Privacy Policy

ကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒ


Aluto Benli Co., Ltd.

စတင်သက်ရောက်သည့်ရက်စွဲ - ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ၊ ၃၀။

မာတိကာ

  1. ၁။ ဤမူဝါဒအား ပြောင်းလဲခြင်းများ
  2. ၂။ ကျွန်ုပ်တို့အကြောင်း
  3. ၃။ ဤမူဝါဒမည်သို့သက်ရောက်ပါသနည်း
  4. ၄။ ကျွန်ုပ်တို့စုဆောင်းသည်များနှင့် လက်ခံရရှိသည်များ
  5. ၅။ ဤအချက်အလက်များကို ကျွန်ုပ်တို့အသုံးပြုပုံ
  6. ၆။ ဥရောပသမဂ္ဂမှအသုံးပြုသူများ
  7. ၇။ ဤအချက်အလက်များကို ဝေမျှပုံ
    1. အများသို့ဝေမျှသည့် သတင်းအချက်အလက်များ
    2. အများသို့မဝေမျှသည့် သတင်းအချက်အလက်များ
    3. ယုံကြည်စိတ်ချရသော တတိယစာချုပ်ဝင် ဝန်ဆောင်မှုများနှင့် ဝေမျှထားပြီးသော သတင်း အချက်အလက်များ
    4. ကမ်ပိန်းပြုလုပ်သူများနှင့် ထည့်ဝင်လှူဒါန်းသူများအကြား ဝေမျှထားသော သတင်းအချက် အလက်များ
    5. “စုစည်းရာ” အားကာကွယ်ရန်နှင့် ဥပဒေများအားလိုက်နာရန် ဝေမျှထားသည့် သတင်းအချက် အလက်များ
    6. အခြားသောဝက်ဘ်ဆိုဒ်များ၊ ဝန်ဆောင်မှုများနှင့် ချိတ်ဆက်နေသောလင့်ခ်များ
  8. ၈။ ထိန်းသိမ်းထားရှိခြင်း
  9. ၉။ အချက်အလက်လွှဲပြောင်းမှုများ
  10. ၁၀။ လူကြီးမင်း၏အခွင့်အရေး
  11. ၁၁။ အီးမေးလ်နှင့် မိုဘိုင်းဖုန်းအသိပေးချက်များ
  12. ၁၂။ လုံခြုံရေး
  13. ၁၃။ အချက်အလက်များ အကာအကွယ်ပေးရေးအရာရှိ
  14. ၁၄။ အချက်အလက်များ အကာအကွယ်ပေးရေးအခွင့်အာဏာ
  15. ၁၅။ ကလေးငယ်များ

၁။ ဤမူဝါဒအား ပြောင်းလဲခြင်းများ

ကျွန်ုပ်တို့သည် ဤမူဝါဒကို အခါအားလျော်စွာပြင်ဆင်နိုင်သည်။ ထိုသို့ပြင်ဆင်သည့်အခါ ပြင်ဆင်ချက်မှန် သမျှကို ဝက်ဘ်ဆိုဒ်ပေါ်တွင် အသိပေးခြင်းဖြင့်လည်းကောင်း၊ လူကြီးမင်းအား အီးမေးလ်ပေးပို့ခြင်းဖြင့် လည်းကောင်း လူကြီးမင်းအား အကြောင်းကြားမည်ဖြစ်သည်။ ဤမူဝါဒ၏အသစ်ပြင်ဆင်ချက်များသည် နောက်ကြောင်းပြန်အာဏာသက်ရောက်မှုရှိမည်မဟုတ်ပါ။ ထိုအသစ်ပြင်ဆင်ချက်များ သက်ရောက်မှုရှိမည့် ရက်စွဲအတိအကျကို လူကြီးမင်းအား ကျွန်ုပ်တို့အသိပေးသွားမည်ဖြစ်ပါသည်။ အကယ်၍ အပြောင်းအလဲ တစ်ခု ပြုလုပ်သည့်တိုင် “စုစည်းရာ”အား လူကြီးမင်းအနေဖြင့် ဆက်လက်အသုံးပြုခြင်းသည် ဤမူဝါဒကို လူကြီးမင်းမှ လက်ခံသည်ဟု ယူဆမည်ဖြစ်သည်။

၂။ ကျွန်ုပ်တို့အကြောင်း

“စုစည်းရာ”သည် လူအများ ၎င်းတို့၏ကမ်ပိန်းများအတွက် ရံပုံငွေရှာဖွေရန်နှင့် အခြားသူများ၏ကမ်ပိန်း များတွင် ထည့်ဝင်နိုင်ရန်အလို့ငှာ ဝန်ဆောင်မှုပေးသည်။ ကျွန်ုပ်တို့၏ အဓိကဝန်ဆောင်မှုမှာ အွန်လိုင်း ရံပုံငွေစုစည်းထူထောင်သည့် ပလက်ဖောင်းဖြစ်သည်။ ကျွန်ုပ်တို့သည် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင်တည်ရှိ သည့် အစုရှယ်ယာများဖြင့် ကန့်သတ်ထားသည့်အများနှင့် မသက်ဆိုင်သည့်ကုမ္ပဏီတစ်ခုဖြစ်သည်။

၃။ ဤမူဝါဒမည်သို့သက်ရောက်ပါသနည်း

ဤမူဝါဒသည် လူကြီးမင်းထံမှ ကျွန်ုပ်တို့ စုဆောင်းရရှိသည့် အချက်အလက်များနှင့် ထိုအချက်အလက်များ ကို ကျွန်ုပ်တို့အသုံးပြုပုံနှင့်တကွ ထိုသို့အသုံးပြုရခြင်း၏ ဥပဒေကြောင်းအရအခြေခံကျမှုတို့ကို ဖော်ပြထား ပါသည်။ ၎င်းတွင် အဆိုပါအချက်အလက်များကို ဝေမျှခြင်းရှိမရှိ၊ အဆိုပါအချက်အလက်များကို ဝေမျှပုံ နှင့်တကွ လူကြီးမင်းမှကျွန်ုပ်တို့အား ပေးသိထားသော အချက်အလက်များနှင့် ပတ်သက်၍ လူကြီးမင်း၏ အခွင့်အရေးနှင့် ရွေးချယ်မှုများပါ အကျုံးဝင်ပါသည်။ (အင်္ဂလိပ်ဘာသာစကားဖြင့်ရေးသားထားသည့် စာသားတွင်) အကြီးစားစကားလုံးဖြင့် ရေးသားပါရှိသည့်စကားလုံးများကို “အသုံးပြုခြင်းဆိုင်ရာစည်းကမ်း သတ်မှတ်ချက်များ” တွင် အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။

“စုစည်းရာ” မှ ကမ်းလှမ်းသည့် ဝန်ဆောင်မှုများကို အသုံးပြုခြင်းဖြင့် လူကြီးမင်းသည် ကျွန်ုပ်တို့၏ “အသုံးပြုခြင်းဆိုင်ရာစည်းကမ်းသတ်မှတ်ချက်များ” သဘောတူညီပြီး ဤ “ကိုယ်ရေးအချက်အလက် လုံခြုံမှုမူဝါဒ” ကို ဖတ်ရှုနားလည်ပြီးဖြစ်သည်။

၄။ ကျွန်ုပ်တို့စုဆောင်းသည်များနှင့် လက်ခံရရှိသည်များ

လူကြီးမင်းအနေဖြင့် “စုစည်းရာ” တွင် အကောင့်တစ်ခုပြုလုပ်ရန်နှင့် ကျွန်ုပ်တို့၏ဝန်ဆောင်မှုများအား အသုံးပြုနိုင်ရန်အလို့ငှာ အချို့သောအချက်အလက်များကို ကျွန်ုပ်တို့စုဆောင်း၍ စီစဉ်ဆောင်ရွက်ရန် လိုအပ်သည်။ ထိုဝန်ဆောင်မှုများအား လူကြီးမင်းအသုံးပြုပုံကိုလိုက်၍ (စုဆောင်းသည့်အချက်အလက် များတွင်) အောက်ပါအချက်အလက်တို့ ပါဝင်နိုင်သည်။

