စပန့်ထည်လေးတွေ ကိုယ်တိုင်ချုပ်ပြီး တနိုင်တပိုင် ရောင်းနေတဲ့ မသဥ္ဇာစိုးမြင့်အား ဝန်းရံပေးကြဖို့ ဖိတ်ခေါ်ပါတယ်

  • ပင်မစာမျက်နှာ / စပန့်ထည်လေးတွေ ကိုယ်တိုင်ချုပ်ပြီး တနိုင်တပိုင် ရောင်းနေတဲ့ မသဥ္ဇာစိုးမြင့်အား ဝန်းရံပေးကြဖို့ ဖိတ်ခေါ်ပါတယ်

"အချင်းချင်းအပြန်အလှန်ကူညီကြမယ်" ရံပုံငွေမြှင့်တင်ရေး ကမ်းပိန်း

ထည့်ဝင်ကူညီပြီး ကြိုက်နှစ်သက်ရာ ကျေးဇူးတုံ့ပြန်လက်ဆောင်များရယူလိုက်ပါ

ဒီတခေါက်ကတော့ စုစည်းရာရဲ့ "အချင်းချင်းအပြန်အလှန်ကူညီကြမယ်" ရံပုံငွေမြှင့်တင်ရေး ကမ်းပိန်းမှာ ပါဝင်ထားတာက မသဥ္ဇာစိုးမြင့်ပဲ ဖြစ်ပါတယ်။

