Crowdfunding ရဲ့ အကျိုးကျေးဇူးများ

...

Crowdfunding ရဲ့ အကျိုးကျေးဇူးများ

Crowdfunding တစ်ခုနဲ့ ချိတ်ဆက်ထားတဲ့ လုပ်ငန်းတစ်ခုနှင့် ပုံမှန် သမာရိုးကျ လုပ်ငန်းတွေနဲ့ မတူညီတဲ့ အကျိုးဆက်တွေကဘာ‌တွေလဲ ❔

Crowdfunding တစ်ခုနဲ့ ချိတ်ဆက်ထားတဲ့ လုပ်ငန်းတစ်ခုနှင့် ပုံမှန် သမာရိုးကျ လုပ်ငန်းတွေနဲ့ မတူညီတဲ့ အကျိုးဆက်တွေကဘာ‌တွေလဲ ❔

1. ရင်းနှီး မ တည်ငွေ နှင့်ပတ်သက်ပြီး ဆုံးရှုံးနစ်နာမှု လျော့ကျနိုင်ခြင်း  

သမာရိုးကျလုပ်ငန်းတွေကဲ့သို့ ဘဏ်ချေးငွေ ၊ စွန်းစားရတဲ့ မ တည်ငွေ အမြောက်အမြားထည့်သွင်းစရာ မလိုအပ်သလို၊ campaign မအောင်မြင်သည်ရှိခဲ့သော် ငွေကြွေးအများအပြားဆပ်စရာ မလိုအပ်ပါဘူး။

2. ဈေးကွက်‌ရှာဖွေရန် အကောင်းဆုံးနည်းလမ်းဖြစ်ခြင်း 
 
လူအများက သင့်လုပ်ငန်းကို ရင်းနီးမြှုပ်နှံဖို့ ရည်ရွယ်ချက်ရှိနေမယ်ဆိုရင် ဒါဟာ မိမိလုပ်ငန်းရဲ့ ဝယ်လိုအားကို ဖော်ပြတဲ့ သင်္ကေတတစ်ခုပဲဖြစ်ပါတယ်။ 
သင့် campaign အောင်မြင်သွားတဲ့အခါမှာ သင်ထုတ်လုပ်သော ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုအတွက် ဈေးကွက်မှာ နေရာတစ်ခုရှိကြောင်း သက်သေပြပြီးသား ဖြစ်သွားပါလိမ့်မယ်။

3. Product နဲ့ ပတ်သက်ပြီး ကျော်ကြားမှု (သို့) Branding တည်ဆောက်ဖို့အတွက် အ‌ေထာက်အကူပြုခြင်း 

အများက ယုံကြည်စွာ ရင်းနှီးမြှုပ်နှံထားသောကြောင့် သင့်ကုမ္ပဏီရဲ့ အကြောင်းကို ထိုလူတွေသိပြီးသားဖြစ်နေပါလိမ့်မယ်။
အဲ့နောက်မှာ သင်ပြန်ပေးတဲ့ reward က အရည်အသွေး သင့်တင့်မှုရှိတယ်ဆိုရင် ထို့လူ‌တွေနဲ့ သူတို့ပတ်ဝန်းကျင်ကနေတစ်ဆင့် သင့်ကုမ္ပဏီရဲ့ Branding ကို တည်ဆောက်လာ
နိုင်ပါလိမ့်မယ်။

4. မ တည်ငွေ တိုးပွားလာဖို့ လွယ်ကူမြန်ဆန်ခြင်း

ကယ် ...သင်ဟာ Branding တည်ဆောက်နိုင်သွားပြီဆိုရင်တော့ သင့်လုပ်ငန်း တိုးချဲ့ဖို့ ရင်းနှမြှုပ်နှံငွေကို Crowdfunding platform မှာ ထပ်မံရှာဖွေနိုင်ပြီပဲဖြစ်ပါတယ်။

နောက်ဆုံးအချက်ကတော့ ... 
5. အလားအလာရှိတဲ့ Partner တွေ Client တွေ နဲ့ အဆက်အသွယ်ရှိလား ?

ဟုတ်ပါတယ် ... သင့်လုပ်ငန်းအနေနဲ့ လူတွေနဲ့ ချိတ်ဆက်မိရင်း အနာဂတ်မှာ ပိုကောင်းတဲ့ product တွေကို ဖန်တီးဖို့ အခွင့်အလမ်းများရလာနိုင်ပါတယ်။

Su See Yar အနေနဲ့ နိုင်ငံတကာ Crowdfunding များကဲ့သို့ နည်းစနစ်တကျ စည်းမျဉ်းများနဲ့အညီ လုပ်ဆောင်ထားပြီး မြန်မာနိုင်ငံရဲ့ ငွေကြေးအရင်းအနှီးလိုအပ်သူ လုပ်ငန်းရှင်များ အတွက် ရည်ရွယ်ထားတဲ့ Platform ဖြစ်တာကြောင့် လက်ကမ်းကြိုဆိုလျက်ရှိပါတယ်။

Reference : https://www.businessnewsdaily.com/