စားဝတ်နေရေးအခက်အခဲ ဖြစ်နေတဲ့ မိသားစုတွေကို အခြေခံစားနပ်ရိက္ခာများ လှူဒါန်းမယ့် CHO Charity Campaign

  • ပင်မစာမျက်နှာ /
  • စားဝတ်နေရေးအခက်အခဲ ဖြစ်နေတဲ့ မိသားစုတွေကို အခြေခံစားနပ်ရိက္ခာများ လှူဒါန်းမယ့် CHO Charity Campaign
...

စားဝတ်နေရေးအခက်အခဲ ဖြစ်နေတဲ့ မိသားစုတွေကို အခြေခံစားနပ်ရိက္ခာများ လှူဒါန်းမယ့် CHO Charity Campaign

မြန်မာနိုင်ငံရဲ့ လူဦးရေရာခိုင်နှုန်းအများစုမှာ နေ့စားအလုပ်လုပ်ကိုင်ကြပြီး နေ့စဉ်ဝင်ငွေကိုမှီခိုနေကြရသော အခြေခံလူတန်းစားများဖြစ်ကြသည်။ တစ်နှစ်ဝန်းကျင် ကျော်ကာလအတွင်းမှာ အလွှာစုံ၊ ကဏ္ဍစုံအားလုံး ထိခိုက်ကြတာ ဖြစ်ပါတယ်။ အခြေခံလူတန်းစားများသည် ၎င်းတို့၏လုပ်ငန်းခွင်များ မလည်ပတ်နိုင်သောကြောင့် အလုပ်လက်မဲ့ဖြစ်ကြရခြင်း၊ ဝင်ငွေဆုံးရှုံးခြင်းနှင့် စားဝတ်နေရေးမပြေလည်မှုပြဿနာများနှင့် လက်ရှိတွင် ကြုံတွေ့ခံစားနေကြရပါတယ်။

မြန်မာနိုင်ငံတွင် ယခုအခါ ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုကြောင့် တစ်ကမ္ဘာလုံး အတိုင်းအတာနှင့် လူမှုရေးစီးပွား ကျန်းမာရေးဆုံးရှုံးမှုကို ခံစားနေရဆဲဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံရေးအကြပ်အတည်းများ​၏
ရိုက်ခတ်မှုများကြောင့် အလုပ်အကိုင်ဆုံးရှုံးမှု၊ ဝင်ငွေချို့တဲ့မှုခံစားနေကြရသော များစွာသော အခြေခံလူတန်းစားများ၏မိသားစုများ၊ ကလေးများ၊ သက်ကြီးရွယ်အိုများသည် အစားအစာအာဟာရအတွက် ခက်ခဲနေကြပါတယ်။

မြန်မာနိုင်ငံရဲ့ လူဦးရေရာခိုင်နှုန်းအများစုမှာ နေ့စားအလုပ်လုပ်ကိုင်ကြပြီး နေ့စဉ်ဝင်ငွေကိုမှီခိုနေကြရသော အခြေခံလူတန်းစားများဖြစ်ကြသည်။ တစ်နှစ်ဝန်းကျင် ကျော်ကာလအတွင်းမှာ အလွှာစုံ၊ ကဏ္ဍစုံအားလုံး ထိခိုက်ကြတာ ဖြစ်ပါတယ်။ အခြေခံလူတန်းစားများသည် ၎င်းတို့၏လုပ်ငန်းခွင်များ မလည်ပတ်နိုင်သောကြောင့် အလုပ်လက်မဲ့ဖြစ်ကြရခြင်း၊ ဝင်ငွေဆုံးရှုံးခြင်းနှင့် စားဝတ်နေရေးမပြေလည်မှုပြဿနာများနှင့် လက်ရှိတွင် ကြုံတွေ့ခံစားနေကြရပါတယ်။စားဝတ်နေရေးအခက်အခဲဖြစ်နေကြတဲ့ မိသားစုများကို လိုအပ်သော ကူညီထောက်ပံ့မှုများပေးနိုင်ရန် ပရဟိတ အဖွဲ့အစည်းများလည်းပေါ်ပေါက် လာကြပါတယ်။

၎င်းပရဟိတအဖွဲ့အစည်းများထဲမှ CHO Charity သည် SuSeeYar crowdfunding website တွင် ''စားဝတ်နေရေးအခက်အခဲဖြစ်နေကြတဲ့မိသားစုများသို့ အခြေခံစားနပ်ရိက္ခာများ လှုဒါန်းမည့်အစီအစဉ်မှာပါဝင်လှုုုဒါန်းနိုင်''ဆိုတဲ့ခေါင်းစဉ်ဖြင့် ပြည်သူများပူးပေါင်း ပါဝင်လှူဒါန်း နိုင်ရန် ရည်ရွယ်၍ ကမ်ပိန်းပြုလုပ်ထားတာကို တွေ့ရပါတယ်။ Crowdfunding  ဆိုတာကတော့ ငွေကြေးအား
ဖြင့် အကူအညီလိုအပ်နေသူများနှင့် အကူအညီပေးချင်သူများကို တစ်နေရာထဲတွင် အင်တာနက်မှ
တဆင့် လွယ်ကူလျှင်မြန်စွာ ကူညီပေးနိုင်ရန်ပြုလုပ်ထားတဲ့နည်းပညာစနစ်တစ်ခုပဲ ဖြစ်ပါတယ်။

၎င်းCampaignကရရှိတဲ့ရန်ပုံငွေတွေကို အမှန်တကယ်စားဝတ်နေရေး အတိဒုက္ခရောက်နေတဲ့ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှ အခြေခံလူတန်းစား အိမ်ထောင်စု (၁၀၀) ကို စားနပ်ရိက္ခာများ သွားရောက်လှူဒါန်း အသုံးပြုသွားမယ်ဆိုတဲ့ အကြောင်းကို ရေးသားဖော်ပြထားသည်ကို တွေ့ရပါတယ်။

CHO Charity အဖွဲ့သည် ၂၀၁၈ခုနှစ်မှစပြီး ပရဟိတ စိတ်အရင်းခံရှိသော စိတ်တူကိုယ်တူသူငယ်ချင်းများစုဖွဲ့ ထားတဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။ CHO Charity အဖွဲ့သည် ကိုယ်တက်နိုင်သော ငွေကြေးပမာဏတစ်ခုကို လစဉ်စုဆောင်းပြီး အကူအညီလိုအပ်သော နေရာများကို သွားရောက်ပြီး အခတ်အခဲဖြစ်နေသော သူများနှင့်ကြုံတိုင်း တက်နိုင်သောရှုထောင့်မှ ကူညီပေးနေ ကြပါတယ်။ အကူအညီလိုအပ်သောသူကို ကူညီပေးနိုင်တဲ့အချိန်တွင်ခံစားရသော စိတ်ခံစားမူ(ပီတိ)ကို ကြိုက်နှစ်သက်သော စိတ်တူကိုယ်တူသူငယ်ချင်းများဖြင့်ဖွဲ့ထားသောအဖွဲ့ဖြစ်ပြီး မိတ်ဆွေအနေနဲ့လည်း CHO Charity Campaign နှင့်အတူ ပူးပေါင်းပါဝင်ပြီး ''ပီတိကိုစားအားရှိ''ဆိုသော ဆိုရိုးစကားအတိုင်း ထိရောက်စွာ လှူဒါန်းနိုင်မည် ဖြစ်ကြောင်းကိုဖော်ပြပေးလိုက်ပါသည်။