မင်္ဂလာပါရှင်

ကျွန်မနာမည်က မသဥ္ဇာစိုးမြင့်ပါ။ အရှေ့ဒဂုံမှာနေပါတယ်။ ကျွန်မရဲ့ အလုပ်အကိုင်ကို ပြောရမယ်ဆိုရင် စက်ချုပ်ပါတယ်။ ကိုယ်ပိုင်နိုင်သလောက်လေး အရင်းနဲ့ စပန့်ထည်ပိတ်စလေးတွေဝယ်ပြီး အသင့်ဝတ် စပန့်အင်္ကျီအထည်လေးတွေ ချုပ်ပြီးရောင်းပါတယ်။ အခုလို တနိုင်တပိုင် ချုပ်ပြီး ရောင်းချလာတာ ၆နှစ်လောက်ရှိပါပြီ။ အင်္ကျီလေးတွေ ချုပ်တတ်ပေမယ့် အခုလို စပန့်အင်္ကျီလေးတွေကို ချုပ်ပြီး မရောင်းဖြစ်သေးခင်က ဝန်ထမ်းအလုပ်လုပ်ခဲ့ပါတယ်။ နောက်ပိုင်း ဝန်ထမ်းအလုပ်က သိပ်အဆင်မပြေတော့ နားခဲ့ရပါတယ်။ တနေ့တော့ အိမ်နေရင်း ပေါ့ပေါ့ပါးပါး ဝတ်ချင်လို့ စပန့်အင်္ကျီလေးတွေကိုအမေကဈေးက အထည်ဆိုင်တွေမှာ ဝင်ဝယ်ပေမယ့် သူ့အရွယ် ဝတ် လူကြီးဝတ်ပုံစံ sizeကြီးတွေ သိပ်မရှိလို့၊ ဝယ်လို့ အဆင်မပြေခဲ့တာကို ပြန်ပြောပြပါတယ်။ အဲ့မှာ ကျွန်မလဲ အကြံတစ်ခုရသွားတာက လူကြီးဝတ်size ကြီးတွေရယ် ခန္ဓာကိုယ် ပြည့်တဲ့သူတွေအတွက်ရော ပိန်တဲ့သူတွေအတွက်ပါ sizeစုံ အိမ်နေရင်း စပန့်အင်္ကျီ ချုပ်ပြီးသားလေးတွေကို သက်သက်သာသာနဲ့ ရောင်းရင် အဆင်ပြေမှာပဲလို့ တွေးမိပါတယ်။ အဲ့ဒါနဲ့ ကျွန်မလဲ အိမ်ရှေ့မှာပဲ အပ်ချုပ်စက်လေးချ ဆိုင်ခန်းလေးလိုမျိုးနဲ့ ပိတ်စတွေဝယ် အသင့်ဝတ် အိမ်နေရင်းစပန့်ဝမ်းဆက်လေးတွေ အင်္ကျီလေးတွေကို ချုပ်ပြီး စတင်ရောင်းချဖြစ်ခဲ့ပါတယ်။စပန့်ထည်လေးဖြစ်ပေမယ့် ဆိုင်တွေပေါ်ရောက်သွားရင် အနဲနဲ့အများ ဈေးက မြင့်သွားတတ်ပါတယ်။ အရင်က ကျွန်မကိုယ်တိုင်လဲ ကြုံဖူးပါတယ်။ အခု ကျွန်မဆီမှာတော့ ကိုယ့်ရဲ့ပိတ်စအရင်း၊ ဗာဟီရစားရိတ်နဲ့ လုပ်အားလေးကျန်တယ်ဆိုရုံလောက်လေးယူပြီးအခြားဆိုင်တွေထက်သက်သာတဲ့ အသက်သာဆုံးဈေးနှုန်းနဲ့ ဝတ်လို့ရအောင် ရောင်းပါတယ်။ customerလိုချင်တဲ့ sizeရှိရင်လဲ အဆင်ပြေသွားအောင် အဲ့ဒီsizeအတိုင်း ချုပ်လုပ်ဝန်ဆောင်မှုပေးပါတယ်။ အခုလက်ရှိကတော့ အရင်ကနေ အခုထိ ဝယ်ယူအားပေးနေကြတဲ့ မိတ်ဟောင်းမိတ်သစ်တွေ၊ သူတို့က တဆင့် ဆက်စပ်မိတဲ့ customerတွေလောက်နဲ့ပဲ ရောင်းနေပါတယ်။ နောက်ပိုင်းတော့ ကျွန်မချုပ်ပြီးသမျှနဲ့ ရနိုင်သမျှ အင်္ကျီလေးတွေလဲ တင်ပြီးရောင်းချဖို့ရယ်၊ customerတွေ လိုချင်တဲ့ size ကိုယ်တိုင်းလေးနဲ့ customize အင်္ကျီလေးတွေ ချုပ်ချင်သူတွေအတွက်လဲ ချုပ်ပေးနိုင်အောင်ရယ် ဘယ်ဒေသကပဲဖြစ်ဖြစ် အွန်လိုင်းကနေ sizeအတိုင်းလေးပြော ချုပ်ပေးပြီး ပို့ပေးလို့ရအောင်ရယ်၊ တဆင့်ပြန်ရောင်းချင်သူတွေအတွက် ဈေးသက်သက်သာသာနဲ့ လက်ကားပြန်ယူလို့ရအောင် စတာတွေအတွေက် ကျွန်မရဲ့ ကိုယ်ပိုင် facebook pageထောင်ပြီး အွန်လိုင်းကနေ ထပ်မံချဲ့ထွင်ပြီး ရောင်းချသွားဖို့လဲ ရည်ရွယ်ထားပါတယ်။

 

ကျွန်မချုပ်ထားတဲ့ ချုပ်ပြီးသား အသင့်ဝတ်အထည်လေးတွေနဲ့ ရနိုင်တဲ့ အင်္ကျီ၊ ဂါဝန်၊ ဝမ်းဆက်ဒီဇိုင်း၊ ဈေးနှုန်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်ရှင်။ အင်္ကျီအဆင်ကတော့ စပန့်အသားဖြစ်တဲ့အတွက် အသားကတော့တူမယ် တခေါက်နဲ့တခေါက် လာတဲ့ ပိတ်စဒီဇိုင်းပုံစံမတူပါဘူး။ အင်္ကျီရဲ့ ဒီဇိုင်းပုံစံကတော့ လက်ရှိရနိုင်တဲ့ ဒီဇိုင်းတွေထဲက ရွေးချယ်လို့ရပါတယ်ရှင်။ ဓါတ်ပုံလေးတွေမှာ ကြည့်နိုင်ပါတယ်။ ကိုယ်တိုင်ပဲချုပ်တာဖြစ်တဲ့အတွက် ဈေးနှုန်းတွေကို ကြည့်ရင် သိနိုင်ပါတယ်။ တတ်နိုင်သလောက် သက်သက်သာသာနဲ့ အများဝတ်နိုင်အောင် သင့်တင့်တဲ့ ဈေးနှုန်းလေးတွေဖြစ်ပြီး အခု ဒီSu See Yar မှာ campaign တင်ထားတာဖြစ်တဲ့အတွက် discountတွေလဲ ထပ်ပေးထားပါတယ်ရှင်။

