မြန်မာကလေးများအတွက်အခမဲ့ကွန်ပျူတာသိပ္ပံပညာရေး

Industry 4.0 သို့ အရှိန်အဟုန်ဖြင့်ကူးပြောင်းနေသောကမ္ဘာကြီးတွင်ကွန်ပျူတာသိပ္ပံ ပညာရေးသည် အချို့သော ဖွံ့ဖြိုးပြီးနိုင်ငံများ၏ K12 သင်ရိုးညွှန်းတမ်းတွင်ပါ တစ်စိတ်တစ်ပိုင်း ပါဝင်လာပြီ ဖြစ်သည်။ မြန်မာနိုင်ငံတွင်မူ ကွန်ပျူတာသိပ္ပံ၏ အရေးပါပုံကို ဂရုမပြုမိကြ‌သေးသည့်အပြင် ကလေးအများစုမှာ ကွန်ပျူတာသိပ္ပံပညာရေးကို လွယ်ကူစွာ သင်ယူခွင့် မရရှိသေးပေ။ ပုံမှန်အစိုးရကျောင်းများမှ ကလေးများဆိုလျှင် ကွန်ပျူတာသိပ္ပံ ပညာရေးကို အသာထား ကွန်ပျူတာနှင့် ထိတွေ့ခွင့်ရမှုပင် နည်းပါးနေသေးသည်။ အခြားနိုင်ငံများတွင် CS နှင့် Coding ကို အခမဲ့အွန်လိုင်းပလက်ဖောင်းများမှတစ်ဆင့် ၎င်းတို့၏ ကိုယ်ပိုင်ဘာသာစကားများဖြင့် လေ့လာနိုင်ရန် ဆောင်ရွက်လျက် ရှိသည်။ ဘာသာစကားအခက်အခဲသည် မြန်မာကျောင်းသားများကို CS နှင့် coding နှင့်သက်ဆိုင်သည့် အွန်လိုင်းအရင်းအမြစ်များကို အလွယ်တကူ ရယူလေ့လာရန် တားဆီးနေသောအကြီးဆုံးအချက်များအနက်မှ တစ်ခုဖြစ်သည်။

Thate Pan Hub သည် လူငယ်များဦးဆောင်သည့် အကျိုးအမြတ်မယူသော လူမှုရေး လုပ်ငန်းတစ်ခု ဖြစ်ပြီး မြန်မာကျောင်းသားတိုင်းအတွက် အခြေခံကွန်ပျူတာသိပ္ပံနှင့် AI ပညာရေးကို အခမဲ့ပေးစွမ်းနိုင်ရန် ရည်ရွယ်သည်။ ကျွန်ုပ်တို့၏မျှော်မှန်းချက်မှာ ကလေး ငယ်များအတွက် ခွဲခြမ်းစိတ်ဖြာမှု၊ ယုတ္တိကျကျတွေးတောမှု၊ အခြေခံကွန်ပျူတာစာ တတ်မြောက်မှု နှင့် ဝေဖန်စဉ်းစားတွေးခေါ်မှုများ တိုးတက်စေရန် အထောက်အကူပြုမည့် ကွန်ပျူတာသိပ္ပံသင်ခန်းစာများကို ကျွန်ုပ်တို့၏ အခမဲ့သင်တန်းများမှတစ်ဆင့် ပို့ချပေးရန် ဖြစ်သည်။

Thate Pan Hubသည် ယခုလက်ရှိတွင် အခမဲ့ကွန်ပျူတာသိပ္ပံသင်တန်းများ ဖွင့်လှစ် ခြင်း နှင့် အသိပညာမြှင့်တင်ခြင်း ပညာ‌ပေးအစီအစဥ်များ ဖန်တီးမျှ‌ဝေခြင်းတို့ကို လုပ်ဆောင် လျက်ရှိပြီး၊ ၂၀၂၀ခုနှစ်၊ စက်တင်ဘာလ ၄ရက်‌နေ့မှစ၍ Thate Pan Hub သည် Code.org မှ အခမဲ့အရင်းအမြစ်များကို အသုံးပြုကာ မြန်မာနိုင်ငံရှိကလေးများအတွက် အခြေခံ coding သင်ခန်းစာများကို သင်ကြားပို့ချပေးလျက်ရှိသည်။ ယခုအထိ Thate Pan Hubသည် အခြေခံ ကွန်ပျူတာသိပ္ပံသင်ခန်းစာများကိုအခမဲ့အွန်လိုင်းအတန်းများဖွင့်လှစ်ပြီးမြန်မာတစ်နိုင်ငံလုံးရှိ နေရာဒေသအမျိုးမျိုး၊ နောက်ခံအမျိုးမျိုးမှ ကျောင်းသား ၅၆၆ဦးကို‌‌ အောင်မြင်စွာ သင်ကြား ပေးနိုင်ခဲ့သည်။ကျွန်ုပ်တို့သည်၂၀၂၁ခုနှစ်အစောပိုင်းလများအတွင်းနောက်ထပ်ကျောင်းသား‌‌ပေါင်း ၁၀၀၀ကျော်အတွက် တန်းခွဲများစွာ ဖွင့်လှစ်ပေးနိုင်ရန် ကြိုးစားစီစဉ်လျက်ရှိသည်။ သိပ္ပံ Hubအနေဖြင့် ကွန်ပျူတာသိပ္ပံပညာရပ်၏ အရေးပါမှုအတွက် အသိအမြင်မြှင့်တင်ရေး ပညာပေးအစီအစဉ်များစွာကိုဖန်တီးမျှဝေပေးနိုင်ရန်အတွက်လည်းစီစဉ်နေပါသည်။မိဘများသည်ကွန်ပျူတာသိပ္ပံပညာရပ်ကိုသူတို့၏ကလေးများပညာရေးလမ်းကြောင်းအတွက်မြင်သာသောရွေးချယ်မှုတစ်ခုအဖြစ်‌ နားလည်တွေးမြင်လာပြီး ဤအသွင်ကူးပြောင်းရေးခရီးစဉ်တွင် ပူးပေါင်းပါ၀င်လာ‌စေမည့် အတွေးအခေါ်ပြောင်းလဲမှုကို ဖန်တီးနိုင်ရန် ရည်ရွယ်သည်။