  1. “စုစည်းရာ” တွင် ဖောင်ဖြည့်ခြင်းဖြင့် လူကြီးမင်းမှပေးအပ်သော အချက်အလက်များ - အမည်၊ အီးမေးလ်၊ စာပို့လိပ်စာ၊ ဖုန်းနံပါတ်၊ နေထိုင်သည့် နိုင်ငံ၊ လော့ဂ်အင်ဝင်ခြင်းနှင့် စကားဝှက် အသေးစိတ်အချက်အလက်များ။ လူကြီးမင်းအနေဖြင့် ဝန်ဆောင်မှုငများအသုံးပြုသူအဖြစ် မှတ်ပုံ တင်သည့်အခါ၊ ကျွန်ုပ်တို့၏သတင်းလွှာများအားမှာယူသည့်အခါ၊ “စုစည်းရာ” မှတဆင့် အကြောင်းအရာများအား လွှင့်တင်သည့်အခါ သို့မဟုတ် တင်သွင်းသည့်အခါဖြစ်စေ၊ ကျွန်ုပ်တို့ အား ဆက်သွယ်သည့်အခါဖြစ်စေ ဤသတင်းအချက်အလက်များကို လူကြီးမင်းအား တောင်းခံနိုင် သည်။
  2. လူကြီးမင်း၏တရားဝင်အမည်၊ လုပ်ငန်းအမည်နှင့် လုပ်ငန်းအဖွဲ့အစည်းများအတွက် အခွန်ဆိုင်ရာ မှတ်ပုံတင်နံပါတ်တို့အပါအဝင် ကမ်ပိန်းပြုလုပ်ရာတွင် သက်သေခံအထောက်အထားအတည်ပြု ခြင်းအလို့ငှာ လူကြီးမင်းမှပေးအပ်သော အချက်အလက်များ။ အချို့ကိစ္စရပ်များတွင် ကျွန်ုပ်တို့၏ ငွေပေးချေမှုစနစ်သည် လူကြီးမင်းအား သက်သေခံစာရွက်စာတမ်းတစ်ရပ်ရပ် (နိုင်ငံကူးလက်မှတ်၊ ယာဉ်မောင်းလိုင်စင် သို့မဟုတ် အခြားသော အစိုးရထုတ်သက်သေခံစာရွက်စာတမ်းများ ကဲ့သို့ သော)ကို “စုစည်းရာ”အား ပြသရန် တောင်းဆိုလိမ့်မည်။
  3. ဝန်ဆောင်မှုများမှတဆင့် လူကြီးမင်းမှပြုလုပ်သည့် တောင်းဆိုချက် သို့မဟုတ် လုပ်ငန်းကိစ္စရပ် များ၏ အသေးစိတ်အချက်အလက်များ။ “စုစည်းရာ” သည် ငွေပေးချေမှုစနစ်အတွက် အခြားသော ကုမ္ပဏီများ (Stripe, Inc.) နှင့် စီးပွားဖက်အဖြစ် ဆောင်ရွက်လျက်ရှိရာ လူကြီးမင်းမှ တင်သွင်း သည့် ငွေပေးချေမှုအချက်အလက်များကို ထိုကုမ္ပဏီများမှ ၎င်းတို့၏ ကိုယ်ရေးအချက်အလက် လုံခြုံမှုမူဝါဒ (Stripe ၏ မူဝါဒအတွက် ဤလင့်ခ်ကို နှိပ်ပါ) နှင့်အညီ စုဆောင်းအသုံးပြုမည်ဖြစ်သည်။ “စုစည်းရာ” သည် အခွန်၊ အစိုးရစည်းကမ်း သတ်မှတ် ချက်များနှင့် လုံခြုံရေးအလို့ငှာ လူကြီးမင်း၏ ကြွေးဝယ်ကဒ် သို့မဟုတ် ဘဏ်အကောင့် (သက်ဆိုင်ရာ) ၏ နောက်ဆုံး ဂဏန်းလေးလုံး၊ သက်တမ်းကုန်ဆုံးရက် နှင့် နိုင်ငံတို့မှအပ လူကြီးမင်း၏ ငွေပေးချေမှုအချက်အလက်များကို သိမ်းဆည်းခြင်းမပြုပါ။
  4. ကျွန်ုပ်တို့၏ မိုဘိုင်းအပလီကေးရှင်းများကိုအသုံးပြုမှုအပါအဝင် (IP လိပ်စာ၊ အသုံးပြုသည့် ပစ္စည်း သို့မဟုတ် အသုံးပြုသည့်ဘရောက်ဇာနှင့် ဝက်ဘ်ဆိုဒ်ပေါ်တွင် လူကြီးမင်းမှပြုလုပ်သည့် ဆောင်ရွက်ချက်များ စသည်) “စုစည်းရာ” တွင်၊ “စုစည်းရာ”နှင့် ပြုလုပ်သည့် လူကြီးမင်း၏ ဆောင်ရွက်ချက်များဆိုင်ရာ အချက်အလက်များ။
  5. ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုဒ်အား လူအများဝင်ရောက်ကြည့်ရှုပုံနှင့် ဝက်ဘ်ဆိုဒ်နှင့် အပြန်အလှန်တုံ့ပြန် မှုတို့နှင့်ပတ်သတ်သော အချက်အလက်များ (သွားလာရာလမ်းကြောင်းပြ သရုပ်ခွဲမှု (Traffic Analytics ပုံစံဖြင့်)။ Google Analytics တွင် ပါဝင်ခြင်းမှ (ဤနေရာတွင်နှိပ်ပါ) နှုတ်ထွက်နိုင်သည်။
  6. ကျွန်ုပ်တို့အား လူကြီးမင်းမှပေးပို့သည့် ဆက်သွယ်ပြောဆိုမှုများ (ဥပမာ - လူကြီးမင်းမှ ကျွန်ုပ်တို့ အား အကူအညီတောင်းသည့်အခါပေးပို့သည့် မေးခွန်းများ သို့မဟုတ် မှတ်ချက်များ သို့မဟုတ် ပြဿနာတစ်ရပ်ရပ်အား အကြောင်းကြားခြင်း)။
  7. မှတ်ချက်များ၊ ဆွေးနွေးမှုများတွင် ပါဝင်ခြင်းများ သို့မဟုတ် အခြားသူများသို့ မက်ဆေ့ဂျ် ပေးပို့ခြင်းများအနေဖြင့် လူကြီးမင်းမှ “စုစည်းရာ” တွင် တင်သွင်းသော သို့မဟုတ် “စုစည်းရာ” အား ပေးပို့သော အချက်အလက်များ။
  8. လူကြီးမင်း၏ဖေ့စ်ဘုတ်အထောက်အထားအချက်အလက်များကို အသုံးပြု၍ လက်မှတ်ထိုးဝင်ရန် ရွေးချယ်ထားပါက လူကြီးမင်း၏ ဖေ့စ်ဘုတ်အကောင့်နှင့် ဆက်သွယ်ထားသည့် အီးမေးလ်လိပ်စာ။ “စုစည်းရာ” သည် လူကြီးမင်း၏ အမည်၊ ပရိုဖိုင်လ်ဓာတ်ပုံနှင့် သူငယ်ချင်းစာရင်းတို့ကို အသုံးပြုခွင့်ရရှိရန် ခွင့်ပြုချက်တောင်းခံမည်ဖြစ်သည် (ဤခွင့်ပြုချက်များသည် ဖေ့စ်ဘုတ်၏ ကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒများမှ လွှမ်းမိုးသည်ဖြစ်ရာ လူကြီးမင်း၏ ဖေ့စ်ဘုတ်လုံခြုံ ရေးဆက်တင်များမှ တဆင့် စီမံခန့်ခွဲနိုင်သည်)။ လူကြီးမင်း၏ ဖေ့စ်ဘုတ်၊ တွစ်တာ သို့မဟုတ် အခြားသော တတိယစာချုပ်ဝင်အကောင့်များတွင် လူကြီးမင်း၏ ခွင့်ပြုချက်မရှိဘဲ မည်သည့်အရာ ကိုမျှ လွှင့်တင်ခြင်းမပြုပါ။