ကိုယ်တိုင်စက်ချုပ်တတ်တယ် ကိုယ်တိုင်ကျွမ်းကျင်တဲ့အလုပ်လေးဖြစ်တဲ့အတွက် အရင်းရှိရင် ရှိသလို ပိတ်စများများဝယ် အထည်များများချုပ်ပြီး လိုအပ်နေသူတွေအတွက် များများ ချုပ်ပေးချင်ပါတယ်ရှင်။

လူကြီးမင်းတို့အနေနဲ့လဲ တနိုင်တပိုင်အလုပ်ကလေးတွေလုပ်ရင်း ကြိုးစားရုန်းကန်နေကြတဲ့သူအချင်းချင်းကို ကိုယ်နိုင်ရာ ပံ့ပိုးကူညီပေးလို့ရတဲ့ "အချင်းချင်းအပြန်အလှန်ကူညီကြမယ်" ရံပုံငွေမြှင့်တင်ရေး ကမ်းပိန်းမှာ ပါဝင်ထားတဲ့ ကျွန်မကို ပိတ်စများများဝယ် အထည်များများချုပ်ပြီး လိုအပ်နေသူတွေအတွက် များများ ချုပ်လုပ်နိုင်ဖို့အတွက် ဝိုင်းဝန်းကူညီဝန်းရံပေးလို့ရပါတယရှင့် ။ လူကြီးမင်းတို့ရဲ့ အားဖြည့်ဝန်းရံပေးမှုက ကျွန်မတို့အတွက် တကယ်ကို အားဖြစ်စေပါတယ်။ 09426169281ဖုန်းနံပါတ်ကို ဆက်သွယ်ပြီးလဲ ကျွန်မဆီ ဆက်သွယ် မေးမြန်းလို့ရပါတယ်ရှင်

မြန်မာနိုင်ငံတနိုင်ငံလုံးကို deli service / ဂိတ်ချနဲ့ ပို့ဆောင်ပေးပါမယ်ရှင်(ပို့ဆောင်ခကပစ္စည်းရောက်ရှိချိန်ဧည့်သည်@မှာယူသူဘက်မှ ရှင်းပေးရမှာဖြစ်ပါတယ်)

 

 

1 Comment(s)

  1. မ ၀တ် အကျီ လက်တိုဘောင်းဘီတို ပေါင် ၁၂၀- ၄၅၀၀တန် ၂စုံ
    ဘောင်းဘီတို ပေါင် ၁၂၀- ၂၀၀၀တန်

  • ...

    Takahiro Kanki

    1.5L MMK

  • ...

    Nayzarmon

    10K MMK

    ပေါင်200ဝတ် ဘောင်းဘီတို ၄၀၀၀တန် ၂ထည်
    ပေါင် 160ဝတ် ဘောင်းဘီရှည် ၃၈၀၀တန် ၁ထည်
    နေဇာ 09798417968
    အမှတ် ၇၈ မင်းရဲကျော်စွာ ၈လမ်း တောင်ဥက္ကလာပမြို့နယ် ရန်ကုန်

  • ...

    Hsu Shwe Sin Aung

    10K MMK

  • ...

    chan myae

    10K MMK

  • ...

    Yin Kay Khine

    10K MMK

    မ၀တ်လက်တို ဘောင်းဘီရှည် ၀မ်းဆက် ပေါင်၁၂၀ထိ ၅၀၀၀ တန် size ၂စုံ၊
    ပေါင်၁၂၀ထိ အကျီလက်တို ၂၀၀၀တန် တစ်ထည်

  • ...

    Sithu Kyaw

    10K MMK

    မဝတ်ဂါဝန် (ပေါင် ၂၀၀) ၆၀၀၀ ကျပ်တန် ၂ ထည်

  • ...

