သီးပင်စားပင်မျိုးစုံကို တနိုင်တပိုင် ဖြန့်ဖြူးရောင်းချနေတဲ့ ကိုဇော်မင်းအား ဝန်းရံပေးကြဖို့ ဖိတ်ခေါ်ပါတယ်

  • ပင်မစာမျက်နှာ / သီးပင်စားပင်မျိုးစုံကို တနိုင်တပိုင် ဖြန့်ဖြူးရောင်းချနေတဲ့ ကိုဇော်မင်းအား ဝန်းရံပေးကြဖို့ ဖိတ်ခေါ်ပါတယ်

"အချင်းချင်းအပြန်အလှန်ကူညီကြမယ်" ရံပုံငွေမြှင့်တင်ရေး ကမ်းပိန်း

ဒီတခေါက်ကတော့ စုစည်းရာရဲ့ "အချင်းချင်းအပြန်အလှန်ကူညီကြမယ်" ရံပုံငွေမြှင့်တင်ရေး ကမ်းပိန်းမှာ ပါဝင်ထားတာက ဂါးဖီးလ်း ယိုးဒယားအုန်းချိုမွှေး အပင်ပု သီးပင်စားပင်မျိုးစုံရောင်းဝယ်ရေးမှပဲ ဖြစ်ပါတယ်။

ဂါးဖီးလ်း ယိုးဒယားအုန်းချိုမွှေး အပင်ပု သီးပင်စားပင်မျိုးစုံရောင်းဝယ်ရေးရဲ့ ပဲ့ကိုင်ရှင်က ကိုဇော်မင်းပါ။

မင်္ဂလာပါခင်ဗျာ။ ကျွန်တော့်နာမည် ဇော်မင်းပါ။ ကျွန်တော်က စိုက်ပျိုးရေးတက္ကသိုလ်က B.Agr.Sc.ဘွဲ့ရတယောက်ဖြစ်ပါတယ်။ ဘွဲ့ရပြီးကတည်းက စိုက်ပျိုးရေးကုမ္ပဏီတွေမှာ 13 နှစ်ကြာ ဝန်ထမ်းအဖြစ်အလုပ်လုပ်ခဲ့ပြီး ကိုယ်ပိုင် သီးပင်စားပင်ပျိုးပင်လေးတွေရောင်းတဲ့ ကိုယ်ပိုင်အလုပ်လုပ်ဖို့အတွက် ဝန်ထမ်းအလုပ်ကနေ ထွက်ခဲ့ပါတယ်။ ဂါးဖီးလ်း ယိုးဒယားအုန်းချိုမွှေး အပင်ပု သီးပင်စားပင်မျိုးစုံရောင်းဝယ်ရေးဆိုတဲ့ နာမည်နဲ့ နေပြည်တော်၊ တပ်ကုန်းမြို့နယ်မှာ အုန်းချိုမွှေးအပင်ပုတွေ၊ သီးပင် စားပင် ပျိုးပင်မျိုးစုံကို ကိုယ်တိုင် ဖြန့်ဖြူးရောင်းချနေပါတယ်။နေပြည်တော်အတွင်းဆိုရင် ကိုယ်တိုင် အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ပေးပြီး အနယ်နယ်အရပ်ရပ်က ဝယ်သူတွေဆီကိုတော့ နီးစပ်ရာ delivery serviceနဲ့ ပို့ဆောင်ပေးနေပါတယ်။ ဒီအလုပ်ကို စတင်ခဲ့တာ ၆လကျော်ပဲရှိသေးပေမယ့် ၆လတာကာလအတွင်းမှာ ကြုံတွေ့ခဲ့ရတဲ့ အရောင်းအဝယ်လုပ်နေရင်း အလိမ်ခံရတာတွေရယ် ရောင်းမှားဝယ်မှားဖြစ်ခဲ့တာတွေစတဲ့ အခက်အခဲတွေ အတွေ့အကြုံတွေကနေ အခုဆိုရင် လုပ်ငန်းအပေါ်လဲ တော်တော်လေး နားလည်ကျွမ်းကျင်နေပါပြီ။ ယိုးဒယားအုန်းချိုမွှေး၊ ပိန္နဲပင်၊ သင်္ဘောပျိုးပင်တွေ နဲ့ ပန်းအလှပျိုးပင် (နှင်းဆီ၊ အလှပင်)တွေကို ထပ်ဖြည့်ပြီး သေချာ စနစ်တကျနဲ့တိုးချဲ့သွားလိုပါတယ်။ လူကြီးမင်းတို့အနေနဲ့လဲ တနိုင်တပိုင်အလုပ်ကလေးတွေလုပ်ရင်း ကြိုးစားရုန်းကန်နေကြတဲ့သူအချင်းချင်းကို ကိုယ်နိုင်ရာ ပံ့ပိုးကူညီပေးလို့ရတဲ့ "အချင်းချင်းအပြန်အလှန်ကူညီကြမယ်" ရံပုံငွေမြှင့်တင်ရေး ကမ်းပိန်းမှာ ပါဝင်ထားတဲ့ ကျွန်တော့်ကို ကူညီဝန်းရံပေးလို့ရပါတယ်။ လူကြီးမင်းတို့ရဲ့ အားဖြည့်ဝန်းရံပေးမှုက ကျွန်တော့်အတွက် တကယ်ကို အားဖြစ်စေပါတယ်ခင်ဗျာ။

