စွန့်ဦးတီထွင်လုပ်ငန်းရှင်များအတွက် အကျိုးရှိစေတဲ့ Su See Yar Website (Crowdfunding)

  • ပင်မစာမျက်နှာ /
  • စွန့်ဦးတီထွင်လုပ်ငန်းရှင်များအတွက် အကျိုးရှိစေတဲ့ Su See Yar Website (Crowdfunding)
...

စွန့်ဦးတီထွင်လုပ်ငန်းရှင်များအတွက် အကျိုးရှိစေတဲ့ Su See Yar Website (Crowdfunding)

နိုင်ငံတစ်နိုင်ငံဖွင့်ဖြိုးတိုးတက်ဖို့အတွက် စီးပွားရေးလုပ်ငန်းငယ်လေးတွေ ကလည်းတစ်ထောင့်တစ်နေရာက ပါဝင်နေတယ် ဆိုတာ ငြင်းဆိုလို့လည်းမရနိုင်ပါဘူး။ အနောက်နိုင်ငံတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာဆိုရင် Crowdfunding Platform တွေ ဟာအရေးပါတဲ့ အခန်းကဏ္ဍမှာပါဝင်လာတာကိုတွေ့လာရပါတယ်။ မြန်မာနိုင်ငံမှာလည်း ငွေကြေးထောက်ပံ့ပေးနိုင်မည့်

စွန့်ဦးတီထွင်လုပ်ငန်းရှင်များအတွက် အကျိုးရှိစေတဲ့ Su See Yar Website (Crowdfunding)


နိုင်ငံတစ်နိုင်ငံဖွင့်ဖြိုးတိုးတက်ဖို့အတွက် စီးပွားရေးလုပ်ငန်းငယ်လေးတွေ ကလည်းတစ်ထောင့်တစ်နေရာက ပါဝင်နေတယ် ဆိုတာ ငြင်းဆိုလို့လည်းမရနိုင်ပါဘူး။ အနောက်နိုင်ငံတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာဆိုရင် Crowdfunding Platform တွေ ဟာအရေးပါတဲ့ အခန်းကဏ္ဍမှာပါဝင်လာတာကိုတွေ့လာရပါတယ်။ မြန်မာနိုင်ငံမှာလည်း ငွေကြေးထောက်ပံ့ပေးနိုင်မည့် platform တွေအများကြီးထွန်းကားလာဖို့လိုအပ်ပါတယ်။ အနောက်နိုင်ငံအများစုမှာငွေကြေးပြည့်စုံတဲ့သူတွေက အရည် အချင်းရှိပြီးလုပ်နိုင်စွမ်းရှိတဲ့ တစ်ဦးတစ်ယောက် (သို့မဟုတ်) အဖွဲ့အစည်းတွေရဲ့ လိုအပ်နေတဲ့ငွေကြေးအရင်းအနှီးကို Crowdfunding မှတစ်ဆင့် ကူညီထောက်ပံ့မတည်ပေးလာကြပါတယ်။ ဒါကြောင့် ရင်ဆိုင်နေရတဲ့ ငွေကြေးအခက်အခဲ တွေကို အလွယ်တကူကျော်ဖြတ်နိုင်ပြီး တိုင်းပြည်အတွင်းစီးပွားရေးကိုလည်းပိုမိုကောင်းမွန်စေနိုင်ပါတယ်။


Crowdfunding ဆိုတာကတော့ အရှိန်အဟုန်တိုးတက်နေတဲ့  Online Industry တစ်ခု ဖြစ်ပါတယ်။ အင်တာနက်ပလက်ဖောင်းတစ်ခုခုကို အသုံးပြုပြီး တစ်ဦးတည်း အလုပ်လုပ်တဲ့သူတွေ၊ Startup လုပ်ငန်းတွေ ဒါမှမဟုတ် စွန့်ဦးတီထွင်သူတွေ သူတို့ရဲ့ Project ကိုစတင်ဖို့ ရန်ပုံငွေရှာဖွေတဲ့ နေရာဖြစ်ပါတယ်။