လူကြီးမင်း၏အချက်အလက်များကို ကျွန်ုပ်တို့အားပေးအပ်ခြင်းကို လူကြီးမင်းအနေဖြင့် ငြင်းပယ်နိုင် သည်။ သို့ရာတွင် ထိုသို့ငြင်းပယ်ခြင်းသည် အကောင့်တစ်ခုမှတ်ပုံတင်ရာတွင် သို့မဟုတ် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများအား အသုံးပြုရာတွင် လူကြီးမင်း၏စွမ်းဆောင်မှုကို ကန့်သတ်မည်ဖြစ်သည်။ အီးမေးလ်လိပ်စာတစ်ခုတည်းကိုအသုံးပြု၍ ကမ်းပိန်းတစ်ခုခုတွင် ဧည့်သည်အဖြစ် ကတိပြုနိုင်သည်။ သို့ရာတွင် လူကြီးမင်း၏ကတိပြုမှုကို ကိုက်ညှိရန်၊ နောင်တွင်ပြုလုပ်မည့်ကတိပြုချက်များအတွက် ငွေပေးချေမှုအသေးစိတ်အချက်အလက်များသိမ်းဆည်းရန်၊ ကမ်ပိန်းမှတ်ချက်များပေးရန်နှင့် ကျွန်ုပ်တို့ ဝက်ဘ်ဆိုဒ်တွင် အခြားသော ဆောင်ရွက်ချက်များအား အစွမ်းကုန်အသုံးချရန်ဆိုပါက အကောင့်တစ်ခု ပြုလုပ်ခြင်းကို အပြီးသတ်ဆောင်ရွက်ရန်လိုအပ်သည်။ လူကြီးမင်း၏ အကောင့်ဆက်တင်မှတဆင့် လူကြီးမင်း၏အချက်အလက်များကို ပြင်ဆင်၊ ပြောင်းလဲခြင်း သို့မဟုတ် ဖယ်ရှားခြင်းများပြုလုပ် နိုင်သည်။

၅။ ဤအချက်အလက်များကို ကျွန်ုပ်တို့အသုံးပြုပုံ

ကျွန်ုပ်တို့စုဆောင်းသည့် အချက်အလက်များကို အောက်ပါရည်ရွယ်ချက်များအလို့ငှာ အသုံးပြုပါသည်။

  1. လူကြီးမင်း၏အကောင့်အား လုံခြုံမှုပေးရန်နှင့် ကျွန်ုပ်တို့၏ဝန်ဆောင်မှုများအား အကာအကွယ် ပေးရန် (ကမ်ပိန်းပြုလုပ်သူများ၏ သက်သေခံအချက်အလက်များအား အတည်ပြုရန်၊ လိမ်လည်မှု နှင့် အလွဲသုံးစားပြုလုပ်ခြင်းများကို တားဆီးရန်တို့အပါအဝင်)
  2. ကျွန်ုပ်တို့၏ဝန်ဆောင်မှုများကို လူကြီးမင်းအား ပေးအပ်နိုင်ရန်နှင့် ကျွန်ုပ်တို့၏ဝန်ဆောင်မှုများကို တိုးတက်ကောင်းမွန်စေရန်။
  3. လူကြီးမင်း၏အကောင့်အား ပြုလုပ်ဖန်တီးခြင်းနှင့်စီမံခန့်ခွဲရန်၊ လူကြီးမင်းအား ဆက်သွယ်ရန်နှင့် လူကြီးမင်း၏ “စုစည်းရာ”အသုံးပြုခြင်းအတွေ့အကြုံတို့ကို (လူကြီးမင်း၏ဦးစားပေးရွေးချယ်မှုကို လိုက်၍) လိုက်လျောညီထွေဖြစ်စေရန် (ဥပမာ - လူကြီးမင်း၏ယခင်အသုံးပြုမှုပေါ်မူတည်၍ လူကြီးမင်း အနေဖြင့်စိတ်ဝင်စားနိုင်လောက်သည်ဟု ကျွန်ုပ်တို့မှထင်မြင်သည့် ကမ်ပိန်းတစ်ခုခု အား လူကြီးမင်းအားပြုသပေးရန်)
  4. “စုစည်းရာ” ၏ ဆောင်ရွက်လည်ပတ်မှုများကို ကျွန်ုပ်တို့မှ တိုးတက်ကောင်းမွန်စေရန်နှင့် အသုံးပြုသူများအား အကောင်းဆုံးအတွေ့အကြုံပေးရန်အလို့ငှာ “ဝန်ဆောင်မှုများ” အသုံးပြုခြင်း ကို ခြေရာခံရန်နှင့် ခွဲခြမ်းစိတ်ဖြာရန်။

၆။ ဥရောပသမဂ္ဂမှအသုံးပြုသူများ

ဥရောပရှိ အချက်အလက်အကာအကွယ်ပေးရေးဥပဒေအရ နိုင်ငံသားများ သို့မဟုတ် ဥရောပစီးပွားရေး ဧရိယာတွင် နေထိုင်သူများထံမှ ပုဂ္ဂိုလ်ရေးအချက်အလက်များကို စုဆောင်းရယူခြင်းအတွက် ဥပဒေ ကြောင်းအရအခြေခံလိုအပ်ချက်ရှိသည်ဖြစ်ရာ ကျွန်ုပ်တို့၏ ဥပဒေကြောင်းအရအခြေခံလိုအပ်ချက်များတွင် အောက်ပါတို့ပါဝင်သည်။

