Su See Yar (Crowdfunding) သည် ပရဟိတအသင်းအဖွဲ့များအတွက်လိုအပ်နေတဲ့ ငွေကြေးကို စုဆောင်းပြီး ရန်ပုံငွေမြှင့်တင်နိုင်တဲ့ e-commence website တစ်ခုဖြစ်တယ်။

  • ပင်မစာမျက်နှာ /
  • Su See Yar (Crowdfunding) သည် ပရဟိတအသင်းအဖွဲ့များအတွက်လိုအပ်နေတဲ့ ငွေကြေးကို စုဆောင်းပြီး ရန်ပုံငွေမြှင့်တင်နိုင်တဲ့ e-commence website တစ်ခုဖြစ်တယ်။
...

Su See Yar (Crowdfunding) သည် ပရဟိတအသင်းအဖွဲ့များအတွက်လိုအပ်နေတဲ့ ငွေကြေးကို စုဆောင်းပြီး ရန်ပုံငွေမြှင့်တင်နိုင်တဲ့ e-commence website တစ်ခုဖြစ်တယ်။

နည်းပညာတွေ တိုးတက်လာတဲ့ခေတ်မှာ ကျွန်တော်တို့ လူသားတွေဟာ နည်းပညာ အကူအညီတွေ ရယူပြီး သက်တောင့်သက်သာဖြင့် လုပ်ကိုင်လာနိုင်ကြပါပြီ။ မိမိရဲ့ အတွေးအမြင် ရည်ရွယ်ချက် ရည်မှန်းချက်တွေပေါ်လိုက်ပြီး အင်တာနက်ပေါ်မှာ ချိတ်ဆက်ပြီး အလုပ်အကိုင် အခွင့်အလမ်းများ၊

မိမိသိချင်တဲ့ သတင်းအချက်အလက်များနှင့် မိမိလက်ရှိလုပ်ကိုင်နေတဲ့ လုပ်ငန်းကို ဒီထက် တိုးချဲ့နိုင်ဖို့ အခွင့်အရေးတွေဟာ သင့်ရဲ့ လက်တစ်ကမ်းမှာ ရှိနေပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီပလက်ဖောင်းတွေကို အကျိုးရှိရှိ အသုံးချတက်ဖို့ကလဲ အရေးကြီးပါတယ်။ ဒါကြောင့် မြန်မာပြည်မှာ လူသိနည်းနေသေးတဲ့ crowdfunding platform အကြောင်းနဲ့ သူ့ရဲ့အသုံးဝင်ပုံကို အနည်းငယ်ရှင်းပြပေးချင်ပါတယ်။

Crowdfunding Platform ဆိုတာက လူတစ်ဦးချင်း သို့မဟုတ် အဖွဲ့အစည်းများ၏ စိတ်ကူးဖန်တီးမှုအကြောင်းအရာများနှင့် ပရဟိတအသင်းအဖွဲ့များအတွက်လိုအပ်နေတဲ့ ငွေကြေးကို စုဆောင်းပြီး ရန်ပုံငွေမြှင့်တင်နိုင်တဲ့ e-commerce website တစ်ခုပဲဖြစ်ပါတယ်။ Crowdfunding ရဲ့အသုံးဝင်ပုံတွေကတော့ မိမိရဲ့လုပ်ငန်းကို တိုးချဲ့ပြီး ထုတ်ကုန်အသစ်များကို ရောင်းချနိုင်ဖို့နဲ့ လုပ်ငန်းလိုအပ်ချက်တွေကိုလည်း မှတ်ချက်များမှတစ်ဆင့် အကြံဉာဏ်များရယူနိုင်ပါတယ်။ မိမိလုပ်ငန်းအတွက် လိုအပ်နေတဲ့ ငွေကြေးအရင်းအနှီးကို rewardsများ ပြန်လည်ပေးအပ်ခြင်းဖြင့် အရင်းအနှီးများကို ရှာဖွေစုဆောင်းနိုင်ပါတယ်။ မိမိရဲ့ လုပ်ငန်းအတွေးအခေါ် အကြံဉာဏ်များကို crowdfunding website များပေါ်မျှဝေပေးပြီး ချိတ်ဆက်ဖြန့်ကျက်နိုင်ပါတယ်။

ရန်ပုံငွေများကိုစုဆောင်းရာတွင်လဲ လွယ်ကူစွာ အလေလွင့်မရှိဘဲ စုဆောင်းနိုင်ပါတယ်။ ဒါ့အပြင် ငွေကြေးထောက်ပံ့ပေးကြတဲ့ ရင်းနှီးမြှပ်နှံသူများ၊ အလှုရှင်များအနေနဲ့လည်း ကမ်ပိန်းတွေကပြန်လည်ပေးအပ်တဲ့ အကျိုးအမြတ်တွေကိုလည်း ပြန်လည်ခံစားနိုင်မှာ ဖြစ်ပါတယ်။Crowdfunding Platform များသည် စွန့်ဦးတီထွင်လုပ်ငန်းများရဲ့ ရည်မှန်းချက်များနှင့် မြန်မာရိုးရာ လက်မှုထုတ်ကုန်များ နိုင်ငံတကာသို့ ထိုးဖောက်ရာတွင်လည်း တစ်ဖက်တစ်လမ်းက ကူညီပေးနိုင်ပါတယ်။