ကျွန်တော့် နာမည်က မောင်ဆန်းမင်းသော်ပါ ခင်ဗျာ။ အသက်ကတော့ ၂၆နှစ်ရှိပါပြီ။ ပညာအရည်ချင်း ကတော့ မြန်မာစာနဲ့ ကျောင်းပြီးထားပါတယ်။ ကျွန်တော် လက်ရှိနေနေတာကတော့ သရက်တောရွာ၊ ပွင့်ဖြူမြို့နယ်၊ မကွေးတိုင်းမှာပါ ခင်ဗျာ။ ကျွန်တော့်ကျောက်ကပ် ပျက်စီးနေတဲ့အတွက် ဆေးကုသဖို့ ငွေကြေးအခက်ခဲ ဖြစ်နေလို့ အလှူခံပါရစေခင်ဗျာ။ ကျွန်တော်ငယ်ငယ် (၁၀) တန်းနှစ်က သွေးတိုးရောဂါ ဖြစ်ခဲ့ဖူးပါတယ်။ ကျန်တဲ့ရောဂါတော့ ဘာမှမဖြစ်ခဲ့ဘူးပါ။ (၀၄/၀၂/၂၀၂၁) ရက်နေ့ညမှာ လေဖြတ်သလို ဖြစ်သွားလို့ မင်းဘူးမြို့ဆေးရုံမှာ တက်ရောက်ခဲ့ပေမယ့် အသက်အန္တရာယ် မစိုးရိမ်ရလို့ ပြန်ဆင်းခဲ့ရပါတယ်။ အဲ့ဒီနောက် (၀၂.၀၃.၂၀၂၁) မှာ မျက်နှာတွေရောင်လာလို့ မကွေးမြို့ ကောင်းမွန်ဆေးရုံမှာ သွားရောက် ပြသခဲ့ရာမှ ကျောက်ကပ်ပျက်နေပြီဆိုတာ သိခဲ့ရပါတယ်။
ကျောက်ကပ်နှစ်ဖက်လုံးမှာ ၈% ပဲ ကောင်းတယ်လို့ သိခဲ့ရပါတယ်။ ဒါကြောင့် မကွေးတိုင်းဆေးရုံရှိ ကျောက်ကပ်သမားတော်ကြီးနဲ့ ပြောင်းပြီး ကုသခဲ့ရပါတယ်။ ကျွန်တော့်ကျောက်ကပ်က ဆေးမှ အသက်ရှည်ရှည် နေနိုင်တော့မှာဖြစ်ပါတယ်။ လဲနိုင်ရင်တော့ အကောင်းဆုံးပေါ့ မဆေးရင်တော့ စိတ်မချရဘူးလို့ ဆရာဝန်ကြီးကပြောတော့ ချို့တဲ့လွန်းတဲ့ မိဘတွေကိုသနားတဲ့အတွက် မဆေးတော့ဘူး လို့ ကျွန်တော်ဆုံးဖြတ်ခဲ့ပါတယ်။ ကျောက်ကပ်ကလည်း တပတ်ကို (၃) ကြိမ်ဆေးဖို့ ဆရာဝန်က ညွှန်ကြားထားပါတယ်။ ဒါပေမယ့်လဲ ကျောက်ကပ်ဆေးဖို့ ကျောက်ကပ်လဲဖို့ဆိုတာ နေပါအုံး အခုကျွန်တော် ဆေးထိုး/ဆေးသောက် လုပ်နေရတဲ့ ဆေးဖိုးစရိတ်ကိုက တစ်လကို (၄သိန်း နဲ့ ၅သိန်း) ကြားမှာရှိနေတော့ ကျောက်ကပ်ဆေးဖို့ရာ စိတ်တောင် မကူးနိုင်ခဲ့ပါဘူး။
ဒီလိုနဲ့ ဆေးထိုးဆေးသောက်ပဲ လုပ်နေရင်း (၀၁/၀၆/၂၀၂၁) ကစပြီး ဆီးမသွားတော့ပါဘူး။ ဆီးဆေးတွေ ထိုးလည်း ဆီးမသွားနိုင်ဘူး ဖြစ်နေပါတယ်။ အဲ့ဒီအချိန်မှာ အရမ်းပင်ပမ်းခဲ့ရပါတယ်။ အဲ့ဒါနဲ့ လုံးဝမသက်သာလို့ နောက်ဆုံး နေပြည်တော်ကုတင် (၁၀၀၀) ဆေးရုံမှာတက်ရောက် ကုသခဲ့ ရပါတယ်။ ဆရာဝန်ကြီးတွေကတော့ ကျွန်တော့်အသက်ကငယ်သေးလို့ ကျောက်ကပ်ဆေးဖို့ကို တိုက်တွန်း ခဲ့ပါတယ်။ အကယ်၍ ကျောက်ကပ်မဆေးရင်တော့ (၁) လ၊ (၂) လ ပဲတဲ့ ကိုဗစ်တွေကလဲ အရမ်း ဖြစ်နေလို့ ဆေးရုံဆင်းပြီး ပြန်ခဲ့ရပါတယ်။ ကျွန်တော် ဆီးထွက်နည်းပြီး တစ်ကိုယ်လုံးဖောရောင် တင်းကားနေတာကလွဲရင် ခုထိတော့ကျွန်တော် အသက်ရှင် နေပါသေးတယ်။ အခုလိုအားလုံး ခက်ခဲနေကြတဲ့ ခေတ်ကြီးမှာ အလှူခံရမှာ အားနာမိပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်အလှူခံမှ ရတော့မယ့်အခြေနေမို့ပါ ကျွန်တော့်မိဘတွေလည်း အရမ်းပမ်းနေကြပါပြီ။