Crowdfunding ကနေတစ်ဆင့် ငွေကြေးပမာဏနည်းနည်းလေးကနေ များပြားလှတဲ့ရင်းနှီးမြှုပ်နှံမှုတွေရလာတဲ့ အထိ အင်တာနက်ကို အသုံးချပြီး ရန်ပုံငွေမြှင့်တင်နိုင်ပါတယ်။

Crowdfunding ဆိုတာကတော့ တစ်ခြားသူတွေဆီကနေ Fund ငွေစုဆောင်းပြီး ရန်ပုံငွေမြှင့်တင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ အထောက်အပံ့ ပေးနေတဲ့ သူတွေဟာ မိတ်ဆွေရဲ့ သူငယ်ချင်းအပေါင်းအသင်းတွေ၊ မိသားစုတွေ၊ Client တွေ၊ ရင်းနှီးငွေထည့်ဝင်သူတွေ ဒါမှမဟုတ် မိတ်ဆွေရဲ့ စိတ်ကူးတွေကို ယုံကြည်သဘောကျတဲ့ သူစိမ်းတွေလည်း ဖြစ်နေနိုင်ပါတယ်။


Crowdfunding ကိုတစ်နည်းအားဖြင့်ပြောရမယ်ဆိုရင် Donation-based, Reward-based နဲ့ Equity-based ဆိုပြီးပုံစံ (၃) မျိုးခွဲခြားထားတာကိုတွေ့ရမှာပါ။ Donation-based Crowdfunding မှာဆိုရင် ရင်းနှီးမြုပ်နှံသူတွေကမည်သည့် ငွေကြေးတစ်စုံတစ်ရာမှ မမျှော်လင့်ထားဘဲကူညီထောက်ပံ့ပေးပါတယ်။ အဲ့ဒါတွေကဘာတွေလဲဆိုရင် ကယ်ဆယ်ရေးနှင့် ရှင်သန်ကူညီရေး၊ ပရဟိတရန်ပုံငွေပွဲတွေ၊ NGO လို Organization တွေအကျိုးအမြတ်မယူတဲ့ လူမှု့ကယ်ဆယ်ရေးတွေကို အဓိကထားထောက်ပံ့ ကူညီကြခြင်းလည်းဖြစ်ပါတယ်။
Reward-based Crowdfunding အမျိုးအစားကတော့ donation-based Crowdfunding အမျိုးအစားလိုပဲ ရင်းနှီးမြုပ်နှံသူတွေက အကျိူးအမြတ်မယူဘဲကူညီထောက်ပံ့ပေးပါတယ်။ ဒါပေမယ့် သင့်လုပ်ငန်းကပြောင်းလဲမှု တစ်စုံ တစ်ရာ၊ ဖန်တီးမှု့တစ်ဆုံတစ်ရာကိုလုပ်နိုင်တယ်ဆိုရင် ထောက်ပံ့ပေးတဲ့သူတွေကိုပြန်လည်ဆုချတဲ့အနေနဲ့ (ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှု) ကိုပြန်လည်ပေးအပ်ပါတယ်။ Equity-based Crowdfunding မှာဆိုရင် donation-based နဲ့ reward-based လိုမဟုတ်ဘဲရင်းနှီးမြှပ်နှံသူတွေဟာ လုပ်ငန်းစီးပွားရေးရဲ့ အစုရှယ်ယာကိုဝယ်လိုက်သလိုပါဘဲဒါကြောင့် မိမိစီးပွားရေးလုပ်ငန်းမှရရှိလာတဲ့ အကျိုးအမြတ်ကိုရှယ်ယာထည့်ဝင်သူတွေကို အမြတ်ဝေစုကိုခွဲဝေပေးရတာတွေရှိလာမှာ ဖြစ်ပါတယ်။


Crowdfunding Website တွေဟာလူသားအားလုံးကို အကျိုးပြုနိုင်ရုံသာမကဘဲမိမိနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း အထောက်အပံ့ဖြစ်စေတဲ့အတွက် နိုင်ငံရဲ့စီးပွားရေးကိုလဲတစ်ဖက်တစ်လမ်းကအကျိုးပြုဖြစ်ထွန်းလာနိုင်ပါတယ်။ လူငယ်တွေ အတွက် သူတို့ရဲ့အိမ်မက်တွေကိုအကောင်အထည်ဖော်တည်ဆောက်နိုင်ဖို့ ငွေကြေးအရင်းအနှီးကို Crowdfunding က Fund ငွေစုဆောင်းပေးနိုင်ပါတယ်။


