Challenges of Crowdfunding

...

Challenges of Crowdfunding

Crowdfunding Website မှာ Campaign တစ်ခုအောင်မြင်ဖို့ဆို ဘာတွေ လိုအပ်လဲ

သင့်လုပ်ငန်းကို crowdfunding မှာတင်တော့မယ်ဆို အရေးကြီး ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်
 
 ငွေကြေးအရင်းအနှီးကို အလွယ်တကူ ရှာဖွေလို့ရတယ်ဆိုတာ Crowdfunding ရဲ့ အဓိက အားသာချက်တစ်ခုပါ  ဒါပေမဲ့ အောင်မြင်တဲ့ project တစ်ခုအတွက် အနောက်မှာ ကြိုးစားအားထုတ်‌မှုတွေ အများအပြားရှိနေမှု နဲ့ ပြသနိုင်မှုက အလွန်အရေးကြီးပါတယ်။ သင့်တင့်မျှတတဲ့ အကျိုးအမြတ်တစ်စုံတစ်ရာ reward အနေနဲ့ ပြန်ရနိုင်မှ ရန်ပုံ‌ငွေထည့်ဝင်သူတစ်ယောက် အနေနဲ့ စိတ်ဝင်စားနိုင်မယ် မဟုတ်လား 

ခိုင်မာတဲ့ marketing effort တစ်ခုရှိခြင်း၊ ယုံကြည်စိတ်ချရခြင်းနဲ့ ကုန်ပစ္စည်းရဲ့ အရေအသွေးက Reward Base Crowdfunding ရဲ့ အဓိက သော့ချက်တွေပဲဖြစ်ပါတယ် 

Reward Base Crowdfunding အနေနဲ့ Campaignတစ်ခုစတော့မယ်ဆိုရင် ဒီအချက်တွေကို သတိပြုမိအောင် ဖော်ပြပေးလိုက်ပါတယ် 

1. မိမိ product နဲ့ ပတ်သက်ပြီး ဘယ်လို marketing strategy တွေအသုံးပြုရင် ကုန်ကျစားရိတ် သက်သာနိုင်မလဲ?
2. မိမိ product ရဲ့ ဝန်ဆောက်မှု နဲ့ အရည်အသွေးက ဘယ်လို လူမျိုးတွေအတွက် ရည်ရွယ် ထုတ်လုပ်မှာလဲ 
3. ရန်ပုံ‌ငွေထည့်ဝင်သူထံ ပြန်လည်တုန့်ပြန်မည့် Reward ကို ကြိုတင် စီမံထားရမည်
4. ဘယ်လိုနည်းလမ်းတွေက အကောင်းဆုံးနဲ့ မိမိ လုပ်ငန်းနဲ့ ကိုက်ညီတဲ့ reward ဖြစ်မလဲ 
5. မိမိရဲ့ campaign ကို ဘယ်လို တစ်မူထူးခြားအောင် ဖန်တီးမလဲ ဆိုတာတွေက အောင်မြင်တဲ့ campaignတစ်ခုဖြစ်ဖို့  key point တွေပဲ 

ဒါဆို Donate Type Crowdfunding ကရော ? 
Donate Crowdfunding ကနေနဲ့လည်း လူအများအလှူ‌ငွေထည့်ဝင်မည့် ထိုအဖွဲ့အစည်းက ယုံကြည်ရရဲ့လား ? 
အကူအညီလိုအပ်နေသူတွေအတွက် အမှန်တကယ် အထောက်အကူဖြစ်ရဲ့လား ?... 
ဆိုတဲ့ အချက်အလက်တွေက အင်မတန် အရေးကြီးပါတယ်