Crowdfunding Platform များကိုအသုံးချသင့်သော အချက် (၄) ချက်

...

Crowdfunding Platform များကိုအသုံးချသင့်သော အချက် (၄) ချက်

Crowdfunding သည် အဖွဲ့အစည်းများ၏ စိတ်ကူးစိတ်သန်းများကို လက်တွေ့ဘဝတွင် အကောင်အထည်ဖော်နိုင်ရန် ယူဆောင်ပေးနိုင်သော အရာဖြစ်သည်။ အဖွဲ့ အစည်းများ၏ လုပ်ဆောင်ချက်များကို Crowdfunding Platform တစ်ခုခုအသုံးချပြီး  ထောက်ပံ့သူအများအပြားကို ရှာဖွေနိုင်ခြင်းဖြင့် ရန်ပုံငွေများကိုလည်း မြှင့်တင်ပေးနိုင်မည်ဖြစ်ပါသည်။ မိတ်ဆွေရဲ့ အဖွဲ့အစည်းမှာ လိုအပ်တဲ့ Project အတွက် ရင်းနှီးမတည်ငွေလိုအပ်နေတယ် ဆိုရင် မိတ်ဆွေအနေနဲ့ Crowdfunding Platform များကိုအသုံးချသင့်တဲ့ အချက် (၄)ချက်ရှိပါတယ်။

Crowdfunding သည် အဖွဲ့အစည်းများ၏ စိတ်ကူးစိတ်သန်းများကို လက်တွေ့ဘဝတွင် အကောင်အထည်ဖော်နိုင်ရန် ယူဆောင်ပေးနိုင်သော အရာဖြစ်သည်။ အဖွဲ့ အစည်းများ၏ လုပ်ဆောင်ချက်များကို Crowdfunding Platform တစ်ခုခုအသုံးချပြီး  ထောက်ပံ့သူအများအပြားကို ရှာဖွေနိုင်ခြင်းဖြင့် ရန်ပုံငွေများကိုလည်း မြှင့်တင်ပေးနိုင်မည်ဖြစ်ပါသည်။ မိတ်ဆွေရဲ့ အဖွဲ့အစည်းမှာ လိုအပ်တဲ့ Project အတွက် ရင်းနှီးမတည်ငွေလိုအပ်နေတယ် ဆိုရင် မိတ်ဆွေအနေနဲ့ Crowdfunding Platform များကိုအသုံးချသင့်တဲ့ အချက် (၄)ချက်ရှိပါတယ်။

ရန်ပုံငွေမြှင့်တင်လိုက်ပါ

မိတ်ဆွေရဲ့ Project တစ်ခုတည်းကို ရန်ပုံငွေမြှင့်တင်ဖို့ Platform တစ်ခု လုပ်ထားမယ်ဆိုရင် မိတ်ဆွေကို ထောက်ပံ့ပေးမည့်သူတွေအတွက်လည်း ထောက်ပံ့လှူဒါန်းပေးဖို့ နေရာတစ်ခု အဆင်ပြေ လာပါလိမ့်မယ်။ ဒီလိုရန်ပုံငွေမြှင့်တင်ဖို့ မြို့ထဲမှာပဲ ပွဲကြီးကြီးမားမားတစ်ပွဲ လုပ်နိုင်သည်ဖြစ်စေ မလုပ်နိုင်သည်ဖြစ်စေ၊ မိတ်ဆွေရဲ့ Project ကိုစိတ်ဝင်စားတဲ့ သူတွေကတော့ ပြင်ပကနေ မိတ်ဆွေကို ထောက်ပံ့ပေးနေမှာပါ။ Crowdfunding Platform ကိုသာ အသုံးပြုမယ်ဆိုရင်တော့ နည်းပညာကိုအသုံးပြုထားတဲ့အတွက် လှူဒါန်းငွေတွေဟာ မိတ်ဆွေရဲ့ ဘဏ်အကောင့်ဆီ တန်းရောက်သွားမှာ ဖြစ်ပါတယ်။  မိတ်ဆွေကို လှူဒါန်းချင်သူတွေအတွက် လှူဒါန်းမှုတွေ လုပ်နိုင်မယ့် Platform တစ်ခုကိုသုံးလိုက်မယ်ဆိုရင် ထောက်ပံ့ပေးတဲ့သူတွေ အတွက် လည်း ဒီထက်ပိုပြီး လှူဒါန်းထောက်ပံ့ချင်မှာ ဖြစ်ပါတယ်။ ကျောင်းဝတ်စုံအသစ်၊ အားကစား လေ့ကျင့်ရေးပစ္စည်းတွေ၊ မိသားစုအတွက်လိုအပ်ချက်တွေ ဒါမှမဟုတ် ကိုယ်ချစ်မြတ်နိုးသူရဲ့ ဆေးဖိုးဝါးခအတွက် ဘာအတွက်ပဲ ရန်ပုံငွေမြှင့်တင်ဖို့လုပ်လုပ် Crowdfunding ကိုအသုံးပြုခြင်းက မိတ်ဆွေရဲ့လိုအပ်ချက်တွေ ပြည့်ဝဖို့ အာမခံချက်ပေးနိုင်ပါတယ်။

