မင်္ဂလာပါခင်ဗျာ။ ကျွန်တော်တို့ အသင်းနာမည် ကတော့ လက်ခုပ်ကုန်းလူမှုကူညီ ကယ်ဆယ်ရေးအသင်း ဖြစ်ပါတယ်။ အသင်းကို ၂၀၁၉ခုနှစ်စက်တင်ဘာလ ၂ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး အသင်းသား ဦးရေ ၃၀ ကျော်ဖြင့် ဖွဲ့စည်းထားပါသည်။ အသင်းကြီးစတင်ဖွဲ့စည်းကတည်းမှ covid 19 ပထမလှိုင်း၊ဒုတိယလှိုင်းများတွင် အ.ထ.က လက်ခုပ်ကုန်း၌ ဖွင့်ထားသော ကွာရန်တင်း စင်တာတွင် နေ့ရောညပါ အသင်းဘက်မှ လုပ်အားဒါနများပြုလုပ်ခဲ့ကြပါတယ်။
စတင်ဖွဲ့စည်းစဉ်မှ ယခုချိန်အထိ ကျေးရွာတွင်းရှိ နာရေးများအား ကူညီခြင်း၊ကျေးရွာတွင်းနှင့် အနီးအနားရှိ ကျေးရွာများမှ လူနာများအား နေအိမ်များမှ တိုက်နယ်ဆေးရုံသို့ လည်းကောင်း၊ တိုက်နယ်ဆေးရုံမှ ညွှန်ကြားချက်ဖြင့် လွှဲပြောင်း ကုသမှုခံယူရန်လိုအပ်သော လူနာများအား သက်ဆိုင်ရာ ဆေးရုံကြီး(များသောအားဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး) သိူ့ လည်းကောင်း အသင်းပိုင် ambulance ဖြင့် ပို့ဆောင်ကူညီခြင်း၊အောက်စီဂျင် ကူညီခြင်း၊ရန်ဖန်ရန်ခါ ကျေးရွာတွင်း သက်ကြီးရွယ်အိုများ မသန်စွမ်းသူများအား စားနပ်ရိက္ခာ ထောက်ပံကူညီခြင်းများဆောင်ရွက်ပေးလျှက်ရှိပါတယ်။
Covid တတိယလှိုင်းတွင်း မိမိတို့ အသင်းပိုင် အောက်စီဂျင် အိုးများဖြင့် အိမ်တိုင်ယာရောက် လိုက်လံ ကူညီပေးပါသည်။ အောက်ဆီဂျင်ကုန်သွားပါက ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ် သို့သွားရောက်ဖြည့်တင်း ကူညီခြင်း၊ ဒေသတွင်း covid 19 ဝေဒနာရှင်များအား ကွမ်းခြံကုန်းဆေးရုံကြီး၊ ကွမ်းခြံကုန်း အရှေ့ကျောင်းကြီးတိုက် Q စင်တာ ၊ သံလျင်မြို့ သဘာဝတရားရိပ်သာများသို့လည်း ပို့ဆောင်ကူညီပေးခဲ့ပါတယ်။
ယခုလက်ရှိတွင် ကျွန်တော်တို့အသင်းမှာ အောက်စီဂျင် အိုး 40L နှစ်လုံး၊15L နှစ်လုံး၊ 10L တစ်လုံး စုစုပေါင်း ၅ လုံးသာရှိပါတယ်။ အသင်းမှ ကူညီပေးရသော ရွာများမှာ လက်ခုပ်ကုန်းရွာအပါအဝင် (၇)ရွာခန့်ရှိပါတယ်။ ကူညီပေးရတဲ့ရွာအရေအတွက်နဲ့ အသင်းမှာရှိတဲ့ အောက်ဆီဂျင်အိုး လုံလောက်မှုမရှိခြင်း၊ အောက်ဆီဂျင်အိုးအရေအတွက်နည်းနည်းပဲရှိလို့ မကြာခဏ ဖြည့်တင်း ရ၍ လူနာများအတွက် များစွာ အခက်အခဲ ဖြစ်ခြင်း၊ မိမိတို့ဒေသသည် ရန်ကုန် နှင့် မိုင် ၈၀၊ကွမ်းခြံကုန်းနှင့် မိုင် ၃၀ ဝေးကွာ၍ အချိန်နှောင့်နှေးခြင်းများကြောင့် လူနာများ အတွက် များစွာ ခက်ခဲနေပါသည်။ အောက်စီဂျင်ဝယ်ဖို့အတွက် တန်ဖိုးတွေက အောက်ဆီဂျင်အိုး 40Lတအိုးဈေးနှုန်းပျမ်းမျှ ၃သိန်းခွဲကျော်၊ ၁၅Lတအိုးဈေးနှုန်းပျမ်းမျှ၁သိန်း၆သောင်းကျော်နဲ့၁၀Lတအိုးပျမ်းမျှ၁သိန်းကျော်လောက်ရှိပါတယ်။ ထို့ကြောင့် အသင်းတွင်လိုအပ်လျှက်ရှိသော အောက်စီဂျင် အိုးများထပ်မံ ဝယ်ယူနိုင်ရန်၊ လိုအပ်နေသောလူနာတွေအတွက် အောက်ဆီဂျင်အိုးများများပံ့ပိုးကူညီပေးနိုင်ရန်အတွက် ရည်ရွယ်ပြီး အလှူရှင်တွေဆီက အခုလို အလှူခံ၊ အကူအညီတောင်းခံရခြင်း ဖြစ်ပါတယ်ခင်ဗျာ။
ကျွန်တော်တို့အသင်းရဲ့ Facebook Page ကတော့ https://www.facebook.com/profile.php?id=100071638483307 ဖြစ်ပါတယ်။
ကျွန်တော်တို့အသင်းရဲ့လှုပ်ရှားဆောင်ရွက်မှုအခြေအနေနဲ့ပက်သက်ပြီး မေးမြန်းစုံစမ်းဖို့အတွက် ဆက်သွယ်နိုင်ပါတယ်။ အလှူငွေဝိုင်းဝန်း ကောက်ခံပေးနေတဲ့ စုစည်းရာကနေတစ်ဆင့် အသင်းမှ လိုအပ်လျှက်ရှိသော အောက်စီဂျင် အိုးထပ်မံ ဝယ်ယူရန်အတွက် တတ်နိုင်သလောက် ထည့်ဝင်ကူညီပေးကြဖို့ မေတ္တာရပ်ခံ အပ်ပါတယ် ခင်ဗျာ။ အလှူရှင်များအားလုံး ဘေးခပ်သိမ်း၊ ရန်ခပ်သိမ်း အန္တရာယ်ခပ်သိမ်း ကင်းရှင်းကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။
-
Donars Part 1
10K MMK
from the Donar @ name - Ma Yin Yin Cho
-
Donars Part 1
20K MMK
from the Donar @ name - Ma Nyein Nyein Thu
-
圭介 大島
1L MMK
There is no comment found.