အခုလိုအချိန်မှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် တစ်ကမ္ဘာလုံး ကျန်းမာရေး၊ စီးပွားရေးနဲ့ လူမှုရေးပိုင်းဆိုင်ရာတွေ ထိခိုက်ဆုံးရှုံးနေကြရပါတယ်။ ဖွဲ့ဖြိုးဆဲနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာလည်း ကိုဗစ်-၁၉ ရောဂါကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေး၊ လူမှုရေးနဲ့ ကျန်းမာရေးကဏ္ဍတွေက ဆုံးရှုံးနစ်နာမှုတွေကို ခံစားနေကြရဆဲ ဖြစ်ပါတယ်။ ဖွဲ့ဖြိုးဆဲနိုင်ငံဖြစ်တဲ့အတွက် နိုင်ငံရဲ့ လူဦးရေရာခိုင်နှုန်းအများစုကလည်း နေ့စားအလုပ်လုပ်ကိုင်ကြပြီးတော့ နေ့စဉ်ဝင်ငွေကို မှီခိုနေကြရတဲ့ အခြေခံလူတန်းစားတွေ ဖြစ်ကြပါတယ်။ နေ့စားအလုပ် လုပ်ကိုင်ကြသူတွေအတွက် အခက်ခဲဆုံးအချိန်ကာလတစ်ခု ဖြစ်ပါတယ်။ တစ်နေ့လုပ်မှ တစ်နေ့ စားရသူတွေ အလွန်များပြားပြီး ဒီလိုကပ်ရောဂါကာလအတွင်းမှာ ဈေးရောင်းပါးခြင်း၊ ဈေးထွက် ရောင်းလို့မရခြင်း၊ ပြင်ပဈေးသည်များ (ခေါင်းရွက်ဗျပ်ထိုး) ဈေးသည်များအား ရပ်ကွက်အတွင်း ပေးမဝင်ခြင်း၊ အလုပ်ရုံ/စက်ရုံများ ပိတ်ထားရခြင်းကြောင့် အလုပ်လက်မဲ့ဖြစ်သွားရသော ကာလလုပ်သားများ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ ရပ်နား ထားရသောကြောင့် အလုပ်လက်မဲ့ဖြစ်နေသော နေ့စား/ယာယီ၊ ပုတ်ပြတ်လုပ်ကိုင်ကြရတဲ့ ပန်းရံ၊ အုတ်သယ်၊ ကျောက်သယ် အလုပ်ကြမ်းသမားများ၊ လက်သမားများ အလုပ်လက်မဲ့ဖြစ်ကုန်သော၊ ကုန်တင်ကုန်ချ၊ ဆိုင်ကယ်အငှားမောင်း၊ ဆိုက်ကားနင်းသူ စတဲ့ ကျပန်းလုပ်ကိုင်ရတဲ့ အခြေခံလူတန်းစားတွေရဲ့ ဘဝပိုမို ခက်ခဲကြမ်းတမ်း လာကြပါတယ်။ အလုပ်လက်မဲ့၊ ဝင်ငွေမဲ့နေတဲ့အပြင် ကိုဗစ်ရောဂါကိုလည်း မကူးစက်စေဖို့ ကြိုးစားနေထိုင်ရတဲ့ အခြေခံလူတန်းစားတစ်ရပ်ရဲ့ ဘဝတွေဟာ ပိုပြီး ခက်ခဲကြမ်းတမ်းလာတယ်ဆိုတာ စာနဲ့ပြောပြတာထက် ပိုပါသေးတယ်။ ဒီလိုအခက်အခဲတွေကြောင့် စားဝတ်နေရေး ဒုက္ခရောက်နေကြသူတွေ အများအပြားပါပဲ။ မရှိရှိတဲ့ ပစ္စည်းလေး ပေါင်နှံရောင်းချပြီး ဝမ်းရေးကို ဖြေရှင်းနေရတဲ့သူတွေရှိသလို တချို့က အတိုးနဲ့ငွေချေးပြီး ပိုက်ဆံရမှ ဆန်လေးဝယ်ပြီး ဝမ်းရေးကိုဖြေရှင်းနေကြရပါတယ်။ စီးပွားရေးမကောင်း၊ ဝင်ငွေမရှိလို့ ချေးငွေချေးကာ မှပြန်မဆပ်နိုင်သော ဘဝများ ဆန်ဝယ်စရာ ပိုက်ဆံမရှိသောကြောင့် ထမင်းနှပ်မှန်အောင် မစားရတဲ့ အိမ်ထောင်စုတွေလည်း အများကြီးရှိပါတယ်။ ဘယ်ကမှ အကူအညီမရ ဖြေရှင်းစရာနည်းလမ်း၊ အလုပ်အကိုင်လဲမရှိလို့ အသက်ဆက်ရှင်ရုံမျှ ဆန်ပြုတ်ပဲသောက်နေရတဲ့အထိ၊ ထမင်းခြောက်ကို ရေဖျော်သောက်နေရတဲ့အထိ မမြင်ရက်နိုင် မကြားရက်နိုင်သော အခြေအနေများစွာ ရှိနေပါတယ်။ ဒီလိုအခက်အခဲတွေဖြစ်ပြီး တကယ်ဒုက္ခရောက်နေရကြတဲ့မိသားစုတွေအတွက် ရက်အနည်းငယ်စာ ပဲဖြစ်ဖြစ် အထောက်အပံ့ဖြစ်စေဖို့ စားစရာတွေ ငွေကြေးတွေကို ကျွန်မတို့အဖွဲ့က တတ်နိုင်သလောက် လှုဒါန်းမှုတွေ ပြုလုပ်လျှက်ရှိပါတယ်။
ဒီCampaignကို လုပ်ရတဲ့ရည်ရွယ်ချက်က မြန်မာနိုင်ငံရဲ့ လတ်တစ်လောစီးပွားရေး အခြေအနေများကြောင့် တကယ်ကို အခက်အခဲဖြစ်ပြီး အလုပ်မရှိ ဝင်ငွေမရှိ စားစရာမရှိဖြစ်နေကြတဲ့ ပြည်သူ၊ မိသားစု အရေအတွက်ဟာ အရင်ကထက် အများကြီးတိုးပွားနေပြီး ဒုက္ခရောက်နေကြရတဲ့အတွက် ဖြစ်ပါတယ်။ အဲ့ဒီလို ဒုက္ခရောက် နေသူများကို အချိန်အတိုင်းအတာတခုအထိ စားရေးသောက်ရေးအဆင်ပြေစေဖို့ အလျဉ်မှီအောင် ကူညီ ထောက်ပံ့ပေးဖို့အတွက် အလှုငွေ ရံပုံငွေတွေ မြှင့်တင်ဖို့ လိုအပ်နေပါတယ်ရှင်။ မိတ်ဆွေများထံမှ အကူအညီလေး ရရန်အားကိုးမျှော်လင့်ပါတယ်ရှင့်။
ကျွန်မတို့ အဖွဲ့အနေနဲ့ ဒီ Campaign ကရရှိတဲ့ ရံပုံငွေတွေကို အမှန်တကယ်စားဝတ်နေရေး ဒုက္ခရောက်နေတဲ့ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှ အခြေခံလူတန်းစား အိမ်ထောင်စု (၁၀၀) ကို စားနပ်ရိက္ခာများ သွားရောက်လှူဒါန်းဖို့ အသုံးပြုသွားမှာဖြစ်ပါတယ်။
အိမ်ထောင်စု (၁၀၀)ကို စားနပ်ရိက္ခာလှုဒါန်းဖို့ ရည်ရွယ်ထားတဲ့ဒီအစီအစဉ်မှာ ဝိုင်းဝန်းလှုဒါန်းလိုသူ အလှုရှင် များကိုလဲ ဖိတ်ခေါ်ပါတယ်။ ပါဝင်လှုဒါန်းပေးကြဖို့ မေတ္တာရပ်ခံပါတယ်ရှင်။ လှူဒါန်းလိုသလောက် အိမ်ထောင်စု အရေအတွက် အတိုင်းလည်း ပါဝင်လှူဒါန်းလို့ရပါတယ်။ အလှုရှင်တွေရဲ့ဒီလှုဒါန်းမှုက တကယ် ဒုက္ခရောက် နေကြတဲ့ မိသားစုတွေရဲ့အခက်အခဲတွေကို ရက်အနည်းငယ်စာ ဖြေရှင်းပေးနိုင်ပြီး သူတို့ရဲ့ ပူပင်မှုတွေကို ဖြေသိမ့်ပေးရာ ရောက်ပါတယ်ရှင်။ ကျွန်မတို့အဖွဲ့အနေနဲ့ ရရှိလာတဲ့ လှုဒါန်းငွေတွေကို အမှန်တကယ် ဒုက္ခရောက်နေတဲ့မိသားစုတွေကို သေချာစီစစ်ပြီး အကျိုးရှိရှိ လှုဒါန်းသွားမှာဖြစ်ပါတယ်။ “သူတို့တွေရဲ့ ဆာလောင်မှုနဲ့ လိုအပ်ချက်တွေကို အလှုရှင်များရဲ့ အကူအညီတွေနဲ့ လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ဖို့ မျှော်လင့်မိပါတယ်။”
• အိမ်ထောင်စုတစ်စုအတွက် မြန်မာငွေကျပ် ၁၅၀၀၀ တန် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်၊ အာလူး အစရှိတဲ့ အခြေခံစားသောက်ကုန် စားနပ်ရိက္ခာ Food Package တစ်ခုကို လှူဒါန်းပေးဖို့ ရည်ရွယ်ထားပါတယ်။