Su See Yar Website ဆိုတာကတစ်နည်းအားဖြင့်ပြောရရင် ရင်းနှီးမြုပ်နှံသူတွေနဲ့ business တစ်ခုခုအတွက် idea ကောင်းတခုခုရှိတဲ့သူတွေကိုစုစည်းပေးကာတွေ့ဆုံပေးနိုင်သည့် online platform တခုဖြစ်ပါတယ်။ ပရဟိတလုပ်ရတာ ဝါသနာပါပြီးကူညီချင်သူများအတွက်လည်း လွယ်လွယ်ကူကူနဲ့ online ပေါ်မှာလုပ်လို့ရနိုင်မှာပါ။
တစ်ဖက်ကလဲရင်းနှီးမြုပ်နှံချင်တယ် တစ်ဖက်ကလဲ project တစ်ခုဖြစ်မြှောက်ဖို့အတွက် ငွေကြေးအရင်းအနှီးလိုတယ်ဆိုရင် နှစ်ဦးနှစ်ဖက်စလုံးထိထိရောက်ရောက်နဲ့ ငွေကြေးအကုန်အကျသက်သာစွာ စုစည်းပေးနိုင်ပါတယ်။ ဒါ့အပြင် အလှူအတန်း လုပ်ရတာလဲဝါသနာပါတဲ့ သူတယောက်ဆိုရင် ထိထိရောက်ရောက်နဲ့ တစ်ဖက်ကလဲတကယ်အကျိုးရှိစေမယ့် donation မျိုးတွေကို crowdfunding website တွေမှာလုပ်လို့ရမှာပဲဖြစ်ပါတယ်။ သင့်အနေနဲ့ အချိန်ကလည်းမပေးနိုင်ဘူး တကယ်လို အပ်နေသူတွေကိုထိထိရောက်ရောက်နဲ့ ကူညီနိုင်မည့် website အမျိူးအစားလည်းဖြစ်ပါတယ်။

နိုင်ငံတကာမှာတော့ တဟုန်ထိုးတိုးတက်နေပြီဖြစ်ပေမယ့် ခုမြန်မာနိုင်ငံမှာလည်း Su See Yar Website (Crowdfunding) ကိုစတင်အကောင်ထည်ဖော်နေပြီဖြစ်ပါတယ်။

Su See Yar (စုစည်းရာ) Website ကိုမြန်မာနိုင်ငံအတွင်း ၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၃၀) နေ့မှ စတင်မိတ်ဆက်ခဲ့ပြီး မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာနှင့် ဂျပန်ဘာသာသုံးမျိုးနဲ့ လွယ်ကူစွာ အသုံးပြုနိုင်အောင်ပြုလုပ်ထားပါသည်။ မူရင်းကုမ္ဗဏီမှာ AlutoBenli ကုမ္ဗဏီလီမိတက်ဖြစ်တယ်။ Su See Yar Website သည် မြန်မာနိုင်ငံအတွက် ရည်ရွယ်သည့် Crowdfunding platform တစ်ခုဖြစ်ပြီး လူတစ်ဦးချင်း သို့မဟုတ် အဖွဲ့အစည်းရဲ့ စိတ်ကူးဖန်တီးမှု၊ အကြောင်းအရာနှင့် ပရဟိတအသင်းအဖွဲစသည့်အတွက် ရန်ပုံငွေမြှင့်တင်ရန်ရည်ရွယ်လုပ်ဆောင်သည့် platform တစ်ခုဖြစ်ပါတယ်။ လုပ်ငန်းသေးဖြစ်စေ၊ လုပ်ငန်းကြီးဖြစ်စေ၊ သူတပါးကိုကူညီပံ့ပိုးရန် စိတ်ကူးရှိရင် ကူညီနိုင်မှာလည်းဖြစ်ပါတယ်။