ခုချိန်ထိ ကျွန်တော့်ကို အသက်ရှင်ခွင့် ပေးထားတဲ့ ကျွန်တော့်ကံတရားရယ် ချို့တဲ့နေတဲ့ကြားက မျက်နှာတစ်ချက် မညှိုးဘဲ ခုချိန်ထိဆေးကုပေးနေတဲ့ အဖေနဲ့အမေရယ် အပေါ့အလေးကအစ မရွံမရှာလုပ်ပေးတဲ့ အကိုအမနဲ့ ညီလေးတွေရယ် စိတ်ခွန်အားတွေပေးတဲ့ သူငယ်ချင်းတွေ၊ အဒေါ်တွေ၊ အစ်မတွေရယ် ကျေးဇူးအရမ်းတင်ပါတယ်။ အထူးသဖြင့် ကျွန်တော်မသက်သာတဲ့ အချိန်တိုင်း (ညဥ့်နက်သန်းခေါင်) ခေါ်လည်းမညည်းမညူ အနီးကပ်စောင့်ရှောက် ကုသပေးနေတဲ့ ရွာကဆရာ (ဒေါက်တာရှိမ်းဝေထက်ကို) ကိုလည်းအရမ်းကျေးဇူးတင်ပါတယ်။ လောကကြီးထဲမှာ ကျွန်တော့်ကို အသက်ဆက်ရှင်ခွင့်ရအောင် အဖက်ဖက်ကကူညီပေး နေကြလို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကျွန်တော် အခုလို အသည်းအသန်အလှူခံနေရခြင်းကတော့ (၈) လပိုင်းထဲ ရန်ကုန်မှာ ဆေးကုသမှုခံယူဖို့ စီစဥ် ထားတဲ့အတွက်ကြောင့် ဖြစ်ပါတယ်ခင်ဗျာ။
ကျွန်တော့် ဖုန်းနံပါတ် 09794392436/09891925934 ကို ဆက်သွယ်ပြီးတော့လဲ ရောဂါအခြေနေကို မေးမြန်းလို့ ရပါတယ်။ ကျွန်တော့်ကို အလှူငွေဝိုင်းဝန်းပြီး ကောက်ခံပေးနေတဲ့ စုစည်းရာမှတဆင့် ဆေးကုသစရိတ်များ ထည့်ဝင် ကူညီပေးကြဖို့ မေတ္တာရပ်ခံ အပ်ပါတယ် ခင်ဗျာ။ အလှူရှင်များအားလုံး ဘေးခပ်သိမ်း၊ ရန်ခပ်သိမ်း၊ အန္တရာယ်ခပ်သိမ်း ကင်းရှင်းကြပါစေခင်ဗျာ။ အားလုံးကို ကျေးဇူးတင် ပါတယ်ခင်ဗျာ။ “အာရောဂျံ၊ ပရာမံလာဘံ” ဆိုသလို ကျန်းမာခြင်းဆိုတာက လာဘ်ကြီးတစ်ပါး ဖြစ်တဲ့အတွက် မိမိကိုယ်ကို မိမိဂရုစိုက် ကာကွယ်နေထိုင်ကြပါခင်ဗျာ။
KBZ Pay Account / 09251926616 (KANKI TAKAHIRO)
Wave Money Account / 09251926616 (Aluto Benli)
Target Fund
1,000,000 MMK
-
Aÿe Thū
10K MMK
-
Nyein Nyein Thu
20K MMK
-
圭介 大島
30K MMK
-
Donars Part 1
20K MMK
From Ma Padonmar Kyaw
-
Donars Part 1
5K MMK
From Ma Padonmar Kyaw
-
Donars Part 1
10K MMK
From Ma Yin Yin Cho
-
Donars Part 1
10K MMK
From Ko Zaw Thet
-
senbei
20K MMK
-
Donars Part 1
10K MMK
From Daw Zar Chi Nandar Kyaw
-
Donars Part 1
10K MMK
From U Gi Thar Yam
-
Donars Part 1
30K MMK
From Daw Ni Ni Aung
-
May Zaw Win
5K MMK
-
Daw Htet
10K MMK
-
Donars Part 1
1L MMK
From Daw Soe Soe Win
-
Donars Part 1
1L MMK
From Daw Thu Zar
-
Donars Part 1
1L MMK
"Ko Thet Aung+Ma Win Win Htay = S$30 Ko Aung Kyaw+Ma Nang Me Me Thant = S$30 Ma Maw Maw Htwe = S$30 Ma Pa Pa Win = S$11"
-
Donars Part 1
50K MMK
"Ko Thet Aung+Ma Win Win Htay Ko Aung Kyaw+Ma Nang Me Me Thant Ma Maw Maw Htwe Ma Pa Pa Win
-
Donars Part 1
50K MMK
Daw San San Wai Ko Ar Kar Myo Thein Ma Khin Yadanar Mom Unknow Unknow Unknow Otto (Facebook Name) Unknow Unknow မိုးသားညိုညို(Facebook Name)
-
Donars Part 1
5K MMK
From May Tharaphi Kyaw
-
Donars Part 1
1L MMK
From Daw Phyu Phyu Aung, Daw Lu Lu Aung, Daw Mary, Daw Thu Zar Win Han, Daw Khaing Phyo
-
Donars Part 1
50K MMK
From - Daw Nan San Shwe, Ma Khaing Khaing Zaw, Ko Than Naing
-
Donars Part 1
20K MMK
From U Zayar Myo Min, Ma Myo Thu Aung
-
Donars Part 1
10K MMK
From Ma Thin Thin Aye
-
Donars Part 1
10K MMK
-
Donars Part 1
5K MMK
There is no comment found.