၊ အခြားသော ကမ်းလှမ်း မှုများနှင့် ဝန်ဆောင်မှုများကို ဆိုလိုသည်။
  13. (ဍ) “ဆိုဒ်” ဆိုသည့် စကားရပ်သည် “စုစည်းရာ၏ဝက်ဘ်ဆိုဒ်”ကို ဆိုလိုသည်။
  14. (ဎ) “စည်းကမ်းချက်သတ်မှတ်ချက်များ” သို့မဟုတ် “အသုံးပြုခြင်းဆိုင်ရာစည်းကမ်းသတ်မှတ်ချက် များ” သက်ဆိုင်ရာဥပဒေများအားလုံးနှင့် ဤတွင် ညွှန်းဆိုထားသော သတ်မှတ်ချက်များ သို့မဟုတ် မူဝါဒများအားလုံးကို ဆိုလို သည်။
  15. (ဏ) “အသုံးပြုသူ”၊ “လူကြီးမင်း” သို့မဟုတ် “လူကြီးမင်း၏” ဆိုသည့် စကားရပ်များသည် ကမ်ပိန်းပြုလုပ်သူများ၊ ထည့်ဝင်လှူဒါန်းသူများ သို့မဟုတ် ဆိုဒ်တွင် ဝင်ရောက်ကြည့်ရှုသူ သို့မဟုတ် ဝန်ဆောင်မှုအား အသုံးပြုသူများ (တစ်ဦးချင်းဖြစ်စေ၊ အများနှင့်စုပေါင်း၍ဖြစ်စေ) ကို ရည်ညွှန်းသည်။
  16. (တ) “အသုံးပြုသူအချက်အလက်” ဆိုသည့် စကားရပ်သည် အသုံးပြုသူမှ ဝန်ဆောင်မှုများတွင် လွှင့်တင်ထားသော သို့မဟုတ် လွှဲပို့ထားသော သို့မဟုတ် ပေးပို့ထားသော အချက်အလက်များကို ဆိုလိုသည်။

၁၉။ လူကြီးမင်းနှင့် “စုစည်းရာ”အကြားရှိ သဘောတူညီချက်တစ်ရပ်လုံး

ဤစည်းကမ်းသတ်မှတ်ချက်များသည် ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ လူကြီးမင်းနှင့် “စုစည်းရာ” အကြား သဘောတူညီချက်တစ်ရပ်လုံးဖြစ်ပြီး ၎င်းတို့သည် ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ လူကြီးမင်း နှင့် “စုစည်းရာ” အကြားရှိသော ဆက်သွယ်မှုများနှင့် အဆိုပြုချက်များ (နှုတ်အားဖြင့်ဖြစ်စေ၊ စာဖြင့်ရေးသား၍ဖြစ်စေ၊ အီလက်ထရောနစ်နည်းလမ်းဖြင့်ဖြစ်စေ)အားလုံးကို ကျော်လွန်သက်ရောက်၍ လူကြီးမင်းနှင့် ကျွန်ုပ်အကြားရှိ ဆက်ဆံရေးကိုလွှမ်းမိုးသတ်မှတ်သည်။ အကယ်၍ ဤစည်းကမ်း သတ်မှတ်ချက်များ၏ ပြဌာန်းချက်တစ်ရပ်ရပ်အား တရားမဝင်ဟု ယူဆခြင်းခံရပါက ထိုပြဌာန်းချက်၏ တရားမဝင်ခြင်းသည် ဤသဘောတူညီချက်၏ အခြားသော ပြဌာန်းချက်များ၏ တရားဝင်မှုကို သက်ရောက်မှုရှိမည်မဟုတ်ဘဲ အပြည့်အဝအကျုံးဝင်သက်ရောက်နေဦးမည်သာဖြစ်သည်။ ဤသဘော တူစာချုပ်အရ ရှိအပ်သည့် ရပိုင်ခွင့် သို့မဟုတ် ပြဌာန်းချက်တစ်ရပ်ရပ်အား တည်မြဲစေရန်အားထုတ် ကြိုးပမ်းရန် ပျက်ကွက်မှုသည် ထိုရပိုင်ခွင့် သို့မဟုတ် ပြဌာန်းချက်အား စွန့်လွှတ်မှုတစ်ရပ်အဖြစ် သတ်မှတ်ခြင်းမပြုရ။

၂၀။ အထွေထွေ

“စုစည်းရာ” သည် ဝန်ဆောင်မှုများကို မိမိတစ်ဦးတည်း၏ ဆုံးဖြတ်ချက်ဖြင့် အချိန်မရွေးပြင်ဆင်ခြင်း၊ ရပ်တန့်ခြင်းများပြုလုပ်နိုင်သည်။ ဤစည်းကမ်းသတ်မှတ်ချက်များတွင် အခြားနည်းဖြင့် အတိအလင်း ဖော်ပြထားသည်မှတပါး ဤစည်းကမ်းသတ်မှတ်ချက်များ၏ မည်သည့် တတိယစာချုပ်ဝင် အကျိုး ခံစားခွင့်ရှိသူမျှ ထားရှိခြင်းမရှိကြောင်း လူကြီးမင်းအနေဖြင့် သဘောတူညီပါသည်။ ဤစည်းကမ်း သတ်မှတ်ချက်များ၏ ပြဌာန်းချက်တစ်ရပ်ရပ်ကို စွန့်လွှတ်ခြင်းသည် ထိုကဲ့သို့သော စည်းကမ်းချက် ကိုဖြစ်စေ၊ အခြားမည်သည့်စည်းကမ်းချက်တစ်ရပ်ရပ်ကိုဖြစ်စေ စွန့်လွှတ်ခြင်း သို့မဟုတ် ဆက်လက် စွန့်လွှတ်ခြင်း ဖြစ်သည်ဟု ယူဆမည်ဖြစ်ပြီး ဤစည်းကမ်းချက်များအရ ရှိသည့် မည်သည့် ရပိုင်ခွင့် တစ်ရပ်ရပ် သို့မဟုတ် ပြဌာန်းချက် တစ်ရပ်ရပ်ကို တည်မြဲစေရန် “စုစည်းရာ” မှ ပျက်ကွက်ခြင်းကို ထိုရပိုင်ခွင့် သို့မဟုတ် ပြဌာန်းချက်အား စွန့်လွှတ်ခြင်းမဟုတ်ပါ။ မည်သည့် ဆန့်ကျင်သည့် ပြဌာန်း ဥပဒေတစ်ရပ်ရပ် သို့မဟုတ် ဥပဒေတစ်ရပ်ရပ်ပင် ရှိစေကာမူ ဝန်ဆောင်မှုများမှ ပေါ်ပေါက်လာသည့် သို့မဟုတ် ဝန်ဆောင်မှုများနှင့် စပ်လျဉ်းသည့် တောင်းဆိုမှုတစ်ရပ်ရပ်သည် အနုညာတစီရင် ဆုံးဖြတ်မှု ခံယူရန်ဖြစ်စေ၊ တရားရုံးရှေ့မှောက်သို့ တင်သွင်းရန်ဖြစ်စေ တရားစွဲဆိုရန် အကြောင်းအရင်းအား သတ်မှတ်ပြီး နောက် (၁) နှစ်အတွင်းစတင်ရမည်ဖြစ်သည်။ သို့မဟုတ်ပါက ထိုတရားစွဲဆိုရန် အကြောင်း အရင်းအား ထာဝရပိတ်ပင်ပြီးဖြစ်သည်။