• အိမ်ထောင်စု ၁၀၀ အတွက် Food Package ပေါင်း ၁၀၀ ကို ဝေမျှလှူဒါန်းသွားမှာ ဖြစ်ပါတယ်။
ကျွန်မတို့အဖွဲ့နာမည်က CHO Charity ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှစပြီး စိတ်တူကိုယ်တူသူငယ်ချင်းများစုဖွဲ့ကာ ကိုယ်တတ်နိုင်သော ငွေကြေးပမာဏတခုကို လစဉ်စုပြီး အကူအညီလိုအပ်သောတဲ့နေရာတွေများကို သွားရောက် ကူညီရာမှ CHO Charity ဆိုသောအဖွဲ့လေး ဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်။ ကျွန်မတို့အဖွဲ့ရဲ့ စိတ်ကူးလေးကတော့ ရိုးရှင်းပါတယ်။"ပီတိကိုစားအားရှိ"ဆိုသော ဆိုရိုးအတိုင်း အကူအညီလိုအပ်သော အခတ်အခဲဖြစ်နေသော သူများနှင့် ကြုံတိုင်း တက်နိုင်သောရှုထောင့်မှ ကူညီနိုင်ခဲ့ကြပါသည်။ အကူအညီလိုအပ်သောသူကို ကူညီပေးနိုင်တဲ့ အချိန်မှာခံစားရတဲ့ စိတ်ခံစားမူ(ပီတိ)ကို ကြိုက်နှစ်သက်သော စိတ်တူကိုယ်တူသူငယ်ချင်းများဖြင့် ဖွဲ့ထားသောအဖွဲ့လေးဖြစ်ပါသည်။ ကျွန်မတို့တွင်အမာခံအဖွဲ့ဝင် (၅) ဦးရှိပါသည်။ ထိုအမာခံအဖွဲ့ဝင် သူငယ်ချင်း များနှင့် ဆက်စပ်ပြီး စိတ်တူကိုယ်တူ မိသားစုဝင်များ သူငယ်ချင်းမိတ်ဆွေများ၏လှုဒါန်းမူဖြင့် အဖွဲ့၏လှုဒါန်းလို ကူညီလို သောနေရာများကို ထိထိရောက်လှုဒါန်းနိုင်ခဲ့ပါသည်။ အလှုငွေစုစုပေါင်း အနည်းဆုံး ၁၅ သိန်းကျပ် ပြည့်တဲ့အခါတိုင်း လိုအပ်သောနေရာတွေကို သွားရောက်ကူညီလှုဒါန်းခဲ့ကြပါတယ်။ အခုအချိန်အထိ ပြုလုပ် ပြီးခဲ့တဲ့ လှုဒါန်းမှုတွေကတော့ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ ဒါးပိန်မြို့နယ်၊ ကော့မှုးမြို့နယ် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ပဲခူးတိုင်း၊ ဆွာမြို့နယ်တွင်းရှိ ငွေကြေးမပြေလည် သူများ/ဆင်းရဲချို့တဲ့ သူများအား အစားအသောက်များ လှုဒါန်းခြင်း၊ စွန့်ပစ်ခံဘိုးဘွားရိပ်သာမှ အဘိုးအဘွား များအား အာဟာရ နှင့်ဆေးဝါးလှုဒါန်းခြင်း၊ မိဘမဲ့ကလေးများအတွက် အစားအသောက်များ အဝတ်အထည်များ လှုဒါန်းခြင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအတွက် လှုဒါန်းခြင်း နှင့် တောရွာဒေသမှ ဘုန်းကြီး ကျောင်းများ အတွက် ကျောင်းဆောင်ပြုပြင်မွမ်းမံခြင်းများ စသဖြင့် လိုအပ်သော ကူညီလှူဒါန်းမှုများတွေ ပြုလုပ် ခဲ့ပါတယ်။ ယခုလက်ရှိတွင်လည်း မိမိတို့တတ်နိုင်သလောက် လိုအပ်တဲ့နေရာတွေ လှုဒါန်းမှုများ ပြုလုပ်လျှက် ရှိပါတယ်ရှင်။