ဤပြောင်းလဲမှု၌ အားလုံး၏ ထောက်ပံ့ကူညီမှုများစွာ လိုအပ်လျက်ရှိပြီး၊ ကျွန်ုပ်တို့ ယခုထက် ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရန် နှင့် နောက်ထပ်များစွာသောကလေးများကို ဆက်လက် အသိပညာပေးသင်ကြားပေးနိုင်ရန်အတွက် မိတ်ဆွေတို့၏အကူအညီလိုအပ်လျက်ရှိပါသည်။ မိတ်ဆွေတို့၏ အလှူငွေများသည် လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်များအတွက် များစွာ အထောက်အပံ့ဖြစ်ပြီး အခြေအနေများ ပုံမှန်ပြန်ရောက်လာသောအခါတွင်လည်း outreach activitiesများပြုလုပ်ရန် အကူအညီဖြစ်‌စေပါလိမ့်မည်။

လှူဒါန်းငွေ ၂၃၀၀၀ကျပ်လျှင် ကလေးတစ်ဦး Thate Pan Hubမှ ၁၅နာရီကြာ ကွန်ပျူတာသိပွံ သင်တန်း တက်ရောက်နိုင်ရန် ကူညီပေးနိုင်မည်ဖြစ်သည်။ လှူဒါန်းငွေသိန်း ၅၀ အတွက် ကလေး ၂၁၇ ယောက်ကို သင်ကြားပေးနိုင်မည်ဖြစ်ပါသည်။

ထို့အတွက်ကြောင့် တစ်စိတ်တစ်ပိုင်း ပါ၀င်ကူညီ‌ထောက်ပံ့လိုသူများအားလုံးကို လက်ကမ်းကြိုဆိုလျက်ရှိပါသည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက် အမှန်တကယ်ဖြစ်‌လာစေရန်အတွက် ကူညီထောက်ပံ့ပေးသော လူကြီးမင်းတို့၏ လှူဒါန်းငွေ နည်း/များမဆိုအတွက်လည်း ကျေးဇူးအထူးတင်ရှိပါသည်။ ချမှတ်ထားသော ရည်ရွယ်ချက်များ အကောင်အထည်ပေါ်လာရန် လိုအပ်သော အခြေခံအချက်များကိုလည်း ကျွန်ုပ်တို့အ‌နေနှင့် တသမတ်တည်း လုပ်ဆောင်လျက်ရှိပါသည်။ 

ကျေးဇူးပြု၍ ပိုမိုသိရှိလိုပါက ကျွန်ုပ်တို့၏ website (https://www.thatepanhub.com/) နှင့် ကျွန်ုပ်တို့၏ facebook page (https://www.facebook.com/thatepanhub) ၌ ဝင်ရောက်ကြည့်ရှုနိုင်ပြီး စုံစမ်းမေးမြန်းလိုသည်များကိုလည်း ကျွန်ုပ်တို့၏အီးမေးလ် hello@thatepanhub.com သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

>>Website Link<<

>> Facebook Link <<

>>YouTube Link<<

မှတ်ချက်မရှိသေးပါ။

  • ...

