ကျွန်တော်နဲ့ ပရဟိတ

...

ကျွန်တော်နဲ့ ပရဟိတ

ကျွန်တော်တို့နိုင်ငံမှာ ပရဟိတ လုပ်ငန်းတွေ တစတစပိုပိုများလာသလို လိမ်လည်အလှူခံတဲ့ သူတွေကလဲ တွဲလျှက် အလှူခံလာကြပါတယ်။ ဒါတွေကို စီစစ်ပြီးလှူနိုင်ဖို့ဆိုတာ လဲ တကယ်တမ်းကြ ခက်ခဲပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ ပရဟိတ လုပ်ငန်းတွေ တစတစပိုပိုများလာသလို လိမ်လည်အလှူခံတဲ့ သူတွေကလဲ တွဲလျှက် အလှူခံလာကြပါတယ်။ ဒါတွေကို စီစစ်ပြီးလှူနိုင်ဖို့ဆိုတာ လဲ တကယ်တမ်းကြ ခက်ခဲပါတယ်။ ကျွန်တော့် ဘဝမှာလည်း
လူလိမ်ခံရဘူးတာ မနည်းပါဘူး။ ဘာကြောင့်ဒီလို အလိမ်ခံရလဲ ကျွန်တော်အဖြေရှာကြည့်ရသလောက်တော့ တော်တော်များများသည် အပေါ်ယံအခြေအနေ အကြောင်းအရာကိုသာ ကြည့်ပြီးဆုံးဖြတ်ချက်မြန်မြန် ချလိုက်တာကြောင့် ဖြစ်ပါတယ်။ နောက်ပိုင်း ခဲမှန်ဖူးတဲ့စာသူငယ်လို ကျွန်တော်အနေနဲ့ အလှူတန်းတစ်ခု လုပ်မယ်ဆုံးဖြတ်တိုင်း
တစ်ဆင့်ခံ ဒါမှမဟုတ် တိုက်ရိုက်အဖွဲ့အစည်းတစ်ခုကို လှူတော့မယ်ဆိုရင် အဲ့ဒီအဖွဲ့ အစည်း ဒါမှမဟုတ်
တဆင့်ခံ လှူဒါန်းပေးမယ့် သူရဲ့ နောက်ခံအကြောင်းများ သူတို့ဖြတ်သန်းခဲ့တဲ့ ပရဟိတပြုလုပ်ဖူးတဲ့ ခရီးလမ်းမှတ်တမ်းများနဲ့ အဖွဲ့အစည်းရဲ့ တရားဝင်မှုတွေအကြောင်းကို စုံစမ်းဖြစ်တယ်။ ဒါကြောင့် ကျွန်တော် လှူတဲ့ အလှူတွေဟာ သန့်ရှင်းတယ် ထိရောက်တယ် ဆိုတဲ့ ခံစားချက်မျိူး ကျွန်တော့်စိတ်က ဖြစ်ပေါ်လာတဲ့ အတွက် ကုသိုလ်နဲ့အတူ လှူပြီးနောက်တသသ ကြည်နူးနေတဲ့ စေတနာကိုဖြစ်ပေါ်စေခဲ့တယ်။

ပရဟိတအလုပ်ဟာ အရေအတွက် အကန့်အသတ်နဲ့ အခြေအနေအရပ်ရပ် ကန့်သတ်ထားခြင်းမရှိ။အခြားသူတစ်ဦးမှအစ လူသားမျိုးနွယ်တစ်ခုလုံးအဆုံး ကူညီခြင်းနဲ့ မြင့်မားချမ်းသာသူဖြစ်ပစေ ဆင်းရဲသူဖြစ်ပစေ၊ အသားအရောင် မတူသူဖြစ်ပစေ၊ ယုံကြည်ကိုးကွယ်မှုမတူသည်ဖြစ်ပစေ၊ လူမျိုး မတူသူဖြစ်ပစေ၊ မိုးရွာရွာ နေပူပူ ကန့်သတ်သတ်မှတ်ထားခြင်းမရှိဘဲ ကူညီရတဲ့အလုပ်ကို ပရဟိတအလုပ်လို့ ပြောနိုင်တယ်လို့ ဆိုတဲ့ အကြောင်းဆောင်းပါးတခုမှာ ဖတ်ခဲ့ရဖူးတယ်။

စာရေးဆရာမကြီးဒေါ်သန်းမြင့်အောင်က အင်တာဗျူးတစ်ခုမှာ ပြောဖူးတယ် "ပရဟိတကတော့ လူတိုင်းကတော့လုပ်တာပဲ။ ကိုယ့်ကိုယ်ကိုယ် မသိတာပေါ့။ လူတယောက် ကို ကူညီတာ ပရဟိတပဲလေ။ အဲဒီလိုစိတ်ကတော့ အမြဲရှိတာပေါ့။ ဒါပေမယ့် အားလုံးပြောတဲ့ ပရဟိတ လုပ်တယ်ဆိုတာ အများနဲ့လုပ်တဲ့အလုပ်မျိုး၊ သိသိသာသာ ထင်ထင်ရှားရှားလုပ်တဲ့ အလုပ်မျိုးကိုပဲ လူတွေက သိကြတာ။ တကယ်တော့ မထင်မရှား ပရဟိ တ တွေက အများကြီးပဲ။ ကိုယ့်အိမ်ရှေ့ကိုကျော်ပြီး လမ်းကို တံမြက်စည်း လှည်းတာလည်း ပရဟိတပဲတဲ့" ကျွန်တော်တို့က လူသားချင်းစာနာမှုနဲ့ ပရဟိတတွေလုပ် နေပေမယ့် တချို့သူတွေကတော့ လူတွေရဲ့ သနားတက်တဲ့ စိတ်ကိုချနှင်းလို့ မိမိကိုယ်ကျိုးအတွက် လိမ်လည် လှည့်ဖျားတက်တယ် ဆိုတာကိုတော့ အထူးဂရုပြုသင့်ပါတယ်။ အလှူပြုရာမှာလဲ အလှူရဲ့အကျိုးပေးရာ၌ စေတနာကသာ အကျိုးပေးပါတယ်။ စေတနာထက်သန်လျှင် ညောင်စေ့လောက်မျှ လှူသော်လည်း ညောင်ပင်ကြီးလောက် အကျိူးရနိုင်တယ်ဆိုတဲ့ အကြောင်း ကျွန်တော်တို့ ငယ်ငယ်ထဲက ကြားဖူးပြီးသားဖြစ်မှာပါ။ စေတနာအရင်းခံဖြစ်ပေါ်လာဖို့ဆိုတာကလဲ ကျွန်တော်တို့အနေနဲ့ အလှူတန်းတစ်ခု မလုပ်မီ အလိမ်အညာလား ဒါမှမဟုတ် တကယ်ဒုက္ခဖြစ်နေလားဆိုတာ သေချာစိစစ်ပြီး လှူဒါန်းမှသာလျှင် လှူပြီးနော​က် တသသ ကြည်းနူးနေသော စေတနာကိုဖြစ်ပေါ်စေမှာပဲ ဖြစ်ပါတယ်။

ဒါကြောင့် မိတ်ဆွေအနေနဲ့ ဒီခေတ်ဒီကာလကြီးမှာ အလှူအတန်း လုပ်တော့မယ်ဆိုရင် အလှူခံများကို သေချာစိစစ်ပြီး လှူတန်းမှသာလျှင် တကယ်ဒုက္ခရောက်နေသူများကို အလေအလွှင့်မရှိပဲ ထိရောက်စွာ အကူအညီပေးနိုင်မှာ ဖြစ်ပါတယ်။