- ကောင်းမွန်တဲ့ ကုန်ပစ္စည်းနဲ့ မြန်မာ vegetarian တွေရဲ့ အပြုံးကို ယူဆောင်လာချင်ပါတယ်။
- အရသာအမျိုးအစား (၄) မျိုးရှိသော အရေအသွေးအထူးကောင်းမွန်သော သက်သက်လွတ် အသင့်စားဂျပန် Ramen ကို ဂျပန်နိုင်ငံမှ တိုက်ရိုက်တင်သွင်းမှာပါ။
- အသားပြုတ်ရည် အရသာဖြစ်သော်လည်း အမဲသား ၊ ဝက်သား ၊ ကြက်သား ၊ ဉ နှင့် နို့ထွက်ပစ္စည်းများ အစရှိသည်တို့ လုံးဝ မပါဝင်သော low calorie သက်သက်လွတ်ခေါက်ဆွဲဖြစ်ပါတယ်။
ပထမဆုံးအနေနဲ့ YAMA MOTO SEI FEN ဂျပန် ramen ကို မြန်မာနိုင်ငံမှာ တင်သွင်းဖို့ အရင်းအနှီးလိုအပ်နေပါတယ်။
ကိုယ်အလေးချိန်လျှော့ချနေသူများ ၊ vegetarian များ ၊ မြန်မာနိုင်ငံရောက်ဂျပန်လူမျိုးများ သဘောနှစ်ခြိုက်မည့် Ramen ပဲဖြစ်ပါတယ်။
ဂျပန်နိုင်ငံတွင် 1916 ခုနှစ်တည်းက ခေါက်ဆွဲနှင့်ပတ်သက်၍ဖြန့်ချီခဲ့ေသာ ကုမ္ပဏီကြီးတစ်ခုမှ ထုတ်လုပ်ရောင်းချလျက်ရှိသော Ramen တစ်မျိုးဖြစ်ပြီး ဂျပန်နိုင်ငံတွင်းဈေးကွက်မှာ 5 နှစ်ကြာ သက်တမ်းရှိပြီဖြစ်ပါတယ်။ကျန်းမာရေးနှင့် ညီညွတ်သော ၊ ယုံကြည်စိတ်ချရသော နည်းပညာများနှင့် ထုတ်လုပ်ထားတာကြောင့် အခုဂျပန်နိုင်ငံတွင် အမျိုးအစား 6 မျိုးအထိရှိပြီး လူကြိုက်များသော Ramen ထုတ်ကုန်တစ်ခုဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာလည်း ဂျပန် အရသာစစ်စစ် ခေါက်ဆွဲများကို ဈေးကွက်မှာ အလွယ်တကူစားသုံးလို့ရအောင် တင်သွင်းချင်ပါတယ်။
ထူးခြားချက်
ဝက်ပြုတ်ရည် အရသာ ဖြစ်ပေမဲ့ အသားလုံးဝမပါဝင်ပါဘူး။ ဂျုံခေါက်ဆွဲ ကို onion powder ၊ ချင်း ၊ ပဲငံပြာရေ၊ ကြက်သွန်ဖြူတို့ကို အချိုးကျပေါင်းစပ် ပြီးပြလုပ်ထားတာပါ။
စွပ်ပြုတ်တွင်း ပါဝင်ပစ္စည်းများကိုလည်း အသီးအရွက်မှရရှိသော အဆီအနှစ်များနဲ့ပြုလုပ်ထားတဲ့ အရသာပျစ်နှစ်ပြီး အာဟာရရှိစေပါတယ်။
ရင်းနှီးမြှုပ်နှံခြင်းနှင့် ပြန်လည်ရရှိမည့် အကျိုးကျေးဇူး
(၁) မြန်မာငွေ ၁ သောင်းခွဲကျပ် (15,000MMK) ထောက်ပံ့သူများကို
Yamamoto ramen နှစ်စီးပါ (1) ထုပ်ကို ပေးဆောင်သွားမှာဖြစ်ပါတယ်။တစ်ထုပ်မှာ 2 ယောက်စာပါဝင်မှာပဲဖြစ်ပါတယ်။ အရသာရှိတဲ့ ramen ကိုမြည်းစမ်းကြည့်ပါ။
(၂) မြန်မာငွေ ၃ သောင်းခွဲကျပ် (35,000MMK) ထောက်ပံ့သူများကို
Yamamoto ramen နှစ်စီးပါ (3) ထုပ်ကို ပေးဆောင်သွားမှာဖြစ်ပါတယ်။ တစ်ထုပ်မှာ 2 ယောက်စာပါဝင်မှာပဲဖြစ်ပါတယ်။
(၃) မြန်မာငွေ ၅ သောင်းကျပ် (50,000MMK) ထောက်ပံ့သူများကို
Yamamoto ramen နှစ်စီးပါ (5) ထုပ် (1 set) ကို ပေးဆောင်သွားမှာပါ။ တစ်ထုပ်မှာ 2 ယောက်စာပါဝင်မှာပဲဖြစ်ပါတယ်။
မှတ်ချက်မရှိသေးပါ။