ကျွန်မအမျိုးသားဖြစ်သူ လူနာ ကိုတင်ဇော်ဇော်အတွက် အကူအညီလေးတောင်းချင်လို့ပါ။ ကျွန်မနာမည်က မနီနီအောင်ပါ။ အောင်ဆန်းစဉ့်ငူရပ်ကွက် မှာနေပါတယ်။ သမီးလေးတစ်ယောက်ရှိပါတယ်။ အရင်က ထီ ရောင်းချပါတယ်။ မနှစ်က ၈ လပိုင်း ၂၅ ရက်နေ့မှာ ထီရောင်းပြီး အိမ်အပြန်တဲ့လမ်းမှာ ကားလမ်းအကူး အင်းစိန် အောင်ဆန်းကားလမ်းမှာ ကားတိုက်ခံရတာပါ။ ကားတိုက်ပြီး ကားသမားကတော့ ထွက်ပြေးသွားတာ ဖမ်းမမိတဲ့ အတွက် ကုသဖို့လျော်ကြေးလဲ မရခဲ့ပါဘူး။ တစ်ကိုယ်လုံးနီးပါးဒဏ်ရာတွေများလို့ ကျိုးသွားတဲ့ ခြေထောက်ကို စတီးရိုး အစားထည့်ရတာတွေနဲ့ ရှိသမျှအကုန်ရောင်းချကုသခဲ့ပါတယ်။ လူနာရဲ့ ဝမ်းဗိုက်ကလည်း ဝမ်းလမ်းကြောင်း လွှဲထားရတာပါ။ ကားတိုက်ခံရတုန်းက စအိုအိမ်ကွဲသွားလို့ ဝမ်းသွားဖို့အတွက် အပေါက်ဖောက် ထားရတာပါ။ ဆေးရုံမှာတင် ၃ လကျော် တက်ခဲ့ရအပြင် ပြန်ဆင်းလာပြီး ၁ လကျော်မှာပဲ ခြေထောက်ထဲ ထည့်ထားတဲ့ စတီးရိုးက ပိုးဝင်လို့ပြန်ထုတ်ဖို့အတွက် ဆေးရုံပြန်တက်နေတုန်း ၂ ရက်ပဲရှိပါသေးတယ် နိုင်ငံရေး အခြေအနေတွေကြောင့် ဆေးရုံပိတ်လို့ ပြန်ဆင်းခဲ့ရပါတယ်။
ပိုးဝင်နေတာကို ကုလို့မပြီးသေးတဲ့အခြေအနေမှာ ဆေးရုံဆင်းခဲ့ရတဲ့အတွက် ကျိုးတဲ့အရိုးက အသားကအပြင်ကို ဖောက်ထွက်ပြီး အထဲကအနာပြည်ပုတ်ကြောင့်လားမသိ အနံ့အရမ်းနံတဲ့အပြင် ဘေးကအသားကလဲ တစ်ဖြည်းဖြည်းရိပြဲလာတာပါ။ လူနာကလည်း ဒီဒဏ်ရာတွေကြောင့် ဝေဒနာတော်တော်ခံစားနေရပါတယ်။ စအိုအိမ်ကွဲသွားတာကလဲ အခုထိမကုသနိုင်သေးပါဘူး။ ဒီအတိုင်း အိမ်မှာပဲ ရသလောက် အင်အားလေးနဲ့ ဆေးဝယ် ဒဏ်ရာကိုဆေးထည့်ပြီး ဝေဒနာကို ကြိတ်မှိတ်ခံစားနေခဲ့ရတာပါ။
အခုမှဆေးရုံတွေပြန်ဖွင့်လို့ အင်းစိန်ဆေးရုံသွားပြတော့ ဆရာဝန်က လူနာရဲ့အရိုးဒဏ်ရာက ကြာသွားလို့ မကောင်းတော့ဘဲ ဖြတ်ပစ်လိုက်ရဖို့များတယ် ဆေးရုံတက်ပါလို့ ပြောပါတယ်။ အခုတော့ အင်းစိတ်ဆေးရုံမှာ ဆေးရုံတက်နေပါတယ်။ ဒဏ်ရာဆိုးဝါးနေတာကြောင့် မဖြစ်မနေ ဆေးရုံတက်ရတဲ့ အခြေအနေဖြစ်ပေမယ့် ဆေးရုံစရိတ် ဆေးကုသစရိတ်ပေးဖို့ လက်ထဲပိုက်ဆံ ငွေပိုငွေလျှံလုံးဝမရှိပါဘူး။ ကားတိုက်မှုဖြစ်ဖြစ်ပြီးချင်း ကုသခဲ့ရတာနဲ့ ရှိတာလေးတွေအကုန် ကုန်နေပါပြီ။
