ယခုလက်ရှိအခြေနေတွင် အလှူရှင်များရဲ့ လှူဒါန်းမှုနဲ့ ရပ်တည်နေရတဲ့ စား၀တ်နေရေး အခက်အခဲ ဖြစ်နေသော မိဘမဲ့ဂေဟာများသို့ ကူညီထောက်ပံ့ပေး နေသော Strong Mind's Power Charity Group အကြောင်း

  • ပင်မစာမျက်နှာ /
  • ယခုလက်ရှိအခြေနေတွင် အလှူရှင်များရဲ့ လှူဒါန်းမှုနဲ့ ရပ်တည်နေရတဲ့ စား၀တ်နေရေး အခက်အခဲ ဖြစ်နေသော မိဘမဲ့ဂေဟာများသို့ ကူညီထောက်ပံ့ပေး နေသော Strong Mind's Power Charity Group အကြောင်း
...

ယခုလက်ရှိအခြေနေတွင် အလှူရှင်များရဲ့ လှူဒါန်းမှုနဲ့ ရပ်တည်နေရတဲ့ စား၀တ်နေရေး အခက်အခဲ ဖြစ်နေသော မိဘမဲ့ဂေဟာများသို့ ကူညီထောက်ပံ့ပေး နေသော Strong Mind's Power Charity Group အကြောင်း

Strong Mind's Power ပရဟိတအသင်းအဖွဲ့ဟာ ကိုယ်ချင်းစာတရား၊ မေတ္တာသဒ္ဒါစွမ်းအားတို့နှင့်အတူ ရှင်သန်ပေါက်ဖွားလာသည့် ရေသောက်မြစ်လေးအဖြစ် ၂၀၁၅ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သော ရေဘေးကိစ္စမှအစပြု၍

Strong Mind's Power Charity Group သည် ဒုက္ခ​ရောက်တဲ့သူ​တွေကို​တွေ့တဲ့အခါ ကိုယ်ချင်းစာတရားဆိုတာ သ​ေန္ဓတည်လာပါတယ်။ ကိုယ်ချင်းစာတရား​တွေကတစ်ဆင့် စေတနာတရား​မေတ္တာစွမ်းအား​တွေ ​ပေါက်ဖွားလာတတ်ကြတယ်။