အဆင်ပြေလွယ်ကူခြင်း

Crowdfunding Project တစ်ခုလုပ်ဆောင်ရတာက လျှင်မြန်လွယ်ကူပါတယ်။ ရန်ပုံငွေရှာဖို့ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်တွေကိုတော့ အရင်ဆုံး ရေးဆွဲဖို့လိုပါတယ်။ မိတ်ဆွေရဲ့ အဖွဲ့အစည်းက ဘာကိုလိုအပ်နေတာလဲ ပြီးတော့ ဘယ်လို Project မျိုးကို မိတ်ဆွေရဲ့ပတ်ဝန်းကျင်က ပိုပြီး စိတ်ဝင်စား နေသလဲပေါ့။ မိတ်ဆွေရဲ့ အဖွဲ့အစည်းအတွက် လိုအပ်နေတဲ့ ရန်ပုံငွေရှာဖို့ ဆုံးဖြတ်ပြီးပြီ ဆိုတာနဲ့ Campaign တစ်ခုလုပ်ဖို့က ရိုးရှင်းတဲ့ အချက်လေးနည်းနည်းပဲ ကျန်ပါတော့တယ်။ ဓာတ်ပုံတွေ၊ မိတ်ဆွေလုပ်မယ့် Project အတွက် ရှင်းပြထားတာတွေ ဒါမှမဟုတ် ထောက်ပံ့မယ့်သူတွေကို စိတ်ဝင်စားစေမယ့် အချက်တွေ လိုအပ်ပါပြီ။ Campaign ကိုစလိုက်ပြီဆိုတာနဲ့ ကိုယ့်ကိုဘယ်သူက လှူဒါန်းသွားတာလဲ ကိုယ့်ရဲ့ရန်ပုံငွေ အခုဘယ်လောက်ရှိပြီလဲဆိုတာကို အချိန်နှင့် တစ်ပြေးညီကြည့်ရှု နိုင်ပါတယ်။ မိတ်ဆွေရဲ့ သတ်မှတ်ရန်ပုံငွေပမာဏ ပြည့်သွားတဲ့အခါ မိတ်ဆွေရဲ့ အကောင့်ကို လှူဒါန်းဖို့ အတွက် Bank Account တစ်ခုကို ရွေးချယ်ပေးဖို့လိုပါတယ်။

