ပရဟိတအဖွဲ့အစည်းများသည် SuSeeYar Website ကနေတစ်ဆင့်ရံပုံငွေ ရှာဖွေပြီး လူမှုအကျိုးပြုလုပ်ငန်းများကို ထောက်ပံ့ ကူညီအားဖြည့်ပေးနေပါသည်။

  • ပင်မစာမျက်နှာ /
  • ပရဟိတအဖွဲ့အစည်းများသည် SuSeeYar Website ကနေတစ်ဆင့်ရံပုံငွေ ရှာဖွေပြီး လူမှုအကျိုးပြုလုပ်ငန်းများကို ထောက်ပံ့ ကူညီအားဖြည့်ပေးနေပါသည်။
...

ပရဟိတအဖွဲ့အစည်းများသည် SuSeeYar Website ကနေတစ်ဆင့်ရံပုံငွေ ရှာဖွေပြီး လူမှုအကျိုးပြုလုပ်ငန်းများကို ထောက်ပံ့ ကူညီအားဖြည့်ပေးနေပါသည်။

ပရဟိတအဖွဲ့အစည်းများသည် SuSeeYar Website ကနေတစ်ဆင့်ရံပုံငွေ ရှာဖွေပြီး လူမှုအကျိုးပြုလုပ်ငန်းများကို ထောက်ပံ့ ကူညီအားဖြည့်ပေးနေပါသည်။

မြန်မာနိုင်ငံသည် ဆင်းရဲတဲ့နိုင်ငံတစ်ခုဖြစ်ပေမယ့် လှူဒါန်းမှု အကူအညီဖောင်ဒေးရှင်း၏ ကမ္ဘာ့လှူဒါန်းပေးကမ်းမှု အညွှန်းကိန်း World Giving Index တွင် ၄ နှစ်ဆက်တိုက် ထိပ်ဆုံးတွင်ရှိနေခဲ့ဖူးသည်။ ရက်ရောမှုနှင့် ပတ်သက်လျှင် မြန်မာနိုင်ငံကို ယှဉ်နိုင်သော နိုင်ငံ အနည်းငယ်သာရှိပါသည်။ လှူချင်တန်းချင်စိတ်ဟာ တကယ့်ကို လေးစားစရာကောင်းပါတယ်။ ဒါပေမယ့် အလိမ်အညာမပါပဲ လူသားချင်းစာနာသော အလှူခံများကို သေချာစိစစ်ကာ လှူဒါန်းတဲ့ ယဉ်ကျေးမှု တည်ဆောက်ဖို့တော့ လိုအပ်ပါသည်။ အလှူအတန်းရက်ရောတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကူညီထောက်ပံ့ ပေးချင်သူတွေဟာ စုစည်းရာဝက်ဆိုက်တဆင့် လွယ်လင့် တကူ အွန်လိုင်းကနေ မိမိအကူအညီပေးချင်သော လှူတန်းချင်တဲ့ကဏ္ဍအလိုက် (ပညာရေး၊ ကယ်ဆယ်ရေး၊ နာရေးကူညီမှု၊ ဘာသာ/သာသနာရေးများ) စသည်တို့ကို ရွေးချယ်နိုင်ပြီး ထိရောက်စွာ ကူညီပေးနိုင်မှာလည်း ဖြစ်ပါတယ်။