ထိုနည်းတူပါပဲ ကျွန်​တော်တို့ရဲ့ Strong Mind's Powerပရဟိတအသင်းအဖွဲ့ဟာ ကိုယ်ချင်းစာတရား၊ ​မေတ္တာသဒ္ဒါစွမ်းအားတို့နှင့်အတူ ရှင်သန်​ပေါက်ဖွားလာသည့် ​ရေ​သောက်မြစ်​လေးအဖြစ် ၂၀၁၅ခုနှစ်တွင်ဖြစ်​ပေါ်ခဲ့​သော ​ရေ​ဘေးကိစ္စမှအစပြု၍ ​ပေါ်​ပေါက်လာခဲ့ပါတယ်။
 ထို​ရေ​သောက်မြစ်အပင်ငယ်​လေးစတင်ရှင်သန်​ပေါက်ဖွားရာ ဌာနမှာ​တော့ A.Z.Y​(ခေါ် ) ​အောင်​ဇေယျုံ အဂ်လိပ်စကား​ပြောသင်တန်းမှဖြစ်ပြီး အသင်းသူအသင်းသားတို့၏ စု​ပေါင်းညီညွတ်အားစည်းလုံးမှုသဒ္ဒါတရားတို့ဖြင့် ကျွန်​တော်တို့ရဲ့ပရဟိတအပင်ငယ်​လေးဟာ တစ်စနှင့်တစ်စရှင်သန်လာခဲ့ရပါတယ်။ ​ရေ​ဘေးအလှူဒါနကိုအစတည်၍ ရှင်သန်ခဲ့ရ​သော ပရဟိတအပင်​လေးမှာ လှည်းကူမြို့နယ်၊ မရမ်း​ချောင်မြို့ရှိ အနာကြီး​ရောဂါခံစား​နေရ​သော ​ဝေသနာရှင်များအတွက် အရိပ်တစ်ခက်ဖြစ်ခွင်ရခဲ့ပါတယ်။ ဒါတင်မက​သေးပဲ ​မှော်ဘီမြို့နယ်၊ဝါးနက်​ချောင်း​ကျေးရွာရှိ လူမှု​စောင့်​ရှောက်​ရေး​ဂေဟာ၊ အ​ရှေ့ဒဂုံမြို့ရှိ ချမ်းသာ​အောင် ပရဟိတမိဘမဲ့စာသင်​ကျောင်းများသို့လည်း သွား​ရောက်၍ ဆန်၊ဆီ၊ဆား၊​ဆေးဝါး၊စာ​ရေးကိရိယာများနှင့်အတူ အ​ထွေ​ထွေလိုအပ်သည့်အသုံးအ​ဆောင်များကိုလည်း သွား​ရောက်လှူဒါန်းခွင့်ရခဲ့ပါတယ်။ ထိုမျှမက​သေးဘဲ ရန်ကုန်-မန္တ​လေးအမြန်လမ်း(၉၉)မိုင်ရှိ နန်း​ရွှေပြည်မိဘမဲ့​ကျောင်း၊ ​မြောက်ဥက္ကလာပမြို့နယ်ရှိ ​ရွှေနန်းဦး မိဘမဲ့ပရဟိတ​ကျောင်းများရှိ ရင်ခွင်မဲ့က​လေးသူငယ်များအတွက်လည်း ကျွန်​တော်တဲ့ပရဟိတအပင်​လေးမှ တတ်နိုင်သ​လောက်အသီးအပွင့်​တွေ​ဝေဌလှူဒါန်း​ပေးခဲ့ကြပါတယ်။ ထို့ပြင် လစဥ်ပုံမှန်​အသင်းသူအသင်းသားများမှသွေးလှူခြင်း၊ အဂ်လိပ်စာပညာဒါနသင်တန်းများဖွင့်လှစ်သင်ကြား​ပေးခြင်း၊လမ်း​ဘေးပိုင်ရှင်မဲ့​ခွေး​လေးများကို အစာ​ကြွေးခြင်း စသည့်လှူဒါန်းကုသိုလ်ပြုမှုများကိုလည်းစဥ်ဆက်မပြတ်​ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်​တော်တို့ရဲ့ Strong Mind's Powerပရဟိတအပင်​လေးဟာ တတ်စွမ်းသည့်ဘက်မှ အများအကျိုးကိုစွမ်း​ဆောင်၍ ​အေးချမ်းသည့်အရိပ်အာဝါသကို​ဝေမျှရန် အမြဲရှင်သန်တည်ရှိ​နေပါမယ်။ ​စေတနာသဒ္ဒါတရားထက်သန်ကြ​သောအလှူရှင်များအ​နေဖြင့် ပရဟိအပင်လေးဆက်လက်ရှင်သန်အရိပ်​ပေးနိုင်ရန် ပါဝင်ကူညီလှူဒါန်းမှုကိုလည်း အမြဲကြိုဆိုလျက်ရှိပါတယ်။

"အသင်းစတင်သည့်နေ့"
  ၁၇. ၈. ၂၀၁၅

"တည်ထောင်သည့်နေရာ"
  A.Z.Yအင်္ဂလိပ်စကားပြောသင်တန်း၊                                  အောင်ဇေယျုံဘုန်းကြီးကျောင်း။

"အသင်းစတင်တည်ထောင်သူ"
 -----------------------
   • ဦးဇေဖြိုးအောင်"အသင်း​ဥက္ကဌ"
-------------------------
   • ဦး​ဇော်ဝင်း"အသင်းသား/သူ ဦးရေ"  
 -------------------   
   • ၂၈ ဦး"အသင်း၏ Facebook page"
 ----------------------
Strong Mind's Power"အသင်း

 Facebook link"
---------------------
https://www.facebook.com/StrongMindsPower/"ဆက်သွယ်နိုင်သည့်ပုဂ္ဂိုလ်နှင့် ဖုန်းနံပါတ်"   
 ---------------------------------
■ဇော်ဝင်း  (09-252031135)
■ကျော်ဝေဖြိုးနိူင်-(09-789799813)  

《  အသင်း၏ရည်ရွယ်ချက် 》          လူထုအကျိုးပြုလုပ်ငန်းများ / သဘာဝဘေးအန္တရာယ်   ကျရောက်ခံစားရသောအရပ်ဒေသများသို့  ပြန်လည်ထူထောင်ရေး    လုပ်ငန်းများအားဖြူစင်သောသဒ္ဒါစိတ်ထားမြင့်မြတ်ခိုင်မာလက်တွဲညီညာစွာဖြင့် မိမိတို့တတ်နိုင်သမျှ ပူးပေါင်းပါဝင် ပံ့ပိုးကူညီ ဆောင်ရွက်ရန်။