    Nyein Nyein Thu

    5K MMK

အစီရင်ခံစာမရှိသေးပါ။
%
Fund Raised
  • 5,000 MMK Funded
  • 50L MMK Goal
  • 1ငွေထည့်ဝင်သူ
...
Thate Pan Hub

THATE PAN HUB is a youth-led non-profit social enterprise dedicated to provide free basic Computer Science and Digital Literacy Education to all children in Myanmar

ပရောဂျက်ကိုထောက်ပံ့ရန်

honorable mention on the website

5,000 MMK

၅၀၀၀ ကျပ်ကူညီထောက်ပံ့မှုအတွက် Thate Pan Hub Website ရှိ အလှူရှင်စာရင်းတွင် ထည့်သွင်းဖော်ပြပေးမည်ဖြစ်သည်။

Honorable mention on the website and thank you email

10,000 MMK

၁၀၀၀၀ ကျပ် ကူညီထောက်ပံ့မှုအတွက် Thate Pan Hub Website ရှိ အလှူရှင်စာရင်းတွင် ထည့်သွင်းဖော်ပြပေးမည်ဖြစ်ပြီး အီးမေးလ်မှတစ်ဆင့် ကျေးဇူးတင်လွှာ​ပေးပို့သွားပါမည်။

Thank you email, e-certificate and honorable mention on the website

30,000 MMK

မြန်မာကလေး ၁ ဦး ၁၅ နာရီကြာ အ ခြေခံကွန်ပျူတာသိပ္ပံ သင်ယူနိုင်ရန် ကူညီပေးနိုင်မည်ဖြစ်ပြီး ၃၀၀၀၀ ကျပ် ကူညီထောက်ပ့ံမှုအတကွ် အီးမေးလ်မှတစ်ဆင့် ကျေးဇူးတင်လွှာ၊ e-certificate ပေးပို့ပေးပြီး Thate Pan Hub website ရှိ အလှူရှင်စာရင်းတွင်လည်း ထည့်သွင်းဖော်ပြပေးမည် ဖြစ်ပါသည်။

Thank you email, e-certificate, honourable mention on the website and one Thate Pan Hub Merchandise

150,000 MMK

မြန်မာကလေး ၅ ဦး ၁၅ နာရီကြာ အ ခြေခံကွန်ပျူတာသိပ္ပံ သင်ယူနိုင်ရန် ကူညီပေးနိုင်မည်ဖြစ်ပြီး ၁၅၀၀၀၀ ကျပ် ကူညီထောက်ပ့ံမှုအတကွ် အီးမေးလ်မှတစ်ဆင့် ကျေးဇူးတင်လွှာ နှင့် e-certificate ပေးပို့ပေးပြီး Thate Pan Hub website ရှိ အလှူရှင်စာရင်းတွင်လည်း ထည့်သွင််းဖော်ပြပေးမည့်အပြင် Thate Pan Hub အမှတ်တံဆိပ်ပါ အမှတ်တရ ပစ္စည်း ၁ မျိုးကိုလည်း လက်ဆောင်ပေးပို့ပါမည်။

Thank you email, e-certificate, honourable mention on the website, two Thate Pan Hub Merchandises

300,000 MMK

မြန်မာကလေး ၁၀ ဦး ၁၅ နာရီကြာ အ ခြေခံကွန်ပျူတာသိပ္ပံ သင်ယူနိုင်ရန် ကူညီပေးနိုင်မည်ဖြစ်ပြီး ၃၀၀၀၀၀ ကျပ် ကူညီထောက်ပ့ံမှုအတကွ် အီးမေးလ်မှတစ်ဆင့် ကျေးဇူးတင်လွှာ နှင့် e-certificate ပေးပို့ပေးပြီး Thate Pan Hub website ရှိ အလှူရှင်စာရင်းတွင်လည်း ထည့်သွင်းဖော်ပြပေးမည့်အပြင် Thate Pan Hub အမှတ်တံဆိပ်ပါ အမှတ်တရ ပစ္စည်း ၂ မျိုးကိုလည်း လက်ဆောင်ပေးပို့ပါမည်။

Thank you email, physical &amp; e-certificate, honorable mention on the website, three TPH Merch

600,000 MMK

မြန်မာကလေး ၂၀ ဦး ၁၅ နာရီကြာ အခြေခံကွန်ပျူတာသိပ္ပံ သင်ယူနိုင်ရန် ကူညီပေးနိုင်မည်ဖြစ်ပြီး ၆၀၀၀၀၀ ကျပ် ကူညီထောက်ပံ့မှုအတွက် အီးမေးလ်မှတစ်ဆင့် ကျေးဇူးတင်လွှာ နှင့် e-certificate ပေးပို့ပေးပြီး Thate Pan Hub website ရှိ အလှူရှင်စာရင်းတငွ်လည်း ထည့်သွင်းဖော်ပြပေးမည့်အပြင် Thate Pan Hub အမှတ်တံဆိပ်ပါ အမှတ်တရ ပစ္စည်း ၃ မျိုးနှင့်အတူ ဂုဏ်ပြုမှတ််တမ်းလွှာကိုလည်း လက်ဆောင်ပေးပို့ပါမည်။