Target Fund

စုဆောင်းရန်Fundraisingရံပုံငွေပမာဏမှာ 2,360,000 ကျပ်

- ယိုးဒယားအုန်းချိုမွှေး၊ ပိန္ဲ၊ သင်္ဘောပျိုးပင်တွေအတွက် ၁၀သိန်း

- ပန်းအလှပျိုးပင် (နှင်းဆီ၊ အလှပင်)စတာတွေအတွက် ၁၀သိန်း

- အထွေထွေကုန်ကျစရိတ် 360,၀၀၀ ကျပ်

မှတ်ချက်မရှိသေးပါ။

ငွေထည့်ဝင်သူမရှိပါ။
အစီရင်ခံစာမရှိသေးပါ။
%
Fund Raised
  • 0 MMK Funded
  • 23.6L MMK Goal
  • ငွေထည့်ဝင်သူ
...
Zaw Min

ပရောဂျက်ကိုထောက်ပံ့ရန်

5,000 ကျပ်

5,000 MMK

ကျွန်တော့်ကို ၅,၀၀၀ ကျပ် ကူညီပေးသူသည် (6000 )ကျပ်တန်ဖိုးရှိတဲ့ အပင်ကို (၅၀၀၀) ကျပ်ထဲနဲ့ ပြန်လည်ရရှိမည်ဖြစ်ပါသည် အောက်ကအပင်တွေထဲက ကြိုက်ရာ အပင်ကို ရွေးချယ်လို့ရပါတယ်၊ facebook messengerကနေပြီးလဲ ရွေးချယ်နိုင်ဖို့အတွက် အပင်ဓါတ်ပုံတွေ ပြပေးပါမယ် - ယိုးဒယား အုန်းချိုမွှေး၊ ယိုးဒယား ပိန္နဲသီးပင်၊ ၁၂ရာသီ သီး သရက်နှင့် ယိုးဒယားသီးပင်စားပင်မျိုးစုံ - နှင်းဆီ စံပယ် သစ်ခွနှင့် ပန်းမာန်များ

10,000 ကျပ်

10,000 MMK

ကျွန်တော့်ကို ၁၀,၀၀၀ ကျပ် ကူညီပေးသူသည် (၁၂,000 )ကျပ် ရောင်းဈေးတန်ဖိုးရှိတဲ့ အပင်တွေကို ၂,၀၀၀ ကျပ်discount (၁၀,၀၀၀) ကျပ်ထဲနဲ့ ပြန်လည်ရရှိမည်ဖြစ်ပါသည် အောက်ကအပင်တွေထဲက ကြိုက်ရာ အပင်တွေကို ရွေးချယ်လို့ရပါတယ်၊ facebook messengerကနေပြီးလဲ ရွေးချယ်နိုင်ဖို့အတွက် အပင်ဓါတ်ပုံတွေ ပြပေးပါမယ် - ယိုးဒယား အုန်းချိုမွှေး၊ ယိုးဒယား ပိန္နဲသီးပင်၊ ၁၂ရာသီ သီး သရက်နှင့် ယိုးဒယားသီးပင်စားပင်မျိုးစုံ - နှင်းဆီ စံပယ် သစ်ခွနှင့် ပန်းမာန်များ