ပရဟိတအသင်းဖွဲ့များ ဒါမှမဟုတ် တစ်ဦးတစ်ယောက်ချင်းအနေဖြင့် ကျွန်တော်တို့ SuSeeYar သည် Crowdfunding ကိုအသုံးပြုလိုသော မည်သူ့ကိုမဆို ဒုက္ခဖြစ်နေသော အခက်အခဲများကိုတင်ပြပေးပြီး အွန်လိုင်းကနေတဆင့် လွယ်ကူစွာအလှူငွေစုဆောင်းနိုင်ရန်အတွက် စုစည်းရာအနေနဲ့ အလှူငွေဝိုင်းဝန်း ကောက်ခံပေးနိုင်ပါသည်။ Campaign စတင်ထားသူများနှင့် ထောက်ပံ့သူများကိုလည်း နည်းလမ်းကောင်းများဖြင့် အလှူငွေရရှိလာအောင် အလှုရှင်နှင့်အလှုခံအဖွဲ့အစည်းအကြား ချိတ်ဆက် ပေးခြင်းဖြစ်ပါသည်။ လူမူအကျိုးပြုလုပ်ငန်းများလုပ်ဆောင်ဖို့အတွက်လိုအပ်သောရန်ပုံငွေကိုရှာဖွေရာတွင်လည်းပူးပေါင်းပါဝင်ပြီးကူညီဆောင်ရွက်ပေးနေပါတယ်။

ယခုလက်ရှိအချိန်ထိ စုစည်းရာတွင် အခက်အခဲတွေကြားထဲက ခက်ခဲနေတဲ့လူတချို့အတွက် အလှူငွေစုဆောင်းနေသော ကမ်ပိန်များ၊ စားဝတ်နေရေး အခက်အခဲ ဖြစ်နေတဲ့ မိသားစုတွေကို အခြေခံစားနပ်ရိက္ခာများ လှူဒါန်းမယ့် ကမ်ပိန်းများ၊ ယခုလက်ရှိအခြေနေတွင် အလှူရှင်များရဲ့ လှူဒါန်းမှုနဲ့ ရပ်တည်နေရတဲ့ စား၀တ်နေရေး အခက်အခဲ ဖြစ်နေသော မိဘမဲ့ဂေဟာများသို့ ကူညီထောက်ပံ့ပေးနေသော ကမ်ပိန်းများ၊ လူငယ်များဦးဆောင်ပြုလုပ်နေသော အခမဲ့ကွန်ပျူတာသိပ္ပံပညာရေး ကမ်ပိန်းနှင့် ငြိမ်းချမ်ရေးဆိုင်ရာ ပညာပေးခြင်းကမ်ပိန်းများသည် စုစည်းရာတွင် ရံပုံငွေတည်ဆောက် ကာ လှူဒါန်းကူညီလိုကတစိတ်တဒေသ ပါဝင်လှူဒါန်းနိုင်ရန်အတွက် အလှူငွေများကောက်ခံထားပါသည်။ ဒါအပြင့် ဒီကာလမှာ ဆေးကုသဖို့ ဆေးဖိုးဝါးခ အခက်အခဲဖြစ်နေတဲ့ rider တစ်ယောက်အတွက် ဝိုင်းပြီး ကူညီထောက်ပံ့ပေးဖို့ ဖိတ်ခေါ်ထားတဲ့ ကမ်ပိန်းကိုလဲတွေ့မြင်ရမှာပါ။

စုစည်းရာရှိ ကမ်ပိန်းများသည် မိတ်ဆွေအနေနဲ့ လှူပြီးနောက် တသသ ကြည်နူးနေသော စိတ်အစဉ် အပရစေတနာကို ဖြစ်ပေါ်စေတဲ့ လှူဒါန်းမှုမျိုးကို စုစည်းရာတွင် သုံးတန်စေတနာ ဖြူစင်လန်းလို့၊ ပေးကမ်းဝေမျှ လှူဒါန်းနိုင်မှာလဲဖြစ်ပါတယ်။ ကျွန်တော်တို့ စုစည်းရာသည် လူ့အဖွဲ့အစည်း အတွက် လူသားချင်းစာနာမှုများနှင့် ထောက်ပံ့ကူညီမှုများကို အားပေးပြီး ကမ်ပိန်းများကို အချက်အလက် ပြည့်စုံစွာစိစစ်၍ crowdfunding နည်းလမ်းဖြင့် အလှူငွေဝိုင်းဝန်းကောက်ခံပေးနေပါပြီ။