    Sithu Kyaw

    5K MMK

    မ,ဝတ်လက်စက (ပေါင် ၁၆၀) ၃၀၀၀ ကျပ်တန် ၂ ထည်

  • ...

    Su Thandar Thaung Tin

    10K MMK

    မဝတ် လက်စကအကျီ ပေါင် ၁၆၀-၂၀၀ ၃၀၀၀တန် ၄ထည်(လည်ပင်းမဟိုက်တာလေးပေးပါနေ် အဆင်ပြေရင်လက်စကကိုလက်တိုလေးဖြစ်အောင်ဖြတ်ပေးပါနေ်)

  • ...

    Yin Kay Khine

    5K MMK

    မ၀တ်အကျီလက်တိုဘောင်းဘီဒူးဖုံး၀မ်းဆက် ပေါင်၁၂၀ထိ ၄၀၀၀တန်တစ်စုံ
    ပေါင်၁၂၀ထိ အကျီလက်တို တစ်ထည် ၂၀၀၀တန်

  • ...

    yadanar

    10K MMK

    မဝတ် shir လက်တို ၁၂၀ဆိုဒ်ပါ 10000ဖိုးလုံးပါ

  • ...

    Naing Aung Lwin

    10K MMK

    ကျားဝတ် စပန့် လက်ပြတ် ဆိုဒ် ၁၂၀
    ၁၀၀၀၀ဖိုးလုံးပါ

အစီရင်ခံစာမရှိသေးပါ။
%
Fund Raised
  • 2.4L MMK Funded
  • 2.36L MMK Goal
  • 11ငွေထည့်ဝင်သူ
...
Thinzar Soe Myint

Hello, this is Thinzar Soe Myint. I make Ready to Wear clothes available various sizes and sell these at my home shop. Now, I would like to introduce you my clothes and would like to request your support. In my campaign, you can read all details and see photos. Thank you so much!

ပရောဂျက်ကိုထောက်ပံ့ရန်

5,000 ကျပ်

5,000 MMK

ပြထားတဲ့ အင်္ကျီဓါတ်ပုံတွေထဲက ကြိုက်နှစ်သက်ရာ အထည်တွေ( ၆၀၀၀ ကျပ်တန်ဖိုးအထိ) ကို ၅ထောင်ကျပ်ထဲနဲ့ ဝယ်ယူနိုင်ပါတယ်။ shopping centerတွေ၊ အထည်ဆိုင်ကြီးတွေမှာဆိုရင် ဒီ့ထက်မက ပိုဈေးကြီးနိုင်ပါတယ်။ အခုဒီဈေးနဲ့ အင်္ကျီတွေက ကိုယ်တိုင် တိုက်ရိုက်ချုပ်တဲ့အထည်တွေဖြစ်လို့ ဈေးလဲ သက်သာတယ် discount ၁,၀၀၀ လဲ အပိုဆောင်းထပ်ရမှာပါ။ ကမ်းပိန်းကာလအပြီး ရက်၃၀အတွင်း ပို့ဆောင်ပေးသွားမှာပါ။ မှတ်ချက်။ စပန့်ပိတ်စတွေရဲ့ သဘောသဘာဝအရ စပန့်သား ပိတ်စအဆင်တွေက ပုံစံတူ အဆင်တူ မလာပါဘူး။ ပြထားတဲ့ အင်္ကျီဓါတ်ပုံတွေက ရွေးချယ်ရရှိနိုင်တဲ့ ဒီဇိုင်းပုံစံကိုပဲ ဦးစားပေးပြထားတာဖြစ်ပါတယ်။ ပိတ်စ အဆင် ကွဲပြားမှုရှိနိုင်ပေမယ့် နမူနာ အင်္ကျီတွေထဲက မိမိနှစ်သက်ရာ ဒီဇိုင်း နဲ့ ပိတ်စအရောင်ကို ရွေးချယ်နိုင်ပါတယ်။