30,000 ကျပ်

30,000 MMK

ကျွန်တော့်ကို ၃၀,၀၀၀ ကျပ် ကူညီပေးသူသည် (၃၆,000 )ကျပ် ရောင်းဈေးတန်ဖိုးရှိတဲ့ အပင်တွေကို ၆,၀၀၀ ကျပ်discount (၃၀,၀၀၀) ကျပ်ထဲနဲ့ ပြန်လည်ရရှိမည်ဖြစ်ပါသည်။ အောက်ကအပင်တွေထဲက ကြိုက်ရာ အပင်တွေကို ရွေးချယ်လို့ရပါတယ်၊ facebook messengerကနေပြီးလဲ ရွေးချယ်နိုင်ဖို့အတွက် အပင်ဓါတ်ပုံတွေ ပြပေးပါမယ် - ယိုးဒယား အုန်းချိုမွှေး၊ ယိုးဒယား ပိန္နဲသီးပင်၊ ၁၂ရာသီ သီး သရက်နှင့် ယိုးဒယားသီးပင်စားပင်မျိုးစုံ - နှင်းဆီ စံပယ် သစ်ခွနှင့် ပန်းမာန်များ

50,000 ကျပ်

50,000 MMK

ကျွန်တော့်ကို ၅၀,၀၀၀ ကျပ် ကူညီပေးသူသည် (၆၀,000 )ကျပ် ရောင်းဈေးတန်ဖိုးရှိတဲ့ အပင်တွေကို ၁၀,၀၀၀ ကျပ်discount (၅၀,၀၀၀) ကျပ်ထဲနဲ့ ပြန်လည်ရရှိမည်ဖြစ်ပါသည်။ အောက်ကအပင်တွေထဲက ကြိုက်ရာ အပင်တွေကို ရွေးချယ်လို့ရပါတယ်၊ facebook messengerကနေပြီးလဲ ရွေးချယ်နိုင်ဖို့အတွက် အပင်ဓါတ်ပုံတွေ ပြပေးပါမယ် - ယိုးဒယား အုန်းချိုမွှေး၊ ယိုးဒယား ပိန္နဲသီးပင်၊ ၁၂ရာသီ သီး သရက်နှင့် ယိုးဒယားသီးပင်စားပင်မျိုးစုံ - နှင်းဆီ စံပယ် သစ်ခွနှင့် ပန်းမာန်များ

100,000 ကျပ်

100,000 MMK

ကျွန်တော့်ကို ၁၀၀,၀၀၀ ကျပ် ကူညီပေးသူသည် (၁၃၀,၀၀၀ )ကျပ် ရောင်းဈေးတန်ဖိုးရှိတဲ့ အပင်တွေကို ၃၀,၀၀၀ ကျပ်discount (၁၀၀,၀၀၀) ကျပ်ထဲနဲ့ ပြန်လည်ရရှိမည်ဖြစ်ပါသည် အောက်ကအပင်တွေထဲက ကြိုက်ရာ အပင်တွေကို ရွေးချယ်လို့ရပါတယ်၊ facebook messengerကနေပြီးလဲ ရွေးချယ်နိုင်ဖို့အတွက် အပင်ဓါတ်ပုံတွေ ပြပေးပါမယ် - ယိုးဒယား အုန်းချိုမွှေး၊ ယိုးဒယား ပိန္နဲသီးပင်၊ ၁၂ရာသီ သီး သရက်နှင့် ယိုးဒယားသီးပင်စားပင်မျိုးစုံ - နှင်းဆီ စံပယ် သစ်ခွနှင့် ပန်းမာန်များ