  1. လူကြီးမင်းနှင့် ကျွန်ုပ်တို့အကြားထားရှိသည့် သဘောတူစာချုပ်ကို အကောင်အထည်ဖော်ဆောင် ရွက်ရန် - အချို့သော အခြေအနေများတွင် “ဝန်ဆောင်မှုများ” ပေးအပ်ရန်၊ ကမ်ပိန်းပြုလုပ်သူများ အား ၎င်းတို့၏ ကမ်ပိန်းများကို ထူထောင်ပြသနိုင်စေရန်နှင့် နောက်ခံအထောက်အပံ့ပေးသူများ ရှာဖွေတွေ့ရှိ၍ (လှူဒါန်းရန်)ကတိကဝတ်ပြုမှုများ ပြုလုပ်နိုင်စေရန်တို့အလို့ငှာ လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များသည် ကျွန်ုပ်တို့၏ စာချုပ်ပါ ဝတ္တရားနှင့်အညီဖြစ်ရန်လိုအပ်ပါ သည်။
  2. ဥပဒေနှင့်ညီညွတ်မှု - တစ်ခါတစ်ရံတွင် ဥပဒေအရ ကျွန်ုပ်တို့မှ လူကြီးမင်း၏အချက်အလက်များ ကို ရယူအသုံးပြုရန်လိုအပ်ပါသည်။ ဥပမာ - ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများမှတဆင့်ပြုလုပ်သည့် ကတိကဝတ်ပြုမှုများနှင့် ငွေပေးချေမှုများဆိုင်ရာ မှတ်တမ်းများကို အခွန်ဥပဒေများအရ ကျွန်ုပ်တို့မှ သိမ်းဆည်းရန်လိုအပ်ပါသည်။
  3. တရားဝင်အကျိုးအမြတ်များ - ဤသည်မှာ အချက်အလက်အကာအကွယ်ပေးရေးဥပဒေတွင် ပါရှိသော နည်းပညာဆိုင်ရာစကားရပ်တစ်ခုဖြစ်ပါသည်။ ဆိုလိုသည်မှာ ကျွန်ုပ်တို့အနေဖြင့် လူကြီး မင်း၏အချက်အလက်များကိ အသုံးပြုရန် ကောင်းမွန်မျှတသောအကြောင်းပြချက်ရှိပြီး လူကြီး မင်း၏အကျိုးအမြတ်များနှင့် အခွင့်အရေးများကို မထိခိုက်စေဘဲ အသုံးပြုခြင်းသာဖြစ်ပါသည်။ တစ်ခါတစ်ရံ ကျွန်ုပ်တို့၏လုပ်ငန်းလည်ပတ်ခြင်း၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ကျိုးကြောင်းဆီ လျော်စွာ လိုအပ်နိုင်သည့် နည်းလမ်းတစ်ရပ်အဖြစ် လူကြီးမင်း၏ အခွင့်အရေးများ၊ လွတ်လပ်ခွင့်များ သို့မဟုတ် အကျိုးအမြတ်များကို ရုပ်ပိုင်းဆိုင်ရာ ထိခိုက်သက်ရောက်မှုမရှိစေဘဲ ကျွန်ုပ်တို့၏ တရားဝင်အကျိုးအမြတ်များ အလို့ငှာ လူကြီးမင်း၏အချက်အလက်များကို လိုအပ်နိုင် ပါသည်။
    ဥပမာ - လိမ်လည်မှုနှင့် အလွဲသုံးစားပြုမှုတို့ကို ကာကွယ်ရန်နှင့် “ဝန်ဆောင်မှုများ”ကို လုံခြုံစေ ရန်အလို့ငှာ အထောက်အထား၊ အသုံးပြုသည့်ပစ္စည်းနှင့် တည်နေရာအချက်အလက်များကို ကျွန်ုပ် တို့ အသုံးပြုပါသည်။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုအကြောင်းကို မြှင့်တင်ရေးဆိုင်ရာဆက်သွယ်ပြော ဆိုမှုများကို လူကြီးမင်းအားပေးပို့နိုင်သည် (ကျွန်ုပ်တို့အနေဖြင့်ထိုသို့ပြုလုပ်ခြင်းကို လူကြီးမင်း အနေဖြင့် ထိန်းချုပ်ထားခြင်းဆိုင်ရာ လူကြီးမင်း၏အခွင့်အရေးပေါ်မူတည်၍)။
    ကောင်းမွန်စွာအလုပ်လုပ်သည့် ဒီဇိုင်းပုံစံများနှင့် အလုပ်မဖြစ်သောဒီဇိုင်းပုံစံများကို ကျွန်ုပ်တို့ အနေဖြင့် ပိုမိုနားလည်နိုင်ရန် ကျွန်ုပ်တို့၏ဝက်ဘ်ဆိုဒ်နှင့် အသုံးပြုသူများအပြန်အလှန် ဆက်သွယ် ဆောင်ရွက်ပုံကို ခွဲခြမ်းစိတ်ဖြာခြင်းပြုလုပ်သည်ဖြစ်ရာ ကျွန်ုပ်တို့၏ အသုံးပြုသူများအားလုံးကို အွန်လိုင်းအသုံးပြုမှုအတွေ့အကြုံအရည်အသွေးကို တိုးတက်ကောင်းမွန်စေရန် ကျွန်ု်ပတို့အား ဆောင်ရွက်နိုင်စေပါသည်။

၇။ ဤအချက်အလက်များကို ဝေမျှပုံ

အများသို့ဝေမျှသည့် သတင်းအချက်အလက်များ

လူကြီးမင်းမှ အကောင့်တစ်ခုပြုလုပ်သည့်အခါ “စုစည်းရာ” တွင် လူကြီးမင်းအတွက် လူကြီးမင်း ၏အသုံးပြုသူအမည်၊ အကောင့်ပြုလုပ်သည့်ရက်စွဲနှင့် လူကြီးမင်းမှနောက်ခံထောက်ပံ့ပေးသည့် သို့မဟုတ် လွှင့်တင်ဆောင်ရွက်ခဲ့သည့် ကမ်ပိန်းစာရင်းတစ်ခုတို့ပါဝင်သည့် အခြေခံပရိုဖိုင်ပေ့ချ် တစ်ခုကိုဖန်တီး ပြုလုပ်ပေးမည်ဖြစ်သည်။ လူကြီးမင်း၏ပရိုဖိုင်လ်သည် အလိုအလျောက် မိမိသာမြင်နိုင်သည့်ပုံစံ (private)ဖြင့်ဖြစ်ပြီး ယင်းအား အများမြင်နိုင်သည့်ပုံစံ (public) အဖြစ်ပြုလုပ်လိုပါက အကောင့် ဆက်တင်တွင် ဝင်ရောက်ပြုလုပ်နိုင်သည်။ လူကြီးမင်း၏အသုံးပြုသူအမည်သည် လူကြီးမင်းပြုလုပ်သည့် မှတ်ချက်များနှင့် “စုစည်းရာ” တွင် ပေးပို့သည့် စာတိုများ (messages) များတွင် မြင်နိုင်သည်။ အကယ်၍ လူကြီးမင်း၏ပရိုဖိုင်လ်ကို အများမြင်နိုင်သည့်ပုံစံ(public) ပြုလုပ်ထားပါက အခြားသူများသည် လူကြီးမင်း ၏အသုံးပြုသူအမည်ကိုနှိပ်၍ ပရိုဖိုင်လ်ကိုကြည့်ရှုနိုင်မည်ဖြစ်သည်။ လူကြီးမင်း၏ပရိုဖိုင်ကို အများမြင်နိုင် သည့်ပုံစံ(public) ပြုလုပ်ပါက အခြားသူများသည် အောက်ပါတို့ကို မြင်နိုင်မည်ဖြစ်သည်။

  1. လူကြီးမင်းရွေးချယ်ထားသည့် အသုံးပြုသူအမည်နနှင့် အကောင့်ပြုလုပ်သည့်ရက်စွဲ
  2. လူကြီးမင်း၏ပရိုဖိုင်လ်တွင် လူကြီးမင်းထပ်ဖြည့်ထားသည့် အချက်အလက်များ (ဥပမာ - ရုပ်ပုံ၊ မိမိအကြောင်း သို့မဟုတ် မိမိတည်နေရာ)
  3. လူကြီးမင်းနောက်ခံထောက်ပံ့ခဲ့သော ကမ်ပိန်းများ(သို့ရာတွင် ကတိကဝတ်(ထည့်ဝင်လှူဒါန်းရန်) ပမာဏများနှင့် ရွေးချယ်သည့် ဆုငွေများမပါဝင်ပါ)
  4. လူကြီးမင်းပြုလုပ်ခဲ့သော ကမ်ပိန်းများ
  5. “စုစည်းရာ” တွင် လူကြီးမင်း ရေးသားခဲ့သော မှတ်ချက်များ နှင့်
  6. အကယ်၍ လူကြီးမင်းမှကမ်ပိန်းတစ်ခုခုအား “ကြိုက်နှစ်သက်သည်” (Like) ပြုလုပ်ခဲ့လျှင် ထိုနောက်ဆုံးရအချက်အလက်