Target Fund
*မိသားစု (၁၀၀) အတွက် စုစုပေါင်း ၁,၅၀၀,၀၀၀ ကျပ်
*အထွေထွေကုန်ကျစရိတ်အတွက် ၂၅၀,၀၀၀ ကျပ်
အလှုရှင်များအနေနဲ့ ၅ထောင်ကျပ်၊ ၁သောင်းကျပ်၊ တအိမ်ထောင်စုစာ ၁၅၀၀၀ ကျပ်စသဖြင့် မိမိလှုဒါန်းနိုင်သလောက် ပါဝင်လှုဒါန်းလို့ရပါတယ်ရှင်။
ဖော်ပြပါ KBZ Pay နှင့် Wave Money Accountများသို့ တိုက်ရိုက်ငွေလွှဲလှုဒါန်းနိုင်ပါတယ်ရှင်။
KBZ Pay Account / 09251926616 (Name - Su See Yar)
Wave Money Account / 09251926616 (Name - Aluto Benli)
Su See Yar Page link ကတဆင့်loginဝင်ရောက်ပြီး Local MPU၊ Visa/Master Cardများဖြင့်လည်း လှုဒါန်းနိုင်ပါတယ်ရှင်။
- 
                                                    
                                                                                                                Yarzaraung
5K MMK
 - 
                                                    
                                                                                                                Yarzaraung
5K MMK
 - 
                                                    
                                                                                                                Nyein Nyein Thu
15K MMK
 - 
                                                    
                                                                                                                Yin Yin Cho
15K MMK
 - 
                                                    
                                                                                                                Khine Myae Htet Kyaw
30K MMK
 - 
                                                    
                                                                                                                Khine Myae Htet Kyaw
10K MMK
 - 
                                                    
                                                                                                                Ma Aye Aye Khine
45K MMK
 - 
                                                    
                                                                                                                Ma Aye Aye Khine
5K MMK
 - 
                                                    
                                                                                                                Daw Aye Nwet Khint Zaw
90K MMK
 - 
                                                    
                                                                                                                Daw Aye Nwet Khint Zaw
10K MMK
 - 
                                                    
                                                                                                                圭介 大島
1.5L MMK
 - 
                                                    
                                                                                                                Daw Han Ni Zaw
45K MMK
 - 
                                                    
                                                                                                                Daw Han Ni Zaw
5K MMK
 - 
                                                    
                                                                                                                Myo Thant
30K MMK
 - 
                                                    
                                                                                                                Nyein Nyein Thu
45K MMK
 - 
                                                    
                                                                                                                Sithu Kyaw
30K MMK
 
                                                                                    
                                                                                    
                                                                                    
                                                                                    
                                        
                                        
                                        
မှတ်ချက်မရှိသေးပါ။