သင့်လုပ်ငန်းတွင် လိုအပ်သောအရင်းအနှီးများကို Su See Yar Website မှာ သင့်လုပ်ငန်း၏ လုပ်ဆောင်ချက်များ၊ စီမံကိန်းများကို ဖော်ပြပြီးရှာဖွေနိုင်ရန် Su See Yar Website ကကူညီနိုင်ပါတယ်။
၂၀၁၈ နှောင်းပိုင်း၌ online ရင်းနှီးမှု အခွင့်အလမ်းများ ပိုမိုများပြားလာသည်နှင့်အမျှ online မှတဆင့် ရင်းနှီးမြှုပ်နှံမှု များလည်း တွင်ကျယ်လာခဲ့ပါတယ်။ မည်သည့် ရင်းနှီးမြှုပ်နှံမှုမဆို စွန့်စားမှု များရှိနိုင်မှာဖြစ်ပါတယ်။ စွန့်စားရတာကိုနှစ်သက်တဲ့သူဆိုရင်တော့ ရင်းနှီးငွေမရှိသောသူကို မတည်ရင်းနှီးငွေ ထောက်ပံ့ရင်းနှီးခြင်းဖြင့် နှစ်ဦးနှစ်ဖက် လုံး အကျိုးအမြတ်ရရှိနိုင်မှာလည်းဖြစ်ပါတယ်။ အဲ့ဒီလိုရင်းနှီးမြှုပ်နှံမှုများကို ယခင်က နိုင်ငံခြား website များမှာသာ ရင်းနှီးလုပ်ဆောင်နိုင်ပြီး ယခုအခါမှာတော့ suseeyar.net ဆိုသော crowdfunding platform ပေါ်ပေါက်လာ တာကြောင့် မြန်မာနိုင်ငံမှာလည်း အလွယ်တကူရင်းနှီးမြှုပ်နှံနိုင်ဖို့အတွက် အခွင့်အလမ်းတိုးပွားလာတာလည်းဖြစ်ပါတယ်။


Su See Yar Wbsite စတင်အသုံးပြုသူအနေဖြင့်လည်း Email (သို့မဟုတ်) Facebook Account ဖြင့်လွယ်ကူစွာ ဝင်ရောက်နိုင်ပြီး လှူဒါန်းလိုသော Project အမျိုးအစားများ၊ မတည်ငွေရင်းနှီးမြုပ်နှံလိုသော Project အမျိုးအစားများကို ရွေးချယ်ပြီး ဝင်ရောက်ကူညီအားဖြည့်နိုင်ပြီး Project Fund Goal ပြည့်သည့်အခါတွင် Proposal တင်ထားသူဘက်မှ ပြန်ပေးသော Reward များကိုလဲ ပြန်လည်လက်ခံရရှိမှာလည်းဖြစ်ပါတယ်။
See Yar Website ကို ဝင်ရောက်အသုံးပြုကြည့်ချင်တယ်ဆိုရင်တော့ ဦးစွာ Start Campaign ကို ရွေးချယ်ဝင်ရောက်ရမှာ ဖြစ်ပါတယ်။ Title က လိုအပ်တဲ့အချက်အလက်တွေဖြည့်သွင်းရမှာဖြစ်ပါတယ်။ Description နေရာမှာ မှန်ကန်တိကျစွာဖြည့် စွတ်ရမှာဖြစ်ပါတယ်။ ပြီးရင် Category ကို ရွေးချယ်ရပါမယ်။ မိမိတင်မယ့် Campaign Photo ကို ရွေးချယ်ရမှာဖြစ်ပါတယ်။ ဘယ်အချိန်ကနေ ဘယ်အချိန်ထိ Fund ငွေရှာမည့် Date ကိုဖော်ပြပေးရမှာဖြစ်ပါတယ်။ Funding Goal မှာတော့ မိမိ Project အတွက် လိုအပ်တဲ့ငွေကြေးပမာဏကို ဖော်ပြပေးရမှာဖြစ်ပါတယ်။ Submit လုပ်ပြီးတာနဲ့ သက်ဆိုင်ရာတာဝန်ရှိသူ က ဝင်ရောက်စစ်ဆေးလို့ အချက်အလက်တွေပြည့်စုံမှန်ကန်ပြီဆိုရင်တော့ Su See Yar Website မှာ Fund ငွေရှာဖို့ ခွင့်ပြု ချက်ပေးမှာဖြစ်ပါတယ်။