အကယ်၍ လူကြီးမင်းသည် အများမြင်နိုင်သည့်ပုံစံ(public)ထားလင့်ကစား လူကြီးမင်း၏အမည်နှင့် ပရိုဖိုင်လ်ရုပ်ပုံအား ကမ်ပိန်းတစ်ခုခု၏ အုပ်စုတက်ဘ် (Community tab) တွင် အခြားသူများအား မမြင်စေလိုပါက မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံ၍မရသော အကောင့်ရုပ်ပုံ သို့မဟုတ် အမည် တစ်ခုခုကို လူကြီးမင်းအနေဖြင့် ရွေးချယ်နိုင်သည်။ လူကြီးမင်း၏အကောင့်ဆက်တင် (Setting) မှတဆင့် အကောင့်နှင့်ပတ်သက်သည့်အချို့သောအချက်အလက်များ (အသုံးပြုသူအမည်၊ ပရိုဖိုင်လ် ရုပ်ပုံ၊ မိမိအကြောင်းနှင့် တည်နေရာ စသည်)ကို ပြင်ဆင်ခြင်း သို့မဟုတ် ဖျက်ခြင်းများ ပြုလုပ်နိုင်သည်။ ထို့အပြင် လူကြီးမင်း၏ပရိုဖိုင်လ်ကို မိမိသာမြင်နိုင်သည့်ပုံစံ (private)ပြုလုပ်လိုပါက သို့မဟုတ် မူလကအလိုအလျောက်ထားပေးသည့် ဆက်တင် (Setting) ကို ပြင်ဆင်လိုပါက ကိုယ်ရေး အချက်အလက်ဆက်တင် (Setting) များကို ပြောင်းလဲနိုင်သည်။
ကမ်ပိန်းပြုလုပ်သူများသည် ၎င်းတို့၏ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံချက်များကို ကမ်ပိန်း တစ်ခုစတင်ခြင်းမပြုမီ အတည်ပြုရန် လိုအပ်သည်။ ဤသို့ပြုလုပ်ပြီးသည်နှင့် ကမ်ပိန်းပြုလုပ်သူ၏ အတည်ပြုအမည် (Verified Name) သည် ၎င်း၏ အကောင့်ပရိုဖိုင်လ် နှင့် ၎င်းတို့ပြုလုပ်သည့် ကမ်ပိန်းတိုင်းတွင် အများမြင်နိုင်စေရန်ပြသထားမည်ဖြစ်သည်။

အများသို့ မဝေမျှသည့် သတင်းအချက်အလက်များ

အောက်ဖော်ပြပါအချက်အလက်များကို အခြားအသုံးပြုသူများ သိရှိစေရန်ဖော်ပြခြင်း၊ ထုတ်ဖော်ပြောကြား ခြင်းမျိုး ပြုလုပ်မည်မဟုတ်ပါ။

  1. လူကြီးမင်းပေးအပ်ထားသည့် ငွေပေးချေမှုဆိုင်ရာ သတင်းအချက်အလက်များ၊
  2. လူကြီးမင်း၏ လျှို့ဝှက်နံပါတ်အသေးစိတ် အချက်အလက်များ၊
  3. လူကြီးမင်း၏ IP လိပ်စာ၊
  4. လူကြီးမင်း၏ ဖုန်းနံပါတ်၊
  5. လူကြီးမင်း၏မွေးနေ့နှင့် အခြားသောသက်သေခံ စာရွက်စာတမ်းများ (ကမ်ပိန်းပြုလုပ်သူအတွက်)၊
  6. လူကြီးမင်း၏ ဦးစားပေးရွေးချယ်ထားမှုများအရ ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက်အလက်များ၊
  7. လူကြီးမင်းနှင့် ကျွန်ုပ်တို့အကြားရှိ ဆက်သွယ်ပြောဆိုမှုများ (ဥပမာအားဖြင့် လိုအပ်သည့်အကူအညီ တောင်းခံစဉ် သို့မဟုတ် ပြဿနာရပ်တစ်ခုအား တင်ပြစဉ် ကျွန်ုပ်တို့ထံပေးပို့ထားသော မေးခွန်းများ သို့မဟုတ် မှတ်ချက်များ)။
ယုံကြည်စိတ်ချရသော တတိယစာချုပ်ဝင် ဝန်ဆောင်မှုများနှင့် ဝေမျှထားပြီးသော သတင်းအချက်အလက်များ

“စုစည်းရာ” ၏ဝန်ဆောင်မှုများ (ငွေပေးချေခြင်းနှင့် ဆက်နွှယ်နေသော သို့မဟုတ် အခြားသောဆိုဒ်များပေါ်ရှိ ကျွန်ုပ်တို့ ကြော်ငြာများအား စီမံခန့်ခွဲရာတွင် ကူညီပေးသောဝန်ဆောင်မှု အသုံးပြုသည့် စီးပွားဖက်ကဲ့သို့သော) ကို ပေးအပ်ရာတွင်ဖြစ်စေ၊ ပြုပြင်မွမ်းမံ၍ အရောင်းမြှင့်တင်ရာတွင်ဖြစ်စေ၊ ကာကွယ်ရာတွင်ဖြစ်စေ အကူအညီ ပေးနိုင်သည့် အချို့သောယုံကြည်စိတ်ချရသည့် တတိယစာချုပ်ဝင် ဝန်ဆောင်မှုများနှင့် လူကြီးမင်း၏ သတင်း အချက်အလက်များကို ကျွန်ုပ်တို့ဘက်မှ ဝေမျှထားနိုင်သည်။ “စုစည်းရာ” ဝန်ဆောင်မှုများအား ပေးပို့ရာတွင် အထောက်အကူပြုသော တတိယစာချုပ်ဝင် ဝန်ဆောင်မှုများနှင့် အချက်အလက်များဝေမျှသည့်အခါ လူကြီး မင်းထံမှ အခွင့်အာဏာရရှိစေရန်အတွက်သာ ရည်ရွယ်၍ လူကြီးမင်း၏ သတင်းအချက်အလက်များကို အသုံး ပြုရန်လိုအပ်ပြီး ကျွန်ုပ်တို့ထားရှိသော စံချိန်စံညွှန်းများအတိုင်း လူကြီးမင်း၏ကိုယ်ရေးကိုယ်တာ အချက် အလက်များကို အဆိုပါဝန်ဆောင်မှုများမှ ကာကွယ်ပေးထားမည်ဖြစ်သည်။ လူကြီးမင်းအား တိုက်ရိုက်မဖော် ထုတ်နိုင်သော နည်းလမ်းဖြင့် လျှို့ဝှက်စုပေါင်းထားသည့် သတင်းအချက်အလက်များကိုလည်း ကျွန်ုပ်တို့ ဝေမျှ နိုင်သည်။

ကမ်ပိန်းပြုလုပ်သူများနှင့် ထည့်ဝင်လှူဒါန်းသူများအကြား ဝေမျှထားသော သတင်းအချက်အလက်များ