နိုင်ငံရေးအခြေအနေတွေ မကောင်းတော့ကတည်းက ကျွန်မလဲ အလုပ်မရှိတော့ပါဘူး။ အရင်ကအမျိုးသားနဲ့ အတူတူထီရောင်းတာပါ။ ဆေးရုံတက်ရပြန်တော့လည်း လူနာစောင့်ပေးရတာမို့ အလုပ်မလုပ်ခဲ့ရပါဘူး။ နောက်ပိုင်းအလုပ်ကမလုပ်ရ တစ်ခြားအလုပ်တွေလဲ ရှာကြံလုပ်ကြည့်ပေမယ့် အဆင်မပြေပါဘူး။ လူနာရော မိသားစုစားဖို့တောင် အနည်းရုန်းကန် မရှိရှိတာလေး ရှာကြံလုပ်ပြီး ရှာဖွေစားသောက်နေရတာပါ။ ခြေထောက်ဆေးထည့်ဖို့ ဆေးဝယ်ဖို့ရော ဆေးရုံတက်ကုသဖို့ ဆေးဖိုးဝါးခအတွက် ဝင်ငွေကမရှိ စားဖို့တောင် အနိုင်နိုင်ဖြစ်နေတာကြောင့် ငွေပိုငွေလျှံလုံးဝမရှိနဲ့ တကယ်ကို အဆင်မပြေဒုက္ခရောက်နေတာပါ။
လူနာရဲ့ ခြေထောက်အမြန်ပြန်ကောင်းအောင် ကုသပေးဖို့အတွက် ကူညီပေးမယ့်သူကလည်း များများစားစားမရှိ အခုတက်နေတဲ့ ဆေးရုံစရိတ်ကလည်း အဆင်မပြေဒုက္ခရောက်နေလို့ အကူအညီလေးရလိုရငြား စုစည်းရာ ကတစ်ဆင့် ဆက်သွယ်ပြီး အခုလို အကူအညီတောင်း အလှူခံရတာပါရှင်။
လူနာရဲ့ရောဂါကို အမြန်ဆုံးကုသနိုင်မှပဲ လူနာလည်း နာလံပြန်ထူပြီး ကျွန်မတို့သမီးလေးရဲ့ ရှေ့ရေးအတွက် အလုပ်တွေ ပြန်လုပ်ဖို့ ကြိုးစားရဦးမှာပါ။ ဒါကြောင့် ခုလိုမတတ်နိုင်လွန်းတဲ့အခြေအနေမို့ အားနာနာနဲ့ပဲ အကူအညီတောင်းခံနေရတာပါ။
လူနာရဲ့ ဆေးရုံမှတ်တမ်းတွေကိုလည်း ပြထားပါတယ်ရှင်။ ဆေးရုံမှာ လူကိုယ်တိုင်လာကြည့်ပြီး လှူချင်တယ် ဆိုရင်လည်း ရပါတယ်ရှင်။ လူနာရှင် ကျွန်မရဲ့ ဖုန်းနံပါတ်ကတော့ 09 972 707 327 ပါ။ ကျွန်မတို့ကို အလှူငွေဝိုင်းဝန်းကောက်ခံပေးတဲ့ စုစည်းရာ မှတစ်ဆင့်လည်း ကျေးဇူးပြုပြီး ကူညီပေးကြပါလို့ မေတ္တာရပ်ခံ အပ်ပါတယ်ရှင်။
-
Donars Part 1
5K MMK
from the Donar @ name Ko Htay Kyaw MW
-
Donars Part 1
20K MMK
from the Donar @ name Ma Nyein Nyein Thu
-
Kei Tamura
30K MMK
-
Donars Part 1
5K MMK
from the Donar @ name Ko Htay Kyaw MW
-
Donars Part 1
30K MMK
from the Donar @ name Ma Padonmar Kyaw
There is no comment found.