မိတ်ဆွေရဲ့အကြောင်းကို မျှဝေလိုက်ပါ

ဒီနေ့ခေတ်၏ဒီဂျစ်တယ်စွမ်းရည်များဖြင့်အခြားသူများနှင့် ဆက်သွယ်ခြင်းက ပို၍လွယ်ကူနေပြီဖြစ်ပါတယ်။ Crowdfunding Platform တွေကိုအသုံးချခြင်းက မိတ်ဆွေအဖွဲ့အစည်းရဲ့ Project ကဘာကြောင့် အရေးပါတာလဲ ဘာကြောင့်အထောက်အပံ့တွေလိုအပ်တာလဲ ဆိုပြီး ထောက်ပံ့ပေးမယ့်သူတွေကို မျှဝေပြောကြား နိုင်ပါတယ်။ မိတ်ဆွေရဲ့ လက်ရှိ ဖြစ်နေတဲ့ အဓိကလိုအပ်ချက်နှင့် လုပ်ဆောင်ချက်တွေမြှင့်တင်ဖို့ကို တစ်နေရာထဲမှာ ပြောဖို့ အခွင့်အရေးရှိ နေပါတယ်။ Crowdfunding ရဲ့လွယ်ကူမြန်ဆန်တဲ့ မျှဝေ မှုတွေဟာ ခလုတ်တစ်ချက်နှိပ်လိုက်တာနှင့် မိတ်ဆွေရဲ့ Campaign စတင်လာတာကို သတိပြုမိလာပြီး လှူဒါန်းမှုတွေကို လုပ်ကိုင်နိုင်တော့မှာ ဖြစ်ပါတယ်။

ပတ်ဝန်းကျင်ကသိအောင်လုပ်ပါ

မိတ်ဆွေရဲ့ပတ်ဝန်းကျင်ဆိုတာ မိတ်ဆွေရဲ့ အဖွဲ့အစည်းအတွက် အကြီးမားဆုံးသော ထောက်ပံ့ပေးမယ့် သူတွေ ဖြစ်ပါတယ်။ မိတ်ဆွေရဲ့အဖွဲ့အစည်းက ရန်ပုံငွေတွေ ရနေတာတင်မကပါဘူး ဒီလိုလှူဒါန်းမှု တွေက မိတ်ဆွေရဲ့ အဖွဲ့အစည်းအောင်မြင်ဖို့  ကျောထောက်နောက်ခံ ပေးကြတယ်လို့လည်း လှူဒါန်းသူတွေကို တွေးမိစေပါတယ်။ ရည်မှန်းချက်တစ်ခုကို ခိုင်ခိုင်မာမာလက်တွဲပြီး အတူ လျှောက်လှမ်းကြခြင်းက အောင်မြင်ပြီး ခိုင်မာတဲ့အဖွဲ့အစည်းတစ်ခု ဖြစ်လာစေပါတယ်။ Crowdfunding လုပ်ခြင်းက ဒီလိုမိတ်ဆွေရဲ့ လုပ်ငန်းလိုမျိုး တူညီတဲ့အားပေးမှုတွေ၊ အောင်မြင်အောင် ကူညီဆုတောင်းပေးသူတွေနဲ့ သူတို့နဲ့ဘယ်လောက်ပဲ နီးနီးဝေးဝေး ကူညီထောက်ပံ့ပေးနိုင်တဲ့   ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းထဲကို ချက်ချင်းရောက်သွားအောင်  လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။

မိတ်ဆွေအဖွဲ့အစည်း အတွက် ရန်ပုံငွေရှာဖွေတယ်ဆိုတာဟာ ခိုင်မာတဲ့ Crowdfunding Platform တစ်ခု နှင့်လက်တွဲလိုက်ရင်တော့ လွယ်လွယ်ကူကူပြီးမြှောက်သွားမှာ ဖြစ်ပါတယ်။ နေရာတစ်နေရာ ထဲမှာပဲ ရန်ပုံငွေတွေကို အကျိုးရှိရှိမြှင့်တင်လိုက်ပါ။ မိတ်ဆွေရဲ့စိတ်ကူးစိတ်သန်းတွေကို မျှဝေလိုက်ပါ။ ပတ်ဝန်းကျင်ကိုလည်း အဆက်အသွယ်တွေလုပ်လိုက်ပါ။ Crowdfunding Platform ဆိုတာက မိတ်ဆွေအတွက် အရေးပါတဲ့လုပ်ငန်းတွေကို အောင်မြင်အောင်လုပ်နိုင်ဖို့ အားပေးပြီး အလေးထားတဲ့ အကောင်းဆုံး လူ့အဖွဲ့အစည်းတစ်ခုပဲ ဖြစ်ပါတယ်။

Ref; https://www.superfaninc.com