ကမ်ပိန်းတစ်ခုအား နောက်ခံအထောက်အပံ့ပေးရာတွင် ကမ်ပိန်းပြုလုပ်သူသည် လူကြီးမင်း၏ အသုံးပြုသူ အမည်၊ ထည့်ဝင်လှူဒါန်းထားသော (ငွေကြေးစသည်) ပမာဏနှင့် လူကြီးမင်းရွေးချယ်ထားပြီးသော ဆုကြေး တို့ကို သိရှိမည်ဖြစ်သည်။ ကမ်ပိန်းပြုလုပ်သူသည် နောက်ခံအထောက်အပံ့ပေးသူ၏ အကြွေးဝယ်ကတ် အချက်အလက်အသေးစိတ် သို့မဟုတ် အခြားငွေပေးချေမှုဆိုင်ရာ သတင်းအချက်အလက်များကို မည်သည့် အကြောင်းနှင့်မျှ ရရှိမည်မဟုတ်ပါ။
လူကြီးမင်း နောက်ခံအထောက်အပံ့ပေးထားသော ကမ်ပိန်းတစ်ခုအား အောင်မြင်စွာ ရန်ပုံငွေထူထောင်နိုင် ပါက ကမ်ပိန်းပြုလုပ်သူသည် လူကြီးမင်း၏ “စုစည်းရာ” အကောင့်နှင့် ဆက်စပ်နေသော အီးမေးလ်လိပ်စာ တစ်ခုကို လက်ခံရရှိမည်ဖြစ်သည်။ လူကြီးမင်း၏ဆုကြေးအား ပံ့ပိုးပေးရန်လိုအပ်သည့် ဆန်းစစ်လေ့လာချက် တောင်းဆိုခြင်းဆိုင်ရာ သတင်းအချက်အလက်များကို လူကြီးမင်းထံသို့ ပေးပို့မည်ဖြစ်သည်။ (ဥပမာအားဖြင့် လူကြီးမင်းထံသို့ ပေးပို့ရမည့်လိပ်စာ သို့မဟုတ် တီရှပ်အင်္ကျီအရွယ်အစားတို့ကို လိုအပ်နိုင်သည်။) အဆိုပါ ဆန်းစစ်လေ့လာချက်တွင် လူကြီးမင်းဖြည့်သွင်းလိုက်သော အချက်အလက်များကို ကမ်ပိန်းပြုလုပ်သူမှ လက်ခံ ရရှိမည်ဖြစ်သည်။
နောက်ခံပံ့ပိုးပေးသူများနှင့် တိုက်ရိုက်ဆက်သွယ်၍ ဆုကြေးများဖြည့်ဆည်းပေးရန် လိုအပ်သည့်အခါမှလွဲ၍ ပံ့ပိုးပေးသူ၏ သတင်းအချက်အလက်များကို ကမ်ပိန်းပြုလုပ်သူမှ အတွင်းရေးလျှို့ဝှက်ချက်အဖြစ် ထိန်းသိမ်း ထားရန်လိုသည်။ လူကြီးမင်း၏ ဆုကြေးအားပေးအပ်ရာတွင် မလိုအပ်သည့် ပုဂ္ဂိုလ်ရေး အချက်အလက်များကို ကမ်ပိန်းပြုလုပ်သူမှ တောင်းခံမည်မဟုတ်ပါ။ လူကြီးမင်း၏ လူမှုဖူလုံရေးအမှတ် သို့မဟုတ် ငွေပေးချေမှုဆိုင် ရာ အချက်အလက်များကဲ့သို့သော အထိအခိုက်မခံနိုင်သည့် ပုဂ္ဂိုလ်ရေးအချက်အလက်များကို တောင်းခံခြင်းပြု မည်မဟုတ်ပါ။ မဆီလျော်သော သို့မဟုတ် လိုအပ်သည်ထက်ပိုသည်ဟု (လွန်ကဲသည်ဟု) ထင်မြင်ရသော သတင်းအချက်အလက်များ တောင်းခံခြင်းပြုလာပါက လူကြီးမင်းအနေဖြင့် info@suseeyar.com မှတစ်ဆင့် ကျွန်ုပ်တို့နှင့်ဆက်သွယ်နိုင်သည်။၊
ထည့်ဝင်လှူဒါန်းသူများသည် ကမ်ပိန်းအားစီမံခန့်ခွဲရာတွင် အထောက်အကူဖြစ်စေရန် ကမ်ပိန်းပြုလုပ်သူမှ ရွေးချယ်ထားသော တတိယစာချုပ်ဝင်ပုဂ္ဂိုလ်များဖြစ်သည်။ အဆိုပါထည့်ဝင်လှူဒါန်းသူများသည် ကမ်ပိန်းပြု လုပ်သူများသိရှိနိုင်သည့် သတင်းအချက်အလက်များ (နောက်ခံပံ့ပိုးပေးသူများ၏ အမည်၊ အီးမေးလ်လိပ်စာ၊ ထည့်ဝင်လှူဒါန်းသည့် (ငွေကြေးစသည်) ပမာဏ၊ ဆုကြေးရွေးချယ်မှု၊ အမှာစကားများနှင့် ဆန်းစစ်လေ့လာ ချက်အား တုံ့ပြန်ပေးမှုများ အပါအဝင်) ကိုပါသိရှိနိုင်ပြီး နောက်ခံပံ့ပိုးပေးသူများ၏ ပုဂ္ဂိုလ်ရေးအချက်အလက် များကို ကမ်ပိန်းပြုလုပ်သူများနည်းတူ ဂရုတစိုက်နှင့်အလေးအနက်ထား ထိန်းသိမ်းသွားရန်လိုအပ်သည်။
ကမ်ပိန်းပြုလုပ်သူများနှင့် ၎င်းတို့၏ထည့်ဝင်လှူဒါန်းသူများသည် ကမ်ပိန်းပြုလုပ်သော စာမျက်နှာများနှင့် ပတ်သက်သည့် သွားလာရာလမ်းကြောင်းပြ သရုပ်ခွဲမှု (routine traffic analytics) ကိုလည်း လက်ခံရရှိမည် ဖြစ်သည်။

“စုစည်းရာ” အားကာကွယ်ရန်နှင့် ဥပဒေများအားလိုက်နာရန် ဝေမျှထားသည့် သတင်းအချက်အလက်များ

ဥပဒေ သို့မဟုတ် အာဏာတစ်ရပ်ရပ်အား လိုက်နာသည့်သဘောဖြင့်ဖြစ်စေ၊ လိမ်လည်မှု သို့မဟုတ် အလွဲသုံး စားလုပ်မှုတို့အား တားမြစ်သည့်သဘောဖြင့်ဖြစ်စေ၊ “စုစည်းရာ” ၏ ဥပဒေအရအပ်နှင်းထားသော အခွင့်အရေး များ၊ ပိုင်ဆိုင်မှု သို့မဟုတ် “စုစည်းရာ” အပါအဝင် ၎င်း၏ဝန်ထမ်းများ၊ အသုံးပြုသူများနှင့် အခြားသောပုဂ္ဂိုလ် များလုံခြုံစိတ်ချရမှုတို့ကို အကာအကွယ်ပေးသည့် သဘောဖြင့်ဖြစ်စေ၊ ပုဂ္ဂိုလ်ရေးအချက်အလက်များကို ထုတ်ဖော်ပြောကြားရန် လိုအပ်သည်ဟုယူဆပါက ကျွန်ုပ်တို့ဘက်မှ အဆိုပါပုဂ္ဂိုလ်ရေးအချက်အလက်များကို ထုတ်ဖော်ပြောကြားခွင့်ရှိသည်။

အခြားသောဝက်ဘ်ဆိုဒ်များ၊ ဝန်ဆောင်မှုများနှင့် ချိတ်ဆက်နေသောလင့်ခ်များ

ကျွန်ုပ်တို့ဆိုဒ်ထဲတွင် “စုစည်းရာ” ၏ ပုဂ္ဂိုလ်ရေးကျင့်သုံးသည့် နည်းလမ်းများနှင့် မတူညီနိုင်သော အခြား ဝက်ဘ်ဆိုဒ်များ၊ ဝန်ဆောင်မှုများနှင့်ချိတ်ဆက်နေသည့် လင့်ခ်များပါဝင်နေနိုင်သည်။ လူကြီးမင်းအနေဖြင့် ပြင်ပဆိုဒ် သို့မဟုတ် ပြင်ပဝန်ဆောင်မှုတစ်ခုခုနှင့် ချိတ်ဆက်နေသည့်လင့်ခ်အား အသုံးပြုသောအခါ အဆိုပါဆိုဒ် သို့မဟုတ် ဝန်ဆောင်မှုအတွက် ပုဂ္ဂိုလ်ရေးမူဝါဒနှင့် အချက်အလက် ထုတ်ဖော်ပြောကြားမှု မူဝါဒ တို့သာ လွှမ်းမိုးမည်ဖြစ်သည်။