10,000 ကျပ်

10,000 MMK

ပြထားတဲ့ အင်္ကျီဓါတ်ပုံတွေထဲက ကြိုက်နှစ်သက်ရာ အထည်တွေ( ၁၂,၀၀၀ ကျပ်တန်ဖိုးအထိ) ကို ၁သောင်းကျပ်ထဲနဲ့ ဝယ်ယူနိုင်ပါတယ်။ shopping centerတွေ၊ အထည်ဆိုင်ကြီးတွေမှာဆိုရင် ဒီ့ထက်မက ပိုဈေးကြီးနိုင်ပါတယ်။ အခုဒီဈေးနဲ့ အင်္ကျီတွေက ကိုယ်တိုင် တိုက်ရိုက်ချုပ်တဲ့အထည်တွေဖြစ်လို့ ဈေးလဲ သက်သာတယ် discount ၂,၀၀၀ လဲ အပိုဆောင်းထပ်ရမှာပါ။ ကမ်းပိန်းကာလအပြီး ရက်၃၀အတွင်း ပို့ဆောင်ပေးသွားမှာပါရှင် မှတ်ချက်။ စပန့်ပိတ်စတွေရဲ့ သဘောသဘာဝအရ စပန့်သား ပိတ်စအဆင်တွေက ပုံစံတူ အဆင်တူ မလာပါဘူး။ ပြထားတဲ့ အင်္ကျီဓါတ်ပုံတွေက ရွေးချယ်ရရှိနိုင်တဲ့ ဒီဇိုင်းပုံစံကိုပဲ ဦးစားပေးပြထားတာဖြစ်ပါတယ်။ ပိတ်စ အဆင် ကွဲပြားမှုရှိနိုင်ပေမယ့် နမူနာ အင်္ကျီတွေထဲက မိမိနှစ်သက်ရာ ဒီဇိုင်း နဲ့ ပိတ်စအရောင်ကို ရွေးချယ်နိုင်ပါတယ်။

20000 ကျပ်

20,000 MMK

ပြထားတဲ့ အင်္ကျီဓါတ်ပုံတွေထဲက ကြိုက်နှစ်သက်ရာ အထည်တွေ( ၂၄,၀၀၀ ကျပ်တန်ဖိုးအထိ) ကို ၂သောင်းကျပ်ထဲနဲ့ ဝယ်ယူနိုင်ပါတယ်။ shopping centerတွေ၊ အထည်ဆိုင်ကြီးတွေမှာဆိုရင် ဒီ့ထက်မက ပိုဈေးကြီးနိုင်ပါတယ်။ အခုဒီဈေးနဲ့ အင်္ကျီတွေက ကိုယ်တိုင် တိုက်ရိုက်ချုပ်တဲ့အထည်တွေဖြစ်လို့ ဈေးလဲ သက်သာတယ် discount ၄,၀၀၀ လဲ အပိုဆောင်းထပ်ရမှာပါ။ ကမ်းပိန်းကာလအပြီး ရက်၃၀အတွင်း ပို့ဆောင်ပေးသွားမှာပါရှင် မှတ်ချက်။ စပန့်ပိတ်စတွေရဲ့ သဘောသဘာဝအရ စပန့်သား ပိတ်စအဆင်တွေက ပုံစံတူ အဆင်တူ မလာပါဘူး။ ပြထားတဲ့ အင်္ကျီဓါတ်ပုံတွေက ရွေးချယ်ရရှိနိုင်တဲ့ ဒီဇိုင်းပုံစံကိုပဲ ဦးစားပေးပြထားတာဖြစ်ပါတယ်။ ပိတ်စ အဆင် ကွဲပြားမှုရှိနိုင်ပေမယ့် နမူနာ အင်္ကျီတွေထဲက မိမိနှစ်သက်ရာ ဒီဇိုင်း နဲ့ ပိတ်စအရောင်ကို ရွေးချယ်နိုင်ပါတယ်။