၈။ ထိန်းသိမ်းခြင်း

လူကြီးမင်း၏အကောင့်အား အသုံးပြုနေသရွေ့ လူကြီးမင်း၏သတင်းအချက်အလက်များကို ကျွန်ုပ်တို့ထိန်း သိမ်းထားမည်ဖြစ်ပြီး ဝန်ဆောင်မှုများနှင့် ပတ်သက်၍သော်လည်းကောင်း ဤမူဝါဒတွင် ဖော်ပြပါရှိသည့် အကြောင်းခြင်းရာများနှင့် ပတ်သက်၍သော်လည်းကောင်း လူကြီးမင်းလိုအပ်သည့်အချိန်တွင် ပံ့ပိုးပေးသွား မည်ဖြစ်သည်။ ဤမူဝါဒတွင် ဖော်ပြပါရှိသော ရည်ရွယ်ချက်များအလို့ငှာ လိုအပ်လာပါက ကျွန်ုပ်တို့၏ဥပဒေ အရ တာဝန်ရှိမှုများအားလိုက်နာရန်၊ ပဋိပက္ခများအား ဖြေရှင်းရန်၊ ကျွန်ုပ်တို့၏သဘောတူညီချက်များ အာဏာ သက်ရောက်မှုရှိစေရန်၊ “စုစည်းရာ” ၏ဥပဒေအရ ရပိုင်ခွင့်များအား အကာအကွယ်ပေးရန် လိုအပ်သည့် အတိုင်းအတာအထိ ဤသတင်းအချက်အလက်များကို ကျွန်ုပ်တို့မှထိန်းသိမ်းထား၍ အသုံးပြုသွားမည်ဖြစ်သည်။
ကျွန်ုပ်တို့ဆိုဒ်၏ လုံခြုံရေးနှင့်အာမခံအား ကာကွယ်ရန်၊ ဝန်ဆောင်မှုများ တိုးတက်လာစေရန် သို့မဟုတ် ဥပဒေအရ တာဝန်ရှိမှုများအား လိုက်နာရန် အကန့်အသတ်မရှိ ထိန်းသိမ်းထားသည့် လျှို့ဝှက်စုပေါင်းထား သော သို့မဟုတ် အမည်လွှဲဖြင့်ထည့်သွင်းထားသော သတင်းအချက်အလက်များကိုလည်း ကျွန်ုပ်တို့ဘက်မှ စုစည်းရယူ၍ ထိန်းသိမ်းစောင့်ရှောက်ထားသည်။

၉။ အချက်အလက်လွှဲပြောင်းပေးမှုများ

“စုစည်းရာ” သည် မြန်မာနိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သောကြောင့် လူကြီးမင်း၏အချက်အလက်များကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်း၌ စုစည်းရယူ၍ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် အချက်အလက်အကာအကွယ်ပေးရေးနှင့် သတင်းအချက်အလက်များ အား အစိုးရမှရယူအသုံးပြုမှုတို့အတွက် လွှမ်းမိုးသောဥပဒေများပြဌာန်းထားပြီးဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေအရ လူကြီးမင်း၏ပုဂ္ဂိုလ်ရေး အချက်အလက်များကို ကာကွယ်ပေးသော စည်းမျဉ်း စည်းကမ်းများသည် လူကြီးမင်းနေထိုင်သည့် နိုင်ငံအတွင်းရှိ စည်းမျဉ်းစည်းကမ်းများနှင့် ကွာခြားနေနိုင်သည်။ လူကြီးမင်းအနေဖြင့် ဝန်ဆောင်မှုများအား အသုံးပြုရန်ရွေးချယ်ပါက “စုစည်းရာ” နှင့် ၎င်း၏အသုံးပြုသူများ အကြားချမှတ်ထားသော အသုံးပြုခြင်းဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များအား သဘောတူညီရန်လိုအပ်သည်။

၁၀။ လူကြီးမင်း၏ အခွင့်အရေးများ

ဥရောပနိုင်ငံများအပါအဝင် နိုင်ငံတစ်ခုခုတွင် အခြေချနေထိုင်သော အသုံးပြုသူများသည် မိမိတို့၏ ပုဂ္ဂိုလ်ရေး သတင်းအချက်အလက်များနှင့် စပ်လျဉ်း၍ တိကျသေချာသော အခွင့်အရေးများကို ခံစားနိုင်မည်ဖြစ်သည်။ ဤ အခွင့်အရေးများတွင် လူကြီးမင်း၏ပုဂ္ဂိုလ်ရေး အချက်အလက်များအား ရယူခြင်း၊ ပြင်ဆင်ခြင်း၊ ဖျက်သိမ်းရန် တောင်းဆိုနိုင်ခြင်း စသည်တို့ပါဝင်သည်။
ဖော်ပြပါအခွင့်အရေးများသည် ကမ္ဘာအနှံ့သက်ဆိုင်သော အခွင့်အရေးများမဟုတ်သော်လည်း “စုစည်းရာ” အသုံးပြုသူများသည် ၎င်းတို့၏ပုဂ္ဂိုလ်ရေး အချက်အလက်များကို အောက်တွင်ဖော်ပြထားသည့်အတိုင်း ၎င်းတို့ ၏ အကောင့်ဆက်တင်များတွင် ဝင်ရောက်စီမံခန့်ခွဲနိုင်သည်။
လူကြီးမင်းသည် “စုစည်းရာ” ၏ အကောင့်ဆက်တင်များ စာမျက်နှာမှတစ်ဆင့် လူကြီးမင်း၏ ပုဂ္ဂိုလ်ရေး အချက်အလက်မူပွားကို ဒေါင်းလုဒ်ဆွဲ၍တောင်းဆိုရယူနိုင်သည်။ ကျွန်ုပ်တို့အား လူကြီးမင်းပေးအပ်ထားသော ပုဂ္ဂိုလ်ရေးအချက်အလက်များကို ပြင်ဆင်ရန်ဖြစ်စေ၊ ဖျက်သိမ်းရန်ဖြစ်စေ လူကြီးမင်း၏ကိုယ်ရေးအကျဉ်းတွင် ဝင်ရောက်၍ ပြင်ဆင်နိုင်သည်။ အကောင့်ဆက်တင်များ စာမျက်နှာမှ လူကြီးမင်း၏အကောင့်အားလည်း ဖျက် သိမ်းနိုင်သည်။ သို့ရာတွင် ဥပဒေအရသော်လည်းကောင်း၊ ကျွန်ုပ်တို့၏တရားဝင်လုပ်ငန်း ရည်ရွယ်ချက်များ အတွက်သော်လည်းကောင်း လိုအပ်သည့်သတင်းအချက်အလက်များကို ရယူထားနိုင်သည်။

၁၁။ အီးမေးလ်နှင့် မိုဘိုင်းဖုန်းအသိပေးချက်များ

လူကြီးမင်းအနေဖြင့် ကျွန်ုပ်တို့ထံမှ အကြောင်းအရာတစ်ခုခု ကြားသိလိုမှသာ ကျွန်ုပ်တို့ဆက်သွယ်ပေးမည် ဖြစ်သည်။ ကျွန်ုပ်တို့ဘက်မှပေးပို့သော အီးမေးလ်အရေအတွက်ကိုလည်း အနည်းဆုံးဖြစ်စေရန် ကြိုးစားလုပ် ဆောင်ပြီး ပေးပို့သော ဈေးကွက်မြှင့်တင်ရေးဆိုင်ရာ ပြောဆိုဆက်သွယ်မှုများကို လူကြီးမင်းအနေဖြင့် ရွေးချယ် ခွင့်ရှိမည်ဖြစ်သည်။၊
လူကြီးမင်း၏ငွေလွှဲပြောင်းမှုများနှင့် သက်ဆိုင်သည့် အီးမေးလ်ကို “စုစည်းရာ” မှပေးပို့မည်။ ဈေးကွက်မြှင့်တင် ရေးဆိုင်ရာ အီးမေးလ်အဆက်အသွယ်များကိုလည်း လူကြီးမင်း၏ဦးစားပေး စိတ်ဝင်စားမှုအရ ရွေးချယ်ပိုင်ခွင့် ရှိပြီး လူကြီးမင်း၏ အသိပေးချက်ဆက်တင်များကို ချိန်ညှိခြင်းဖြင့် ၎င်းတို့အားအချိန်မရွေး ရွေးချယ်နိုင်သည်။ “စုစည်းရာ” အက်ပလီကေးရှင်းအား ဒေါင်းလုဒ်လုပ်ယူပါက လူကြီးမင်း၏မိုဘိုင်းဖုန်းပေါ်ရှိ ကိုယ်ရေးအကျဉ်း ဆက်တင်များတွင် အသိပေးချက်များကို စီမံခန့်ခွဲမှုပြုနိုင်မည်ဖြစ်သည်။
ဝန်ဆောင်မှုနှင့်ဆက်နွှယ်သည့် ကြေညာချက်များအား ပေးပို့ရန်လိုအပ်လာပါက ကျွန်ုပ်တို့ဘက်မှ ပေးပို့သွား မည်ဖြစ်သည်။

၁၂။ လုံခြုံရေး

ကျွန်ုပ်တို့သည် ပုဂ္ဂိုလ်ရေးအချက်အလက်များ၏ လုံခြုံရေးကို အလေးအနက်ထားသည့်အလျောက် လူကြီးမင်း ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များ လုံခြုံရေးသည် ကျွန်ုပ်တို့အတွက် အရေးအကြီးဆုံးဖြစ်သည်။ စုဆောင်းရရှိ ပြီး ထိန်းသိမ်းထားသော အချက်အလက်များကို ကာကွယ်ရန်အတွက် အင်တာနက်ပေါ်တွင် ပျံ့နေသော သတင်းအချက်အလက်များအား ဖုံးကွယ်လျှို့ဝှက်ရာတွင် အသုံးပြုသည့် Transport Layer Security (TLS) လုံခြုံရေးစနစ်အပါအဝင် လုပ်ငန်းပိုင်းဆိုင်ရာ စံသတ်မှတ်ချက်များအား ကျွန်ုပ်တို့ လိုက်နာဆောင်ရွက်လျက်ရှိ သည်။ အင်တာနက်မှတစ်ဆင့် ပေးပို့ခြင်းဖြစ်စေ အီလက်ထရောနစ်နည်းဖြင့် သိမ်းဆည်းသိုလှောင်ထားခြင်း ဖြစ်စေ မည်သည့်နည်းလမ်းမျှ လုံခြုံမှုမရှိသည်ဖြစ်၍ “စုစည်းရာ” အနေဖြင့် ၎င်း၏အလုံးစုံလုံခြုံရေးအား အာမခံပေးနိုင်မည်မဟုတ်ပါ။ လူကြီးမင်း၏အကောင့်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို လူကြီးမင်းကိုယ်တိုင် သေချာရွေးချယ်ထားသော လျှို့ဝှက်နံပါတ်တစ်ခုဖြင့် အကာအကွယ်ပေးထားမည်ဖြစ်ပြီး လုံခြုံစိတ်ချစွာ သိမ်းဆည်းထားသင့်သည်။ လူကြီးမင်းတို့၏ အကောင့်များကို ပိုမိုကာကွယ်ပေးထားနိုင်ရန် အကောင့်ဆက်တင်များတွင် နှစ်ထပ်ခံစစ်မှန်ကြောင်း သက်သေနည်းလမ်းအား အသုံးပြုစေလိုကြောင်း ကျွန်ုပ် တို့ တိုက်တွန်းအပ်ပါသည်။
အချက်အလက်ဖောက်ဖျက်မှု တစ်စုံတစ်ရာရှိလာခဲ့သော် ဖြေရှင်းမည့်ညှိနှိုင်းချက် မှတ်တမ်းတစ်ခုရှိသည်။ (အီးမေးလ်လိပ်စာ -info@suseeyar.com) သို့ အီးမေးလ်ပေးပို့ခြင်းဖြင့် ကျွန်ုပ်တို့ဝန်ဆောင်မှု၏ အားနည်းချက်များအား ထုတ်ဖော်ပြောကြားနိုင်ပါကြောင်း အသိပေးတိုက်တွန်းလိုပြီး ကျွန်ုပ်တို့၏ စနစ် ချွတ်ယွင်းမှုအား ဖော်ထုတ်သည့်ပရိုဂရမ်သို့ ကျိုးကြောင်းခိုင်လုံသော ထုတ်ဖော်ချက်များအား ပေးပို့ရန် ဖိတ်ခေါ်အပ်ပါသည်။

၁၃။ အချက်အလက်များ အကာအကွယ်ပေးရေးအရာရှိ

ကျွန်ုပ်တို့၏ အချက်အလက်များ အကာအကွယ်ပေးရေးအရာရှိနှင့် ဆက်သွယ်လိုပါက (အီးမေးလ်လိပ်စာ - info@suseeyar.com) သို့ အီးမေးလ်ပေးပို့နိုင်ပါသည်။
“စုစည်းရာ”
လိပ်စာ - အမှတ်(၇၇) ၊ အခန်းနံပါတ် 2B ၊
ဓမ္မစေတီလမ်း ၊ မြေနီကုန်း ၊
စမ်းချောင်းမြို့နယ် ၊ ရန်ကုန်မြို့။
သို့ စာရေးသားလိပ်မူ၍လည်း ကျွန်ုပ်တို့အား ဆက်သွယ်နိုင်ပါသည်။

၁၄။ အချက်အလက်များ အကာအကွယ်ပေးရေးအခွင့်အာဏာ

သက်ဆိုင်သည့်ဥပဒေအရ ဥရောပစီးပွားရေးနယ်ပယ်ရှိ နိုင်ငံသားတစ်ဦးဦးဖြစ်စေ အခြေချနေထိုင်သူတစ်ဦးဦး ဖြစ်စေ (က) လူကြီးမင်း၏ပုဂ္ဂိုလ်ရေး အချက်အလက်များကို “စုစည်းရာ” မှအသုံးပြုခြင်းအား ကန့်ကွက်နိုင် သည့်အခွင့်အရေး (ခ) ဥရောပသမဂ္ဂတွင် “စုစည်းရာ” ၏ ဦးဆောင်ကြီးကြပ်မှုအာဏာရှိသော ယူနိုက်တက် ကင်းဒမ်းအခြေစိုက် Information Commissioner’s Office သို့ဖြစ်စေ၊ လူကြီးမင်းနေထိုင်ရာ နိုင်ငံအတွင်းရှိ အချက်အလက် အကာအကွယ်ပေးရေး အခွင့်အာဏာရှိသူ တစ်စုံတစ်ယောက်ဖြင့်ဖြစ်စေ စွဲချက်တင်ဆိုနိုင် သည့်အခွင့်အရေးတို့ ရရှိခံစားနိုင်မည်။

ယူနိုက်တက်ကင်းဒမ်း အခြေစိုက် Information Commissioner’s Office
Wycliffe House, Water Lane, Wilmslow, Cheshire
SK9 5AF, United Kingdom
တယ်လီဖုန်းနံပါတ် - +0303 123 1113
ဖက်စ်အမှတ် - 01625 524510
ဝက်ဘ်ဆိုဒ် - https://ico.org.uk/global/contact-us/

၁၅။ ကလေးငယ်များ

အသက် ၁၈ နှစ်အောက် (သို့မဟုတ် လူကြီးမင်း၏ အုပ်ချုပ်စီရင်ပိုင်ခွင့်အာဏာ အတွင်းရှိ ဥပဒေအရအသက် အရွယ်ရှိသော) သူများကို “စုစည်းရာ” ဝန်ဆောင်မှုအား ကိုယ်တိုင်အသုံးပြုခွင့် ပေးမည်မဟုတ်ပါ။ “စုစည်းရာ” သည် အသက် ၁၃ နှစ်အောက် ကလေးငယ်များထံမှ မည်သည့်ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက်အလက်ကိုမျှ သိသိလျက်နှင့် စုဆောင်းထားခြင်းမျိုး မပြုလုပ်ပါ။ အသက် ၁၃ နှစ်အောက် ကလေးငယ်များအား အကောင့်ဖွင့် ရန်အတွက်သော်လည်းကောင်း ကျွန်ုပ်တို့ဝန်ဆောင်မှုများအား အသုံးပြုရန်အတွက်သော်လည်းကောင်း ခွင့်ပြု မည်မဟုတ်ပါ။
ကလေးငယ်တစ်ဦးမှ ကျွန်ုပ်တို့အား ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက်အလက်များ ပေးထားသည်ဟုယူဆပါက (အီးမေးလ်လိပ်စာ - info@suseeyar.com) သို့ ကျေးဇူးပြု၍ ဆက်သွယ်ပေးပါ။ အကယ်၍ အသက် ၁၃ နှစ်အောက် ကလေးငယ်တစ်ဦးဦးမှ ၎င်း၏ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက်အလက်များ ကျွန်ုပ်တို့အား ပေးအပ်ထားသည်ဟု တွေ့ရှိလာပါက ဖျက်သိမ်းသွားမည်ဖြစ်သည်။