30,000 ကျပ်

30,000 MMK

ပြထားတဲ့ အင်္ကျီဓါတ်ပုံတွေထဲက ကြိုက်နှစ်သက်ရာ အထည်တွေ( ၃၆,၀၀၀ ကျပ်တန်ဖိုးအထိ) ကို ၃သောင်းကျပ်ထဲနဲ့ ဝယ်ယူနိုင်ပါတယ်။ shopping centerတွေ၊ အထည်ဆိုင်ကြီးတွေမှာဆိုရင် ဒီ့ထက်မက ပိုဈေးကြီးနိုင်ပါတယ်။ အခုဒီဈေးနဲ့ အင်္ကျီတွေက ကိုယ်တိုင် တိုက်ရိုက်ချုပ်တဲ့အထည်တွေဖြစ်လို့ ဈေးလဲ သက်သာတယ် discount ၆,၀၀၀ လဲ အပိုဆောင်းထပ်ရမှာပါ။ ကမ်းပိန်းကာလအပြီး ရက်၃၀အတွင်း ပို့ဆောင်ပေးသွားမှာပါရှင် မှတ်ချက်။ စပန့်ပိတ်စတွေရဲ့ သဘောသဘာဝအရ စပန့်သား ပိတ်စအဆင်တွေက ပုံစံတူ အဆင်တူ မလာပါဘူး။ ပြထားတဲ့ အင်္ကျီဓါတ်ပုံတွေက ရွေးချယ်ရရှိနိုင်တဲ့ ဒီဇိုင်းပုံစံကိုပဲ ဦးစားပေးပြထားတာဖြစ်ပါတယ်။ ပိတ်စ အဆင် ကွဲပြားမှုရှိနိုင်ပေမယ့် နမူနာ အင်္ကျီတွေထဲက မိမိနှစ်သက်ရာ ဒီဇိုင်း နဲ့ ပိတ်စအရောင်ကို ရွေးချယ်နိုင်ပါတယ်။

50,000 ကျပ်

50,000 MMK

ပြထားတဲ့ အင်္ကျီဓါတ်ပုံတွေထဲက ကြိုက်နှစ်သက်ရာ အထည်တွေ( ၆၀,၀၀၀ ကျပ်တန်ဖိုးအထိ) ကို ၅သောင်းကျပ်ထဲနဲ့ ဝယ်ယူနိုင်ပါတယ်။ shopping centerတွေ၊ အထည်ဆိုင်ကြီးတွေမှာဆိုရင် ဒီ့ထက်မက ပိုဈေးကြီးနိုင်ပါတယ်။ အခုဒီဈေးနဲ့ အင်္ကျီတွေက ကိုယ်တိုင် တိုက်ရိုက်ချုပ်တဲ့အထည်တွေဖြစ်လို့ ဈေးလဲ သက်သာတယ် discount ၁၀,၀၀၀ လဲ အပိုဆောင်းထပ်ရမှာပါ။ ကမ်းပိန်းကာလအပြီး ရက်၃၀အတွင်း ပို့ဆောင်ပေးသွားမှာပါရှင် မှတ်ချက်။ စပန့်ပိတ်စတွေရဲ့ သဘောသဘာဝအရ စပန့်သား ပိတ်စအဆင်တွေက ပုံစံတူ အဆင်တူ မလာပါဘူး။ ပြထားတဲ့ အင်္ကျီဓါတ်ပုံတွေက ရွေးချယ်ရရှိနိုင်တဲ့ ဒီဇိုင်းပုံစံကိုပဲ ဦးစားပေးပြထားတာဖြစ်ပါတယ်။ ပိတ်စ အဆင် ကွဲပြားမှုရှိနိုင်ပေမယ့် နမူနာ အင်္ကျီတွေထဲက မိမိနှစ်သက်ရာ ဒီဇိုင်း နဲ့ ပိတ်စအရောင်ကို ရွေးချယ်နိုင်ပါတယ်။

150,000 ကျပ်

150,000 MMK

ရောင်းရသမျှ အင်္ကျီတွေကို ဝယ်သူတွေဆီပို့ပေးတဲ့အခါ 、လူကြီးမင်းတို့ရဲ့ Business လုပ်ငန်းကြောငြာ အတွက် Flyer @ ပန်းဖလက်စာရွက်တွေလဲ တပါတည်းပို့ဆောင်ပါမယ်။စုစုပေါင်း 1000ရွက် Flyerကို ပို့ဆောင်ပေးပါမယ်။(Print ထုတ်ထားတဲ့ Flyer1000ကို ထောက်ပံ့ပေးပါ။)